စိတ်၏အခြင်းအရာများ အပိုင်း(၁)
မျက်စိနှစ်လုံး ပွင့်လာသည်နှင့် အမျှ
အာရုံတွေကို လိုက်ပြီး သိနေကြသည်။
ထိုသို့ အာရုံတွေကို သိတတ်သောကြောင့် စိတ်ဟု ခေါ်ပါသည်။
မနက် အိပ်ယာ ထသည်နှင့် တပြိုင်နက် onlineမှာ ငွေရှာသူ နည်းပညာသမားစသူ တို့သည် ဖုန်းကောက်ကိုင်ပြီး fackebook ကြည့်သည်။ကျွန်ုပ်တို့ steem menberများသည်လည် steem websiteကို ကြည့်ရှု့ကြသည်။facebookပေါ်မှ မြင်တွေ့ရသမျှတည်းဟူသော ရှုပါရုံ ၊steem websiteမှ မြင်တွေ့ရသမျှ တည်းဟူသောရှုပါရုံ မျက်စိနှစ်လုံး ပွင့်သည်နှင့် အာရုံတွေကို စတင်ပြီးတော့ တွေ့သိရပါသည်။(ရှုပါရုံဆိုသည်မှာ ရှုပ အာရုံ ဖြစ်ပေသည်။)ရုပ် အာရုံဟု ဆိုပေသည်။
ထို့ကြောင့် အဆင်းအရောင် ဟူသမျှ ရုပ်ဖြစ်ပေသည်။အာရုံ ၆-ပါး ရှိပေသည်။
ထို့ကြောင့် အာရုံ ၆- ပါး ရှိသလို အာရုံကိုသိတတ်သော စိတ်သည်လည်း ၆-ပါး ဖြစ်ပေသည်။အာရုံ ၆ ပါးမှာ-
(၁)အဆင်းအရောင် ဟူသမျှ -ရှုပါရုံ
(၂)အသံဟူသမျှ -သဒ္ဒါရုံ
(၃)အနံ့ဟူသမျှ - ဂန္ဓာရုံ
(၄)အရသာဟူသမျှ - ရသာရုံ
(၅)အတွေ့ဟူသမျှ -ဖောဋ္ဌဗ္ဗာရုံ
(၆)ကွင်းသော သိဖွယ်ဟူသမျှ -ဓမ္မာရုံဟူ၍ဖြစ်သည်။
ရှုပါရုံကို မြင်သော အခါမှာ မြင်သိစိတ်ဖြစ်သည်။
သဒ္ဒါရုံကို ကြားသော အခါမှာ ကြားသိစိတ် ဖြစ်သည်။
ဂန္ဓာရုံကိုနံသော မွှေးသော အခါမှာ
နသိ စိတ် မွှေးသိ စိတ် ဖြစ်သည်။
ရသာရုံကို အရသာ ခံသော အခါ အရသာ သိစိတ် ဖြစ်သည်။
တစုံတခုအား တွေ့ထိ ရသောအခါ တွေ့ထိစိတ် ဖြစ်၏။
အာရုံ၅-ပါး နှင့်တကွ ကြွင်းသော အကြောင်း အရာတွေကို သိသောအခါ ဆိုင်ရာကို သိသော စိတ်များ ဖြစ်ကြလေသည်။
နေ့စဉ် အိပ်ရာမှ နိုးထသည်နှင့် အာရုံတွေကို တွေ့သိရပေသည်။
တွေ့သိရသမျှ အာရုံများသည်
နှစ်သက်သည့် အာရုံ မနှစ်သက်သည့် အာရုံဟု ကွဲပြားနေပြန်သည်။
ရုပ်အဆင်း အာရုံအား မြင်တွေ့ ရသော အခါ၌ မကြိုက်သည့် အာရုံဆိုလျှင် စိတ်ဆိုး ဒေါသဖြစ်ရသည်။(ကျက်သရေတုန်းထှာကွာ ဒီကောင့်ပုံကြီး မြင်တွေ့ရတာ)။
ကြိုက်သည့် အာရုံဆိုလျှင် ဝမ်းသာ ပီတိ ဖြစ်ရပေသည်။(လှလိုက်တာ)။
သဒ္ဒါရုံ အားဖြင့် စောစောဆီးဆီး တရားသံ ပရိတ် ပဋ္ဌာန်းသံလေးများ ကြားလိုက်ရလျှင် စိတ်နှလုံး အေးချမ်း ရပေသည်။ မိမိအရမ်းနှစ်သက်သည့် သီချင်း အသံများ ကြားရလျှင် စိတ်ရွှင်လန်းမှုကို ဖြစ်ရပေသည်။
မိမိ အရမ်းမုန်းသည့် သူ၏ အသံများ ကြားလိုက် ရလျှင် စိတ်ဆိုးဒေါသဖြစ် အကုသိုလ် များရပေသည်။
အနံအားဖြင့်သည်လည်း ထိုနည်းတူ
ကြိုက်သည့်အနံ့အာရုံ မကြိုက်သည့် အနံ့အာရုံ ရှိပေသည်။
သို့အတွက်ကြောင့် ကျွန်ုပ်တို့သည် ဟိုဟာသိ ဒီဟာသိနှင့် အချိန်ရှိသမျှ အာရုံတွေကို သိနေကြသည်။
writing -by
##poto google