တစ်နေ့တုန်းက နံပတ်စိမ်းနဲ့ ဖုန်းတစ်ကောလ်ဝင်လာတယ်။ ကိုယ့်အလုပ်က ဖုန်းနံပတ်အစိမ်း အကျက်မရွေး ကိုင်ရသူမို့ ကိုင်လိုက်မိပါတယ်။ တဖက်ကမေးတယ်။ ဘယ်သူလားပေါ့။ အဲ့တော့ မဟုတ်ပါဘူးလို့
ယဉ်ကျေးစွာ ပြောပြီး ပြန်ချလိုက်တယ်။
နောက်ဆယ့်ငါးမိနစ်လောက်ကြာတော့ အဲ့နံပတ်ပဲ
ပြန်ခေါ်လို့ ကိုင်လိုက်ပြန်တယ်။ ဘယ်သူလားပေါ့... ထပ်မေးလို့ ထပ်ငြင်းတယ်။ အဲ့ခါမှာ တဖက်က
မိန်းမက အမရေ ဒီဖုန်းကဘယ်ကလဲမသိဘူးနော်တဲ့။ မန်းလေးပါလို့ ဖြေပေးလိုက်ပါတယ်။
ကိုယ်ကလဲ ခုမှ ဘာတွေစိတ်ကောင်းဝင်လဲမသိ။
ခါတိုင်း အဲ့လိုလာမေးလို့ကတော့ ဂွကျပြီမှတ်။
တလွဲတွေဖြေပစ်တာ။ တဖက်က ဥပမာ မဖြူပေါ့။ မဖြူကငွေတွေလိမ်ပြီး ဒီနံပတ်ပေးသွားလို့တဲ့။
အံ့သြဘ။
ကိုယ်လဲအံ့သြသွားတာပေါ့။ ကိုယ့်ဆီမှာ ဖုန်းနှစ်လုံးရှိတယ်။ ဖုန်းနှစ်လုံးဆိုတော့ ဆင်းကတ်လေး
ခုပေါ့နော်။ သူဆက်တဲ့နံပတ်က လူတိုင်းမသိဘူး။
ကိုယ့်စိတ်ထဲလဲ မတင်မကျနဲ့ပေါ့။ ရှင်းရှင်းပြော
ရရင် အဲ့လိုငွေကြေးအရှုပ်အရှင်း တခါမှမလုပ်ဖူးဘူး။ အကြွေးလဲမယူဘူး။ ပေးလဲမပေးဘူး။
ဒါကို အဲ့တစ်ယောက်က သူ့ငွေလိမ်သွားတဲ့သူက
ဒီနံပတ်ကိုပေးသွားတာဆိုတော့....တင်းပြီလေ။
ဒါနဲ့မေးလိုက်တယ်။ အမကသူနဲ့ဘယ်လိုဆက်သွယ်
ပြီး ငွေချေးလိုက်တာတုန်း။ ငွေကဘယ်လောက်များ ချေးလိုက်တာလဲ။ အဲ့သလောက် ငွေကို လွယ်လွယ်
ချေးလိုက်ရသလား။ ဖုန်းနံပတ် တစ်ခုပဲသိတဲ့
ဆက်ဆံရေးမှာ ငွေကိုဘာလို့အလွယ်တကူ
ချေးလိုက်ရတာလဲ အဲ့သလို စုံနေအောင်မေးလိုက်
တော့ ပြန်မဖြေနိုင်တော့ဘူး။
ဒါပေမယ့် သူသိချင်တာတော့ ဖြေပေးလိုက်ပါ
တယ်။ အမက ဘယ်တစ်ယောက်ကို ငွေချေးလဲမသိဘူး။ ကျမက အဲ့လိုရှုပ်ရှုပ်ယှက်ယှက်တွေ မလုပ်ဘူး လိုပြောပြီး ဖုန်းချလိုက်တယ်။ နှစ်ရက်လောက်
နေတော့ ဖုန်းပြန်ဆက်လာတယ်။ ကိုယ်မအားလို့ အကြောင်းစုံသိတဲ့သူငယ်ချင်းက ကိုင်လိုက်တယ်။ အမရေတဲ့...ဟိုနေ့က ဖုန်းဆက်တဲ့တစ်ယောက်ပါတဲ့။ သူငွေချေးတဲ့သူကို ဆက်သွယ်လို့ရပြီတဲ့။
နံပတ်ရှေ့နောက်မှားတာပါတဲ့။ ဖုန်းမှားဆက်လို့
တောင်းပန်ပါတယ်တဲ့။
ကိုယ်လဲ အဲ့ခါကျမှပဲ စိတ်ရှင်းတော့တယ်။ နို့မို့ဆို
ဘယ်သူက ကိုယ့်ဖုန်းနံပတ်နဲ့လုပ်စားလဲမသိဆိုပြီး
စိတ်ထဲ တနုံ့နုံ့နဲ့။