"ရေစက်"
..............
နီးနီးလေးနေပေမယ့် ..
အမှုမဲ့အမှတ်မဲ့ အမှတ်တရမဖြစ်တဲ့ ရေစက်တွေရှိတတ်သလို...
ဝေးလွန်းနေပေမယ့်.. စူးစူးနစ်နစ်အမှတ်တရဖြစ်တတ်တဲ့ရေစက်တွေလည်းရှိတယ် ..။
နှစ်ပေါင်းများစွာတွေ့လာရပေမယ့် မနေ့ကမှတွေ့ရသလိုမျိုး စိမ်းသက်သက်ရေစက်တွေရှိသလို..
ခုမှတွေ့ရပေမယ့် နှစ်များစွာကတည်းက တွေ့ဆုံပတ်သက်ရင်းနှီးခဲ့ရသလို နီးလွန်းတဲ့ရေစက်တွေလည်းရှိတယ်..။
ဘာလုပ်ပေးပေး
အကောင်းမမြင်မိတဲ့ရေစက်တွေရှိသလို..
ဘာမှလုပ်မပေးရင်တောင်.. အကောင်းချည်းထင်နေမိတဲ့ရေစက်တွေလည်းရှိတယ်။
ချစ်စရာကောင်းတဲ့လူတစ်ယောက်ကို မုန်းမိတတ်တဲ့ရေစက်တွေရှိသလို..
မုန်းစရာကောင်းတဲ့လူတစ်ယောက်ကိုချစ်မိနေတဲ့ရေစက်တွေလည်းရှိတယ် ..။
သေချာတာကတော့..
ချစ်ခြင်းရေစက်ကို ရှောင်လွှဲလို့မရနိုင်သလို..
အမုန်းရေစက်ကိုလည်း ရှောင်လွှဲလို့လည်းမရနိုင်ဘူး ။
Credit ပုညခင်
အရမ်းကြိုက်မိတဲ့စာသားလေးတွေပါ💕💕