photo credit
အားလုံးပဲမင်္ဂလာပါလို့ steemit မိတ်ဆွေများကို နှုတ်ဆက်လိုက်ပါတယ်။ ခုကျနော်ရေးခြင်တဲ့ အကြောင်းအရာကတော့ အချိန်ကိုအကျိုးရှိရှိအသုံးချခြင်းဖြင့် ဘဝပန်းတိုင်လျှောက်လမ်းခြင်းပဲ ဖြစ်ပါတယ်။အချိန်ဆိုတာ ကျနော်အတွက်တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုဖြစ်သလို ၊တန်ဖိုးကြီးတဲ့အရာတစ်ခုဆိုတာ အချိန်ရဲ့တန်ဖိုးကို နားလည်တဲ့လူတိုင်းသိကြမှာပါ။ သင့်ကိုသင်ငွေကြေးအင်အားနည်းလို့ တစ်ချိန်ကြရင် မချမ်းသာလာနိုင်ဘူးလို့ မထင်လိုက်ပါနဲ့။ငွေကြေးအင်အား ရှိတဲ့လူတွေကလည်း တစ်ချိန်ကြရင် မဆင်းရဲနိုင်ဘူးလို့ မဆိုလိုနိုင်ပါဘူး။ ဒါတွေဟာအချိန်ကို အကျိုးရှိရှိ အသုံးချခြင်းပေါ်မှာသာ သက်ဆိုင်ပါတယ်။ ဥပမာအားဖြင်ပြောရမယ်ဆိုရင် အသက်(၁၃)နှစ်သာ ရှိသေးသောကောင်လေးတစ်ယောက်သည်ငွေကြေး ချမ်းသာသော မိဘအသိုင်းအဝိုင်းကမွေးဖွားလာသူ မဟုတ်ခဲ့သောကြောင့် သူ၏နေ့ခင်းအချိန်များတွင် ကားလမ်းဘေးပေါ်မှ သတင်းစာများလိုက်ရောင်းနေခဲ့ရတယ်။ ဘဝပေးအခြေအနေမကောင်း၍ အတန်းပညာပင်ကောင်းကောင်း မတတ်လိုက်ရပေမဲ့ သူရောင်းရသောသတင်းစာများမှငွေများကိုစုပြီး သူစိတ်ဝင်စားသောစမ်းသတ်မှုများ အတွက်ကရိယာတန်ဆာပလာများကို ဝယ်ယူစုဆောင်းခဲ့တယ်။ပြီးတော့ သူကိုယ်တိုင် အချိန်များကိုအကျိုးရှိရှိအသုံးချခဲ့တယ်။သူ့ရဲ့စိတ်ဆန္ဒပြင်းပြမှုနဲ့ အချိန်ကိုအကျိုးရှိရှိအသုံးချခဲ့သောကြောင့် သူဟာအောင်မြင်ကျော်ကြားတဲ့ လူတစ်ယောက်ဖြစ်လာခဲ့တယ်။ကဲ... ဒါဆို ထိုကောင်လေးက ဘယ်သူဖြစ်မလဲဆိုတာ စာဖက်သူ steemit မိတ်ဆွေတို့လည်း သိချင်ကြမယ်လို့ ထင်မိပါတယ်။ သူကတော့တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားတွေရဲ့ညအမှောင်ကို အလင်းရောင်များပေးခဲ့တဲ့ ၊နိုင်ငံတိုင်းလိုလိုကလေးစားအားကြရတဲ့ ကျွန်တော်တို့ရဲ့ကျေးဇူးရှင် အက်ဒီဆင်ပဲ ဖြစ်ပါတယ်။ photo credit
အားကြရတဲ့နောက်ထပ်တစ်ယောက်တော့ အမေရိကန်နိုင်ငံရဲ့ (၁၆)ယောက်မြောက်ဖြစ်တဲ့ သမ္မတလင်ကွန်း ပဲဖြစ်ပါတယ်။သူဟာကုန်စုံဆိုင်လေးတစ်ခုမှာ လခစားဈေးရောင်းနေရတဲ့ကောင်လေးတစ်ယောက်ဖြစ်ခဲ့ပြီးဈေးရောင်းရင်းနဲ့ သူစိတ်ဝင်စားတဲ့ ဥပဒေနှင့်ပက်သက်တဲ့ စာများကိုပါလေ့လာခဲ့ပါတယ်။သူဟာ နာမည်ကျော်ကြားသူများရဲ့အဟောအပြောတွေကို မှတ်သားလေ့ရှိပြီး အားလပ်ချိန်များတွင် တစ်ဦးတည်းသာ အဟောအပြောလေ့ကျင့်ခဲ့ပါတယ်။တစ်နေ့တော့သူဟာ အဟောင်းဆိုင်ထဲမှ သစ်သားစည်ပိုင်းတစ်ခုကို ဝယ်ယူခဲ့ပြီး ထိုစည်ပိုင်းအတွင်းမှ ဥပဒေနှင့်ပက်သက်သော စာအုပ်များပါလာခဲ့ကာ၊ ထိုစာအုပ်များကိုလေ့လာမှတ်သား လက်တွေ့အသုံးချရာမှ ဥပဒေဆိုင်ရာ ကျွမ်းကျင်သူဖြစ်လာခဲ့ပါတယ်။နောက်ပိုင်းတွင်တော့ တိုင်းပြည်ကိုပါ အုပ်ချုပ်သူတစ်ဦးဖြစ်လာခဲ့ပါတယ်။ photo credit
ထိုလေးစားအားကြရတဲ့ သူတို့နှစ်ဦးကိုကြည့်ခြင်းအားဖြင့် သူတို့တွေဟာငွေကြေးချမ်းသာကြတဲ့ မိဘအသိုင်းအဝိုင်းကမွေးဖွားလာကြတဲ့ လူတွေမဟုတ်ပါဘူး၊သူတို့တွေရဲ့အောင်မြင်မှုဟာ ငယ်ငယ်ကတည်းကအချိန်တွေကို အကျိုးရှိရှိအသုံးချခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော်တို့ကြုံတွေ့နေရတဲ့ ဘဝအခက်အခဲတွေကို အပစ်တင်နေမည့်အစား ထိုဘဝကြမ်းတွေကို ကျွန်တော်တို့က ဇွဲရှိရှိ၊လုံ့လရှိရှိနဲ့ကျော်ဖြတ်ဖို့ပဲလိုပါတယ်။ထိုအရာတွေနဲ့ ကျွန်တော်တို့ရဲ့ကိုယ်ပိုင် အချိန်တွေကို အကျိုးရှိရှိအသုံးချခြင်းနဲ့ပေါင်းစပ်လိုက်သောအခါ ကြီးမားသောအောင်မြင်မှုဟာ ကျွန်တော်တို့အတွက်ပင် ဖြစ်ပါတယ်။ကျွန်တော်တို့ လူငယ်တွေဟာဘဝသက်တမ်းအရ အချိန်ကိုသတ်မှတ်ဖို့လိုအပ်ပြီး ကျွန်တော်တို့အသက်ဘယ်လောက်တွင် ဘာဖြစ်ရမည်၊ဘာလုပ်နိုင်ရမည် စသည်ဖြစ် အချိန်ကိုခွဲဝေတတ်ရမယ်လို့ ထင်မိပါတယ်။ခင်ဗျားအသက်နှစ်ဆယ်ကျော်အတွင်း ဘဝရည်မှန်းချက်အတွက် ဘာတွေလုပ်ပြီးပြီးလဲ၊ထိုအရာတွေအတွက် ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေ ချပြီးပြီးလား။ဆုံးဖြတ်ချက်တွေ မချမှတ်ရသေးရင်တော့ ခုကတည်းကအစီအစဉ်များကို စရေးဆွဲရတော့မယ်၊ရေးသားထားတဲ့အစီအစဉ်များကို စစ်ဆေးပြီးကာလတစ်ခုအတွင်း အကောင်အထည်ဖော်နိုင်ရတော့မှာ ဖြစ်ပါတယ်။
တကယ်တော့ကိုယ်ရည်မှန်းထားတဲ့ ဘဝပန်းတိုင်ရောက်ဖို့ဆိုရင် ဆင်းရဲခြင်း၊နိမ့်ကျခြင်းနှင့် မသက်ဆိုင်ပဲ သင့်မှာရှိတဲ့အချိန်နဲ့ အခွင့်အရေးတွေကို အကျိုးရှိရှိအသုံးချတတ်ဖို့ပဲ လိုအပ်ပါတယ်။သင့်ရဲ့ဘဝကို အကျိုးရှိတဲ့ အစီအစဉ်တွေဆွဲပြီး အချိန်ကိုအကျိုးရှိရှိအသုံးချခြင်းဖြင့် သင့်တစ်နေ့အောင်မြင်တဲ့လူဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။
MSU-028