ဟိုဘက်တိုက်ခန်းနဲ့ဒီဘက်တိုက်ခန်း မျက်လုံးချင်းတွေဆုံ အကြည့်ချင်းတွေဆုံပြီး တို့တွေရင်းနှီးမှုရခဲ့ကြတယ်။ အချိန်တွေကြာလာတာနဲ့မျှ ငါ့အတွက်အချစ်တွေမွေးဖွားလာပြီ ဒါငါ့အတွက်အခွင့်အရေးဘဲလို့ထင်ခဲ့မိတယ်။
ဟာ. . . ငါမှားသွားခဲ့ပြီ၊ မင်းကငါ့ကိုမိတ်ဆက်ပေးခဲ့ပြီ၊ 'ဒါ ကျွန်မရဲ့ကိုကိုလေ နိုင်ငံခြားကနေ ကျွန်မတို့နှစ်ယောက်လက်ထပ်ပွဲအတွက်ပြန်လာတာ၊ ကိုကို ဒါဘေးတိုက်ကတယောက်။'
'အော် ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်'
ကျွန်တော်ပြောလည်းပြောရင်း အလျင်အမြန်သူတို့နားကထွက်ခဲ့ပါပြီ။ သူတို့စုံတွဲကိုနေ့တိုင်းမြင်နေရခြင်းဟာလည်း ဝဋ်တမျိုးပါဘဲလား။
Nyan Linn Aung (MSO 22)