steemit ကြီးပျက်နေတော့ တော်တော်ပျင်းစရာကောင်းသွားတယ်။ ဂိမ်းလည်းမဆော့ရ ဒါနဲ့ အိန္ဒိယဇာတ်ကားတွေပဲထိုင်ကြည့်နေတော့တယ်။ ကြည့်မိတဲ့ ဇာတ်ကားထဲက မှတ်သားစရာ စာသားလေးက "ပိုက်ဆံနောက်မလိုက်ပါနဲ့ အောင်မြင်အောင်လုပ်ပါ၊ အောင်မြင်လာရင် ပိုက်ဆံက ကိုယ့်နောက် လိုက်လာလိမ့်မယ်"ဆိုတဲ့ ခုခေတ်မှာ အနာဂတ်ဖြစ်နေတဲ့ AI ဖန်တီးရှင် ပြောလိုက်တဲ့စကားလေးပါ။ နောက်ထပ်ကတော့ နိုင်ငံရေးဇာတ်ကားဖြစ်တဲ့ထဲက သင်ခန်းစာလေးတစ်ခုပေါ့။ အဖေဖြစ်သူဟာ သူ့ရဲ့ ဒုတိယသားကို ကျောင်းသွားအပ်တဲ့အချိန် ဆရာကို ကျွန်တော်သားကို ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် သင်ပေးပါတဲ့ ဒီလိုပြောလိုက်တော့ ဆရာက ကျွန်တော်ကို ပြောကြတဲ့မိဖတွေထဲမှာ အင်ဂျင်နီယာတွေ၊ ဆရာဝန်တွေဖြစ်ဖို့ပဲပြောခဲ့ကြတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လို့ပြောတာ ဒါပထမဦးဆုံးကြားဖူးတာပဲတဲ့။ ဒီလိုနဲ့ အဖေလုပ်သူက ဆရာကို အင်ဂျင်နီယာဆိုတာ လူအများကြီးကို အကူအညီမပေးနိုင်သေးသလို ဆရာဝန်တွေလည်း အများကြီးကို အကူအညီမပေးနိုင်သေးပါဘူး။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ရင် အစစအရာရာ ကူညီပေးနိုင်တယ်တဲ့ ကျွန်တော်သား အသက်ငယ်ငယ်နဲ့သေသွားပါစေ သူ့နာမည် လူတွေရဲ့ နှလုံးသားထဲမှာ ကျန်နေမှာပါ ဆိုပြီးပြောလိုက်ပါတော့တယ်။ ဒီလိုဇာတ်ကားမျိုးတွေကြည့်လိုက်ရမှ တော်တော် ပညာတွေရလိုက်ပါတော့တယ်။