ကျွန်မနှင့်ဖုန်း
တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးကာ မြန်မာနှစ်ကူးချိန်ခါသို့ ရောက်လာပေတော့မည်။ ယနေ့ဆိုရင်ဖြင့် သင်္ကြန်အကျနေ့သိုရောက်ရှိလာခဲ့ပြီ။
အရင်တုန်းထဲက သင်္ကြန်ဆိုရင် ပျော်ရွှင်မြူးကြွတက်ကြသူများမှာ မြန်မာလူမျိုးများပင်ဖြစ်သည်။သင်္ကြန်ရောက်ပြီဆိုလျှင်ဖြင့် ရေပတ်ခံထွက်သည့်ကားများအပြင်၊ မဏ္ဏပ်ထိုင်သူများ၊ ကခုန်သူများ ၊ ယိမ်းအဖွဲ့ များဖြင့် မဏ္ဏပ်တစ်လျှောက်စည်ကားလျှက်ရှိသည်။
ဒါကတော့ သင်္ကြန်ရောက်ပြီဆိုလျှင်ဖြင့်
မြင်တွေ့ရသောထုံးတမ်းစဉ်လာတစ်ခုဖြစ်သည်။
ထိုအရာမှာမထူးဆန်းပေ ။ ထူးခြားလာသည်တစ်ခုမှာ ဖုန်းပေါ်လာချိန်ကတည်းကဖြစ်သည်။
သင်္ကြန်ရောက်ပြီဆိုလျှင်ဖြင့် ရေပက်ခံထွက်ကြသူများမှာ ရေစိုခံဖုန်းလွယ်အိတ် များကို လွယ်ထားတာကိုတွေ့လာရသည်။
ဖုန်းခေတ်ဖြစ်လာသည်နှင့်အညီ လူနဲ့အမြဲမပျက်ရှိနေသောအရာ မှာဖုန်းပင်ဖြစ်သည်။အိတ်ကပ်ထဲမထည့်တက်သူများမှာ ဖုန်းလွယ်အိတ်များကိုသုံးလေ့ရှိသည်။
ယောကျာ်းလေးများအဖို့ ခါးတွင်ချိတ်သော ဖုန်းအိတ်တွေလဲ အမျိုးစုံထွက်ရှိလေသည်။ထူးခြားသည်မှာ မိုးရာသီတစ်ခုနှင့်သင်္ကြန်တွင်သာသုံးလေ့ရှိသော ရေစိုခံဖုန်းလွယ်အိတ်ဖြစ်သည်။
ယခုချိန်သည် သင်္ကြန်ကာလဖြစ်သည်နှင့်အားလျော်စွာ သင်္ကြန်ရေပတ်ခံထွက်သူများကိုယ်စီတွင် ရေစိုခံဖုန်းလွယ်အိတ်ကို
အရောင်စုံဖြင့် တစ်ယောက်တစ်မျိုးစီ လွယ်နေကြသည်ကိုမြင်လာမိသည်။
စီးပွားရေးဈေးကွက်အမြင်ဖြင့်ကြည့်မယ်ဆိုလျှင် ရေစိုခံဖုန်းလွယ်အိတ်ရောင်းသူများမှာ ဈေးကွက်အမြင်ရှိသည်ဟုဆိုရပေမည်။
သင်္ကြန်ကားပိတ်နေသောနေရာများတစ်လျှောက်တွင် ရေစိုခံအိတ်ရောင်းသူများဖြင့်
စည်ကားလျှက်ရှိသည်။
ထိုကဲ့သို့ ရေစိုခံအိတ်အသုံးမပြုသောသူများအဖို့ မိမိတို့၏အဖိုးတန်ဖုန်းများမှာ ရေဝင်၍ပျက်စီးမည်သာဖြစ်သည်။
ထို့ကြောင့်သင်္ကြန်လည်မည်ဟုဆိုသော အပေါင်းအသင်းများအဖို့ မသုံးတက်လျှင် အကုန်အကျများ မည်ဖြစ်သောကြောင့် မိမိ၏ဖုန်းများကို အကုန်ကျသက်သာအောင် ဆက်လက်သုံးနိုင်ရန်အတွက် ရေစိုခံအိတ်များကို အသုံးပြုကာ
လည်ပတ်ရင်း အသုံးနှင့်အဖြုန်းကို ခွဲခြားသိမြင်ကာ သုံးတက်ရင်း မြန်မာ့နှစ်ကူး အခါသာမရ မှာ စိတ်၏ကျန်းမာခြင်း ၊ကိုယ်၏ကျန်းမာခြင်း ၊ ကြီးပွားတိုးတက်ခြင်း တို့ဖြင့် ပြည့်စုံနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သခြင်းဖြင့် ရေးသားတင်ဆက်လိုက်ပါသည်။
Thanks for steemit member all my fri
Photo credit by facebook image and own photo
MSC-233