ပတ်ဝန်းကျင်သာယာလှပရေး
ငယ်စဉ်ကတည်းက နုတ်ကျိုးစွာသင်ခဲ့ဖူးသည် ။
စည်းကမ်းသည် လူ၏တန်ဖိုး ဆိုပြီးတော့ပေါ့။
စာစီစာကုံးတွေလဲ မြောက်များစွာရေးသားခဲ့ဖူးသည်။
စည်းကမ်းသည် လူတိုင်းအားလုံးတွက်အရေးပါသည်။ မည့်သည့်နေရာတွင်မဆို စည်းကမ်းရှိမှ လူနေမူ့ဘဝမြင့်မားမည်ဟု ကျွန်မ မြင်မိသည်။
ကျွန်မတို့နေသော မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ကို ကြည့်ကြည့်ပါ။ လမ်းတစ်လျှောက် စွန့်ပစ်အမှိုက်များဖြင့် ပျံ့ကျဲ လျှက်အတိုင်းသားမြင်နေရတယ် ။ အယောက်တစ်ရာတွင် တစ်ယောက်သာ စည်းကမ်းရှိစွာစွန့်ပစ်ကြသည်။
ကျွန်မသည်လည်း အလွန်စည်းကမ်းရှိလှသည်တော့မဟုတ်ပါ။ သူ့နေရာနှင့်သူတော့ စည်းကမ်းရှိစွာနေထိုင်ပါသည်။
Crd ;myanmar maps and yangon bus
ကျွန်မသည် တစ်နေ့မြို့ထဲမှ အပြန်တွင် ဟယ်ပင် မှတ်တိုင်နားအရောက်တွင် ကားလမ်းပိတ်၍ ကျွန်မစီးလာသော ကားမှာ ရပ်တန့်သောအနေအထားဖြင့် စက်နိုးထားလျှက်သားရှိနေပါသည်။
ကျွန်မသည် ကားပြတင်းပေါက်နားတွင်ထိုင်ပါသည်။ကျွန်မ၏ဘေးတွင် အမျိုးသမီးတစ်ယောက်ထိုင်နေပါသည်။ထိုအမျိုးသမီးမှာ အရောင်းအဝယ်လုပ်ရင်းပြန်လာပုံရပါသည်။သူမမှာ လွယ်အိတ်တစ်လုံးလွယ်ထားပါသည်။ ထိုအချိန်တွင်ကားပေါ်သို့ ရေသန့်ဗူးရောင်းသူတစ်ဦးတက်လာပါသည်။ ကျွန်မလဲရေဆာတာနဲ့ ရေတစ်ဗူးဝယ်သောက်ပါသည်။ သူမလဲဝယ်သောက်ပါသည်။ များမကြာမီတွင် သူမသည် သူ့၏လွယ်အိတ်ထဲမှ မုန့်ဖတ်ထုပ် ကို ယူ၍စားပါသည်။
Crd; မြန်မာ မုန့်ဖတ်ထုတ်
ပြီးလျှင် ကျွန်မအားကျော်လျှက်သူမ၏လက်က ပြတင်းပေါက်နားသို့ရောက်လာပါသည်။
သူ့မပုံစံမှာ အမိုက်ချရန်လုပ်လျှက်ရှိပါသည်။ ကျွန်မကပြောလိုက်ပါသည်။ အန်တီလမ်းမကြီးကပြောင်လက်နေတယ် အမှိုက်မရှိဘူးမချပါနဲ့ပြောတော့ လက်တွန့်ပြီးနောက်ဆုတ်သွားသည်။ ကားကလဲလမ်းပိတ်တာကြောင့် မထွက်သေး ။ ကျွန်မလဲနေထိုးတာကြောင့်တော်တော်လဲပူနေတာနဲ့ ရေသောက်လိုက် သကြားလုံးစားလျှက်ရှိနေပါသည်။
သကြားလုံးခွံများကို ကျောပိုးအိတ်ထဲသို့ ထည့်လိုက်ပါသည်။ ဒါကိုလဲသူမ မြင်ပါသည်။ သူ့မကိုပြောလိုက်တာကိုကျေနပ်ပုံမရပါ ။ကျွန်မလဲ မသိချင်ယောင်ဆောင်နေလိုက်ပါသည်။ မကြာမီ ကားလမ်းပိတ်တာလျော့လာသဖြင့် ကားထွက်ပါပြီ။ ကားမှာတရွေ့ရွေ့မှ အမြန်နုန်းထားသို့ပြောင်းကာ မောင်းလာခဲ့ပြီ ။ ထိုအချိန်တွင် သူမမှာ ကျွန်မကိုကျော်၍ ပြတင်းပေါက်ကနေ မုန့်ဖတ်ထုတ် အမိုက်ကို
ပစ်ချလိုက်ပါသည်။
ကျွန်မလဲ ဘာမှပြောမထွက်တော့ ပါဘူး
အံ့သြခြင်းများစွာဖြင့် ပါးစပ်ကိုပိတ်ကာ သက်ပြင်းရှည်ကြီးချလိုက်ပါတော့သည်။ဒီလို လူမျိုးတွေရှိနေသ၍ မြို့လည်ခေါင်နေရာတွေမှာ အမိုက်တွေနဲ့ အရုပ်ဆိုးစေတော့မည်။
ကျွန်မတို့နိုင်ငံသည် ဖွံဖြိုးဆဲနိုင်ငံလေး
တစ်ခုသာရှိပါသေးသည်။ သူများတွေလိုဖွံ့ဖြိုးပြီးသော နိုင်ငံတစ်ခုအဖြစ်ရပ်တည်ချင်ရင် အဆင့်မှီချင်ရင်တော့ တစ်ဦးတစ်ယောက်တည်းကောင်းရုံနှင့်မရပါ ။ အများအားလုံးကောင်းရမည်ဟုမြင်မိပါသည်။ အသေးအဖွဲ့လေးကအစ ပြင်နိုင်မှတော်ရုံကျမည်။
စင်္ကာပူ နိုင်ငံ ကိုအားကျမိပါသည် ။
Crd; singapore image
နိုင်ငံ ချမ်းသာခြင်း မချမ်းသာခြင်းထက် စည်ကမ်းရှိသောလူများကို မြင်တွေ့ရသလိုပါဘဲ။ သူတို့နိုင်ငံမှာ စည်းကမ်းမဲ့စွာ အမိုက်စွန့်ပစ်ခြင်းမရှိလို့ပါဘဲ ။
အမိုက်ကစ ပြဿဒ် မီးလောင်ဆိုသော
စကားပုံကို သူမကိုတွေ့သည့်နေ့က ကောင်းစွာနားလည်သွားပါသည်။
ကျွန်မသည် ကိုယ်တိုင်စည်းကမ်းရှိလှသည်ဟု မမှတ်ယူပါ။ဒါပေမဲ့ အမှိုက်တစ်စမှမရှိတဲ့ လမ်းမှာတော့ အမှိုက်ချရမှာအလွန်ရှက်ပါသည်။
ထို့ကြောင့်ကျွန်မသည် အမှိုက်ပစ်မည်ဆိုလျှင်သူမကိုပြေးမြင်ယောင်မိပါသည်။သူမသည် ကျွန်မအတွက် အမှတ်တရတွေပေးခဲ့ချေပြီ ။ ထို့ကြောင့် သူမလိုလူများ ပပျောက်ကာ စိတ်ဓာတ်အဆင့်အတန်းမြင့်မားသောသူများနှင့်
နိုင်ငံကြီး ဖွံ့ဖြိုးလာနိုင်ပါစေ ဆုတောင်းရင်း ရေးသားတင်ဆက်လိုက်ပါသည်။
(စာရေးသားမူ့တွင် အမှားပါသည်က နားလည်ပေးကြပါရန်ကြိုတင်၍ မေတ္တာရပ်ခံအပ်ပါသည်)။
ဆက်ရန်.......................
Thanks for steemit member all my fri
Credit by facebook image
MSC-233