999 diceဆိုဒ်အား ဆောင်ရန်ရှောင်ရန်နှင့် အတွေးအမြင်များ (my opinion on 999 dice)
999 diceအား အနိုင်ရဖို့မလွယ်လှဘူးဟု ပြောဆိုကြပါသည်။
ရှုံးတယ်ဆိုသည်မှာလည်း မိမိအားနည်းချက် တခုခုကြောင့်ဟု ယူဆပါသည်။ မိမိ၏ လိုအပ်ချက်များမှာ
(၁) ကောင်းမွန်သည့်skill
်(၂)မိမိစိတ်ကို ပိုင်းဖြတ်ထိန်းခူပ်နိုင်မှု
(၃)Concentration အားကောင်းမှု
ကျနော်ကစားသည့်အခါဝယ် 999 dice၏scriptအား ဝတ္ထုစာအုပ်ဖတ်သလို ရေရွတ်နေရပါသည်။ထိုသို့ရေရွတ်နေနိုင်လျှင် လုံးဝနိုင်ပါသည်။ အာရုံမစုစည်းနိုင်ပဲ ဇွတ်ပေကစားသည့် အခါ များလည်း ရှိပေသည်။ကစားသည့်အချိန် ကြာလာရင်လည်း ပင်ပန်းပြီး confused ဖြစ်တတ်ပါသည်။ အွန်လိုင်းမှာ တခြားသော ငွေရှာဆိုဒ်များ လေ့လာစမ်းသပ်ခြင်း လေ့ကျင့် စူးစမ်းခြင်းများလည်းရှိပါသေးသည်။ထိုအခါများ၌ ရှုံးပါသည်။ ထို့ကြောင့် အတွေ့ကြုံများလာသည့်နောက်မှာ အမြဲတမ်း နေ့တိုင်း ကစားလေ့မရှိပါဘူး။မိမိမှာ perfect ဖြစ်နေသည့်အချိန် သို့မဟုတ်
စိတ်ပါသည့် အချိန်များ၌သာ ကစားလေ့ရှိပါသည်။
်(၄) တခါတရံမိမိစိတ်ကူးဥာဏ်သုံးရပါသည်။
999 diceသည် အလှူပေးနေခြင်းမဟုတ်သည့် အတွက် ပုံသေကြီးတော့လာမည်မဟုတ်ပေ။မိမိဖြစ်စေချင်သလိုတော့ ဖြစ်မလာနိုင်ပေ။
(၅) စိတ်မလောပဲ အပိုင်တင်ထိုးမည့်အပင်ကိုစိတ်ရှည်ရှည်နှင့် အခွင့်ရေးကိုစောင့်ဆိုင်းရှာဖွေတတ်ဖို့ လိုပါသည်။
(၆) တခါတရံမှာ ကိုယ်သတိတချက်လွတ်သည့်အမှားကြောင့် (စွန့်စားရမှုရှိပါသည်)စိတ်ငြိမ်ပြီး စိတ်မကြီးရ။
999dice ဆိုဒ်သည် မှော်ပညာဖြင့်ဖန်းတီးထားသည့်ပုံနှယ် မည်ရွှေ့မည်မျှရလျှင် နားပါမည်ဟု ပိုင်းဖြတ်ထားပါသော်ငြားလည်း ကစားသည့်အခါဝယ်
ပိုင်းဖြတ်ထားသည့်အတိုင်း ကစားခဲ့ပါသည်။သို့ပါသော်ငြားလည်းဆက်ကစားလျှင် ပြန်ပါတော့မည်ဆိုတာသိပါသော်လည်း လောဘ မသတ်နိုင် အာရုံမဖြတ်နိုင်၍ ကိုယ့်အိတ်ထဲကပါ ပါသွားတတ်ပါသည်။များများရင်းလျှင် မြန်မြန်မွဲတတ်ပါသည်။အရင်တချိန်ကဆိုရင် အစမှာနိုင်အောင်ဆော့ဖို့မခက်ပါဘူး.. 999 dice player တွေ နည်းနေသေးသည်ကတကြောင်း ကစားသူများသည်လည်း ရင့်ကျက်သည့်အတွေ့ကြုံကောင်းများ မရှိသေးသည်များကြောင့်လည်းဖြစ်နိုင်ပေသည်။ယခုအချိန်မှာ စကစားသည်နှင့် ချက်ခြင်း ဆော်ပါတော့သည်။
ထို့ကြောင့် သတိပြုပါ formula ဆိုသည်ကိုလည်းပုံသေကြီးမှတ်မထားပဲ ဖြစ်ပေါ်လာသည့်အခြေနေပေါ်၌ ပြောင်းလွှဲ အသုံးချတတ်ဖို့ လိုအပ်လှပါသည်။
မကစားခင်မှာ ထိုးကြေးက ကြိုတင်စဉ်းစားပြီးမှ ကစားတတ်ဖို့လိုပါအပ်ပါသည်။profit မည်မျှရလျှင် နားမည်ဟု Target ထားရှိရပါမည်။လောဘသတ်နည်း လျှော့ချနည်း စိတ်အာရုံ့ ပြောင်းလွဲခြင်းများအား လေ့ကျင့်ရပါမည်။
skillများစွာ ကစားတတ်ရပါမည်။
ထိုကဲ့သို့ဆိုလျှင် ဆုံးရှုံးမှု နည်းပါလိမ့်မည် ။
၃ကြိမ်တိုး ၁ကြိမ်တော့အောင်ပါလိမ့်မည်။999 diceဟာ ထူးပြီးသင်စရာမရှိပေ။ကျွန်နော်စကစားတုန်းက 49.95% -skillတခုတည်းကို နှစ်ပတ်လည်ကစားခဲ့ပါသည်။
999dice နဲ့ပတ်သတ်ပြီး ဤကဲ့သို့
mine-set နှင့်စပ်လျင်းပြီး post, commentဖတ်စရာရှိခဲ့ပေ။
ကျနော် ဆိုလိုချင်သည်က အတွေ့ကြုံများများရှိဖို့ကို ဆိုလိုပါသည်။ကိုယ်တိုင်ရှာဖွေတတ်ဖို့ကိုပါ။
(ဤဆောင်းပါးသည် 999 dice အား ကစားဖို့ တိုက်တွန်းသည့်ပို့စ်မဟုတ်ပါ။
ဗဟုသုတ ရစေခြင်းအလို့ငှါ မျှဝေခြင်းဖြစ်ပေသည်။ )
ဤအတွေးအမြင်များသည် ဘဝနှင့်ရင်းပြီးမှ ရရှိခဲ့သည့် အတွေးအမြင်များဖြစ်ပေသည်။
ထို့ကြောင့် မိတ်ဆွေများ vote များများပေးခြင်းဖြင့် အားပေးကြပါအုန်း။
Received after this life and ideas of possible ideas.
So, my friends by giving them more vote to me.
thu htet