ကျနော်နှင့်online marketing လောကသို့ စတင်ဝင်ရောက်လာပုံ
ကျနော်သည် 2014ခုနှစ်မှ စတင်ကာ onlineတွင် ငွေရှာသည့်လုပ်ငန်းကိုစတင်လုပ်ကိုင်ခဲ့ပါသည်။
online မှငွေရှာသည့်လောကကို စတင်ရောက်ရှိလာပုံမှာ 2013ခုနှစ်တွင် ကျနော်သည် နယ်မြို့် သေးသေးလေးတခု၌ နေထိုင်ရပါသည်။ onlineတွင် facebookအသုံပြုးရင်းနှင့် အထူးဆန်းကိုလည်း ဝါသနာပါသည့်အလျှောက် သင်ယူစရာ ပညာတခုခုကို ကျနော်၏ လက်လှမ်းမှီရာတွင် ရှိနေခဲ့လျှင် စူးစမ်း သင်ယူတတ်သော အကျင့်လေးတခုကလည်း ကျနော့်တွင်ရှိနေပြန်သည်။ facebook သုံးရင်းနှင့် မို
ဘိုင်းဖုန်းနည်းပညာကို စိတ်ဝင်စား လာပါတော့သည်။ထိုမှ တဆင့် နည်းပညာမှန်သမျှကို လေ့လာပါတော့သည်။ တွေ့သမျှ phoneနည်းပညာ groupတွေ joinပါတော့သည်။ တွေ့သမျှ Website သုံးစွဲနည်း၊ နည်းပညာgroupများအား လိုက်ပြီး joinပါတော့သည်။apkများကိုလည်း downရ pdfတွေလည်း ဒေါင်းရပါတော့သည်။ ကုန်လိုက်သည့်ုဖုန်းဘီလ်များ။ နည်းလှမည်မထင်ပါ။ နည်းပညာတွေ လေ့လာရင်း ဖြင့် apkတွေဒေါင်း pdfတွေ ဒေါင်းပြီး အသဲအသန်နေ့မအိပ် ညမအိပ် ကလိလာလိုက်သည်မှာ 2013ခုနှစ် တနှစ်လုံးပင်ဖြစ်တော့သည်။ လေ့လာနေချိန်တွင်တော့ ဘီလ် ကုန်တာကိုလည်း ထည့်မတွက်နိုင်ခဲ့ပါ။ အသိပညာ တိုးရန်ကိုသာမျှော်နေခဲ့ပါသည်။ တခုပြီးတခု သိချင်စိတ်အပေါ်မှာသာ ကျနော့်စိတ်သည် စွဲစွဲလမ်းလမ်း ဖြစ်နေ ပါတော့သည်။ 2013 -ကုန်၍ အသိပြန်လည် လာအချိန်ရောက်မှ ကုန်သွားသော ဘီလ်များကို စိတ်မှန်းနဲ့တွက်ကြည့်ရာ (၄)သိန်း ကျော်ခန့် ဖြစ်နေပါတော့သည်။
ထိုအချိန်ခါ၌ မြန်မာနိုင်ငံတွင် internet လိုင်းသည် 3Gစနစ် မရရှိသေးသည့်အချိန်ဖြစ်ပါသည်။ မြန်မာနိုင်ငံ internet လိုင်းမှာ Connection အဝိုင်းလည်သည်ကို ထိုင်ကြည့်နေရတဲ့အချိန်ပါ။ cdma -sim cardကို အသုံးပြုပြီး internet သုံးရပါတော့သည်။ ထိုအချိန်မှာတော့ သူသာ အကောင်းဆုံးပါ။ အချိန်ပြည့်မကောင်းသည့်တွက်ကြောင့် ညည့်နက်ပိုင်းလောက်မှသာလိုင်းက မဆိုးရုံလောက် သုံး၍ဖြစ်ပါသည်။ internet 2G စနစ်ဆိုသည်မှာ apk တစ်ခု ဒေါင်းပြီဆိုလျှင် အချိန်ကြာမြင့်စွာ ထိုင်စောင့်နေရပါသည်။ 7mbရှိတဲ့ apkတစ်ခု ဒေါင်းမည်ဆိုလျှင် minus 20ကျော် minus 30 ခန့် ထိုင်စောင့်ရပါသည်။ တစ်ခါတစ်ရံ 100% ပြည့်ခါနီးမှ လိုင်းကျသွား၍ အစကနေ ပြန်ဒေါင်း ရပါတော့သည်။ ပါးစပ်ဝရောက်မှ ပြုတ်ကျသွားခြင်းပါ။ moveလေးတခုပြီးအောင် ဒေါင်းလိုက်ရလျှင်ကို အလွန် ပျော်ရွှင်ရတဲ့အချိန်ပါ။ ယခုသုံးနေသည့် internet လိုင်းနှင့် လားလားမှ မဆိုင်ပါ ။
ပြင်ပလုပ်ငန်းများ ပျက်ကွက် ခဲ့ရသည်လည်းများရှိခဲ့ပါသည်။ အချိန်နောက်ကျသည့်အတွက် လုပ်ငန်းဖော်များ ၏ ငြူစူခြင်းများကိုလည်း ခံခဲ့ရပါသည်။ မိတ်ဆွေများနှင့်လည်း ထိတွေ့ ဆက်ဆံရသည့်အချိန် နည်းခဲ့ရသည့်အတွက် မိတ်ကောင်း ဆွေကောင်းများ၏ ယုံကြည် အားကိုးမှုများသည်လည်း ဆုံးရှုံးခဲ့ရ ပါသည်။
အားလုံးကို ပြန်လည် ခြုံငြုံသုံးသပ်ကြည့်သောအခါတွင် ကျနော်ပေးလိုက်ရသည့်အချိန၊် ကုန်သွားသည့် ဖုန်းဘီလ် ပျက်သွားသည့် ဖုန်းတစ်လုံး၏တန်ဖိုး စသည်တို့ကိုကို ကျနော်အရမ်းနှမြောပြီး ပြန်လိုချင်လာပါတော့သည်။ 2014 ခုနှစ်ကနေ စတင်ကာ your- freedom vpn apkနှင့် internet free သုံးနည်းလေ့လာပါတော့သည်။ ဤမှတစ်ဆင့် google မှာ ငွေရှာနည်းတွေနည်းတွေ့လိုတွေ့ငြား ရိုက်ရှာပါတော့သည်