ဒီနေ့တော့ပတ်ဝန်းကျင်ကိုညစ်ညမ်းစေရုံသာမက သုံးစွဲသူတွေအတွက်ပါအန္တရာယ်မကင်းသော အကြောင်းအရာတစ်ခုကိုတင်ပြချင်ပါတယ်။
ထိုအရာကတော့ ကွမ်းယာဖြစ်ပါတယ်။Crd-org-source
ကျွန်မသိသလောက် ကွမ်းစိုက်ခင်း စိုက်သူတွေဟာ ပတ်ဝန်းကျင်သန့်ရပါတယ်။
ရေ မြေသန့် သန့်ရှင်းမှသာလျှင် ကွမ်းစိုက်ခင်းအောင်မြင်တယ်လို့သိထားပါတယ်။
Crd-org-source
ကွမ်းပင်ကိုသုံးသပ်ရလျှင် အသန့်ကြိုက်တယ် ဆိုတာ စိုက်ပျိုးသူတွေကတော့အသိဆုံးပါ ။ ကျွန်မကတော့ ကြားဖူးထားသလောက် ရေးထားတာပါ။
ကွမ်းသည် အသန့်ကြိုက်သလောက် လူ၏ ပါးစပ်ထဲရောက်လျှင်ဖြင့် အလွန် ညစ်ညမ်းပါသည်။စားသူတို့ပါးစပ်တွင် နီရဲနေကာ
ကွမ်းယာထဲတွင်ပါဝင်သောဆေးများကြောင့်လည်း အနံများထွက်ကာ ရောဂါရစေပါသည်။
ကျွန်မသည် ကွမ်းယာမကောင်းကြောင်းရေးသည်ကို စာဖတ်သူထဲတွင် ကွမ်းစားသူပါပါက မကောင်းမြင်နိုင်ဖွယ်ရှိသည်။ သို့သော်ငြားလည်း
ရေးရပေလိမ့်မည်။
ကွမ်းယာကြိုက်သူ စကားတက်သူများကပြောလိမ့်မည်။ ကွမ်းစိုက်သူ ကွမ်းယာ ရောင်းသူရှိလို့စားတာဟူ၍ ပေကတ်၍ ပြောကြပေလိမ့်မည်။
ကျွန်မသည် ကွမ်းယာကြောင့် ခံစားချက်ရှိသူပီပီ ရေးရပေအုံးမည်။တစ်နေ့သ၌
YBS မပေါ်ခင် က ကျွန်မသည် မြို့ထဲသို့ သွားရာတွင် ဒိုင်နာ ကားကိုစီးရင်းသွားခဲ့ပါသည်။
ကားကလဲကြတ် တာတစ်မျိုးနဲ့ ကားခေါင်းမိုးပေါ်မှာလဲလူ တစ်တစ်စု စီးလျှက်ပါလာခဲ့သည်။
ခဏအကြာလေအဝှေ့၌ ကျွန်မ၏ဘေးမှ အန်တီပေါ်သို့ ကွမ်းတံထွေး များမြောက်များစွာကျလာကာပေကျံကုန်ပါသည်။ကားခေါင်မိုးပေါ်မှမဆင်မခြင်ထွေးချခြင်းကြောင့် ခရီးသွားအန်တီတစ်ယောက်ဒုက္ခရောက်ရပါပြီ။
ကျွန်မလဲမနေနိုင်တော့ပါ၊ အန်တီအား တစ်ချူးဖြင့်ကူသုတ်ပေးနေစဉ် ထိုအန်တီထံမှ အသံထွက်လာပါတယ် ## သမီးရဲ့အကျီင်္နောက်ကျောမှာလဲ ပေနေတာတဲ့###
ကျွန်မဝတ်ထားတာအကျီင်္အဖြူဖြစ်တာကြောင့် ဘယ်လိုမှ လုပ်၍မရတော့ပါ။
ထိုအန်တီနဲ့ကျွန်မအပြန်လှန်သုတ်ပေးရင်းဒေါသမီးများကတော့ စည်းမရှိ ကမ်းမရှိ စားပြီးထွေးသော ဒင်းတို့ကို့ မေတ္တာပို့ရင်းဖြင့် ဆက်သွားခဲ့ပါတော့သည်။
ထို့ကြောင့်အဆင့်အတန်းမြင့်ချင်ရင်
စည်းကမ်းမဲ့ခြင်းဖြစ်သော ပတ်ဝန်းကျင်ရှိလူများကို ဒုတ်ဓား များဖြင့် အန္တရယ်ရှိအောင်လုပ်မှမဟုတ်ပါဘူး ။ကိုယ်အမူရာ နုတ်အမူရာတင်မက စည်းကမ်းမဲ့တက်သော ဖြစ်ချင်ရာဖြစ် ဘေးပတ်ဝန်းကျင်ကိုမကြည့်ဘဲ လုပ်တက်သော ကိစ္စရပ်များအားရှောင်ကျဉ်နိုင်ကြပါစေရည်ရွယ်၍ ရေးသားတင်ဆက်လိုက်ပါသည်။
ဆက်ရန်............................
Thanks for steemit member all my fri
Own created writing and photo credit by google
MSC-233