D Day ကို NUG အစိုးရမှ ကြေညာချက်ထွက်ပေါ်လာပြီးနောက် မြို့တိုင်းနယ်တိုင်းမှာစစ်ဆေးရေးဂိတ်အပြည့် လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးယူနေတာတွေ့ရပါတယ်။ မြို့အဝင်ဂိတ်တွေပိုတိုးချဲ့ထားပြီး မြို့တွင်း စစ်ဆေးရေးဂိတ်များလည်း တပ်ချထားတာတွေတွေ့မြင်နေရပါပြီ။ လာသမျှ ကားတွေ ဆိုင်ကယ်တွေကို စစ်ဆေးပြီး မသင်ကာစရာတွေပါက ချက်ချင်းဖမ်းတာတွေလည်းတွေ့ရပြီး စစ်သားနဲ့ ရဲ ၂၄ နာရီစလုံး လုံခြုံရေးသတိဖြင့် စိတ်လှုပ်ရှားနေတာလည်းတွေ့ရပါတယ်။ မနေ့ည ၁၀ နာရီလောက် ကျွန်တော်တို့လမ်းမှာ အားလုံးပိတ်နေပြီး ကျွန်တော်ဆိုင်တစ်ခုပဲ တံခါးဖွင့်ထားတာပါ။ သူငယ်ချင်းတစ်ယောက်နဲ့ ဘီယာသောက်ရင်း ဆိုင်ရှေ့လမ်းဘေးမှာ ထိုင်နေပါတယ်။ အဲအချိန် ရဲကားနှစ်စီး၊ စစ်ကားတစ်စီးဖြင့် ဖျက်သွားတယ်။ ရှေ့မှရဲကား ကျွန်တော်တို့နှစ်ယောက်ကို သေချာတောင်မကြည့်ရဲဘူး။ သူတို့ကိုဘာများလုပ်မလဲဆိုတဲ့ အတွေးစိတ်ကို မြင်လိုက်ရပါတယ်။ နောက်မှ စစ်ကားကတော့ ကျွန်တော်တို့ကို သေချာကြည့်သွားပါတယ်။ လက်နက်ကတော့ အသင့်အနေအထားနဲ့ပါ။ အုပ်ချုပ်သူတွေရဲ့ အမိန့်ကြောင့် ဘယ်နေ့ အပစ်ခံပြီး သေမလဲဆိုတာ သူတို့ အတွေးထဲအမြဲဝင်နေတယ်လို့ပဲ မြင်မိပါသည်။ ပြည်သူကို ကောင်းကျိုးမပေးတဲ့ လူ့အဖွဲ့အစည်းကို အလုပ်ကျွေးပြုနေတော့ နိုင်ငံဝန်ထမ်းဆိုတာထက် စစ်ချုပ်သူတွေရဲ့ ခိုင်းဘက်ဖြစ်နေတာပါ။ သိသိနဲ့ ခံနေကြတော့လည်း ခံကြပါတော့။