လောကမှာလူသားများဟာ ဘဝကို အခက်အခဲ များစွာ ရင်မှာပိုက်ပြီး ဖြေရှင်းရင်းအောင်မြင်မှုရရှိအောင် နည်းလည်းမျိုးစုံဖြင့်ကြိုးစားကြရပါတယ် နည်းလမ်းလမ်းမှန် မလျော့သောဇွဲ လုံ့လ ဝီရိယ ဖြင့်ကြိုးစားပြီး ကံက မပါလည်း ကိုလုပ်သမျှမဖြစ်နိုင်လေ ကံ ကံရဲ့အကျိုးကိုကျွန်တော် က ယုံကြည်တယ်ခင်ဗျ "ကိုပြုတယ့်ကံပဲ့တင်သံကိုယ့်ထံပြန်လာမည်" အဲ့စကားကိုတော့ စိတ်နှလုံးသားထဲ မြဲတံဆိပ်ရိုက်နှိပ်ထားတယ်
လူဆိုလို့ဖြစ်လာရင် နောက်ဆုံး မရဏ လမ်းမှာ အဆုံးသတ်ရမှာ အစဉ်လာဘဲလေ မရဏ လမ်း မရောက်ခင် နည်းလမ်းအဖုံဖုံလမ်းအစုံနဲ့ ကြိုးစားရုံးကန်ရင်း မရဏလမ်းကိုတစ်ရွေ့ရွေ့ သွားကြလေ၏ မြန်မာမှုနယ်ပယ်မှာ ပထမအရွယ် ဒုတိယအရွယ် တတိယအရွယ်သုံးပါးနဲ့ ပိုင်းခြားထားကြတယ် ခင်ဗျ
ပထမအရွယ်မှာ ပညာရှာ ဒုတိယ ရွယ် မှာဥစ္စာရှာ တတိယရွယ်မှာတရားရှာဟု ဆိုလေ့ရှိကြတယ် အမှန်တော့ ပထမအရွယ်ကနေ ဒုတိယရွယ် တတိယရွယ်ထိ ဒါန သီလ ဘာဝနာ ကို တစ်ပါတည်းယူဆောင်လာသင့်တယ် မရဏ လမ်းကို ဘယ်ချိန်သွားရမလည်း မသိနိုင်ကြဘူးခင်ဗျ
ူလူ လောကတွင် လောဘ ဒေါသ မောဟ အရာတို့ဟာ မြဲပမာန ရှိနေကြတယ် သံသရာစက်ဝန်းမှာ လောဘ ဒေါသ မောဟ တွေ့ ကြားမှာ မျှောပါစီးဆင်းမှန်းမသိ စီးဆင်းနေကြတယ် လောဘ ဒေါသ မောဟ အစား မေတ္တာ ဂရုဏာ ဥပေက္ခာ မုဒိတာ ကိုပြောင်းထားနိင်ဖို့ရေးကြီးလှတယ် လောက မှာ အဆိုးအကာင်းဟာ ဒွန်တွဲနေ လေ ၏အဆိုးဘက်တွေးတော့ အဆိုးဖြစ်မှာဘဲ အကောင်းဘက်တွေးမြင်သူတော့ အကောင်းဖြစ်မှာဘဲ ဒါကသဘာဝ ပါဘဲ အသိမျက်စိ ပညာမျက်စိ ရှိဖို့ရေးကြီးတယ်လို့ကျွန်တော်တော့ ယူဆ မိတယ်ခင်ဗျ
လောကမှာ ဘာမဆို ပြီးပြည့်စုံတယ့်လူတစ်ယောက်ဟာ လောဂဓံတရားရိုက်ခတ်မှုတွေ ခံရတယ့်ခါ အလူးလူးအလိမ့်လိမ့်ဖြစ်တက်ကြတယ် တစ်ချို့ ဟာ အောင်မြင်မှု ဒဏ်ကိုမခံနိုင်ကြဘူး အဲ့လိုမဖြစ်ဖို့တွက် ဘုရားတရား မမေ့ဖို့နဲ့ အသိမျက်စိတွေ အကောင်းတရား တွေကို လက်ကိုင်ထားထားရမယ် ခင်ဗျ
ငယ်ရွယ်စဉ်က တည်းက အကောင်းတရား ဒါန သီလ ဘာဝနာ အသိမျက်စိတွေ ပညာမျက်စိ တွေ ကို တစ်ပါတည်း ယူ ဆောင် လာနိုင်မှ လောကဓံ ရိုက်ခတ်ဒဏ် ကို ကြံကြံခံနိုင်မယ် ခင်ဗျ
အမှားပါရင်ထောက်ပြပေးကြပါခင်ဗျ
Steemit ညီအစ်ကိုမောင်နှမများအားလုံးကျေးဇူးတင်ပါတယ်