🌾အလုပ်စွဲစေ နေရာမြဲစေ🌾
♒♒ကလေးပေါက်စ အရွယ်တည်းက စာရေးသူ ကျွန်တော်၏ ဖခင် ဆုံးမခဲ့သည့် စကားလေးပါ။ဦးနှောက် ထဲမှာ စွဲစွဲထင်ထင်ဖြစ်နေတဲ့ စကားပဲ ဖြစ်ပါတယ်။
(ငါ့သား အလုပ်တခုတည်းကို ဇောက်ချလုပ်ကွ။ဟိုရောင်ရောင် ဒီရောင်ရောင် မလုပ်နဲ့ ။အလုပ်တခုတည်းကို စွဲစွဲ မြဲမြဲလုပ်။
♒♒တစ်ချိန်မှာ ခေါင်းဆောင်ကောင်း ဖြစ်လိမ့်မည်)ဟု ဖခင်ပြောခဲ့တဲ့ စကားပဲ ဖြစ်ပါတယ်။ဟုတ်ပါတယ်... ဟိုဟာ ကောင်းနိုးနိုး ဒီဟာကောင်းနိုးနိုးနဲ့ မြေစမ်း ခရမ်းပိုးသည့် အဖြစ်မိုးတွေ များလာပြီဆိုရင် ရှေ့ကို မရောက်နိုင် ခရီးမတွင်ပဲ ဖြစ်တတ်ပါသည်။
♒♒နေရာတစ်ခုတည်းမှာ စွဲမြဲစွာ မလုပ်ကိုင်သည့်အတွက် လုပ်ငန်းတခု၏ အတိမ်အနက် ပညာရပ် တရပ်၏ အတိမ် အနက်အားလည်း သိနိုင်မည် မဟုတ်ချေ။အနည်းငယ် အဆင်မပြေတာနဲ့ နောက်ထပ် အလုပ်သစ်တခု ထပ်မံ ပြောင်းရွှေ့ လုပ်ကိုင်နေအုန်းမည် ဆိုလျှင် အလုပ်အသစ် မှာလည်း တစ်ကနေ ပြန်စ နေရပါအုန်းမည်။ဒီဟာလည်း အဆင်မပြေ နောက်ထက် အလုပ်အသစ်လည်းအဆင်မပြေ။
♒ ♒တစ်ကနေ ပြန်စ နေရတာနဲ့ နောက်လိုက် ဘဝက လွတ်ဖို့ရန် အလွန် ဝေးလှပါသည်။
ထိုကြောင့် လုပ်ငန်း ကျွမ်းကျင်မှု မရှိသည့် အတွက် နေရာကောင်းတခု ရဖို့ဆိုသည့် အခွင့်အရေးဟာလည်း အလှမ်းဝေးနေပါအုန်းမည်။တခို့  လက်ရှိ ရနေတဲ့ နေရာကောင်းနဲ့ ထိုက်တန်သည့် ဥာဏ်ရည် ဥာဏ်သွေး မရှိတဲ့ သူများလည်း ရှိပါပေသည်။
♒ ♒သို့ပေမယ့် လက်ရှိ လုပ်နေတဲ့ အလုပ်၏် လုပ်နေ ကိုင်နေကြကိုတော့ ကောင်းကောင်း လုပ်ဆောင်နိုင်ပါသည်။ ထိုသူလုပ်နေကြထက် အနည်းငယ်ပိုလွန်ပြီး လုပ်ငန်းနှင့် စပ်နွယ်ရာကို စဉ်းစား ဆုံးဖြတ် ဥာဏ်သုံးရမယ် ဆိုရင် လွဲမှားစွာ ဆုံးဖြတ် သုံးသပ်တဲ့ အခြေအနေအား တွေ့မြင်ရတတ်ပါသည်။တခို့ လည်း လူကြီးတွေ ချစ်အောင် နေထိုင်တတ်သောကြောင့် နေရာကောင်း၌ နေရသူများလည်း ရှိပေသည်။တခို့  လည်းအနေကြာလာခြင်းအား အခွင့်ကောင်းယူကာ နေရာတခုအား မသမာသည့် နည်းဖြင့် ရယူတတ်သူ များလည်း ရှိပေသည်။ ဂုဏ်ကျက်သရေမဲ့ လှပေသည်။
♒♒ မိမိဘာကို ဝါသနာ ပါလဲ မိမိစရိုက်နှင့် ကိုက်ညီမှု ရှိသည့် အလုပ်။မိမိမှာ ရှိနေသည့်အရည်အချင်းနှင့် သင့်တော်မည့် အလုပ်မိုး တွေ့ပြီဆိုရင် နောက်မဆုတ်တန်း ရေဆုံး ကမ်းဆုံးလုပ်ကိုင်ဆောင်ရွက် သင့်ပေသည်။
နေရာတခု၌ စွဲမြဲစွာ ကောင်းမွန်သည့်အလေ့ အကျင့်များကို ပြုပြင် နေထိုင် လုပ်ကိုင် သွားသင့်ပေသည်။ထိုသို့ နေ့စဉ် ပြုပြင်နေထိုင်သွား မည်ဆိုလျှင် နေရာကောင်းတခုအား မရသည့်တိုင် မိမိရပ်တည် နေရသည့် နေရာ၌ လှပတင့်တယ် ဂုဏ်ကျက်သရေ ရှိနေပါလိမ့်မည်။
ဖတ်သူများအားလုံးအား လေးစားလျှက်
##poto google
writing
23.9.2017