ပတ်ဝန်းကျင်လောကကို ကြည့်လိုက်ရင် ချမ်းသာသူနဲ့ဆင်းရဲသူလို့ အကြမ်းဖျဉ်းအားဖြင့်နှစ်မျိုးနှစ်စားသာတွေ့ရမှာပါ။ထပ်၍ သရုပ်ခွဲရရင် ချမ်းသာသူတွေဟာငွေရေးကြေးရေး ပြည့်စုံမယ် စိတ်ချမ်းသာမယ်ဆိုရင် မဆိုးလှဘူးပေါ့။ငွေရေးကြေးရေးပြည့်စုံပြီး စိတ်မချမ်းသာသူတွေလည်း အများကြီးပါ၊ ဒါကြောင့် ကမ္ဘာပေါ်မှာ ရုပ်ပိုင်းဆိုင်ရာ ဘက်ပေါင်းစုံကပြည့်စုံပေမဲ့ စိတ်ချမ်းသာမှုကို ရအောင်မရှာနိုင်တဲ့၊ မှန်ကန်စွာ စဉ်းစားဆင်ခြင်နိုင်မှုမရှိသည့်အတွက် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားဒါလေးတွေတွေ့ရမြင်ရကြားနေရခြင်းလဲ ဖြစ်ပါတယ်။
ဆင်းရဲသူတွေကလည်း ဒီတိုင်းပါပဲ လူကဆင်းရဲပါတယ်ဆိုမှ စိတ်ပါဆင်းရဲနေတော့ ပိုပြီးဆိုးတာပေါ့ဗျာ။ဘာကြောင့်စိတ်ဆင်းရဲရတာလဲ။အဖြေက ရှင်းပါတယ်။ အခြားသူနဲ့ တန်းတူမနေနိုင်လို့၊ သူများသွားသလို မသွားနိုင်လို့၊သူများစားသလို မစားနိုင်လို့၊ သူများဝတ်သလို မဝတ်နိုင်လို့ ဒါတွေကိုစဉ်းစားပြီး စားအားငယ်တတ်လို့ ပါပဲ။သို့ပေမဲ့ အဲ့လိုစဉ်းစားနေတော့ရော ပြည့်စုံမှု ဖြစ်လာမှာလဲမဟုတ်ပါ။စိတ်ထပ် ဆင်းရဲပီး လူပင်ပန်းတာပဲ ဖြစ်မှာပါ။ အမှန်တော့ဒီလို စိတ်ဆင်းရဲမှု အပူတွေဟာ လူတိုင်းမှာ ရှိတယ်လို့ နားလည်ထားရင်တော့အကောင်းဆုံးပါပဲ။
ထို့အတူ မပြည့်စုံတာတွေကိုပဲ စဉ်းစားနေမယ်ဆိုရင် လူသာအချိန်တန်လို့ သဂြိ င်္ုလ်စက်ထဲရောက်သွားမယ်၊ စဉ်းစားတွေးတောနေတာက ကုန်နိုင်မှာမဟုတ်ပါဘူး။ ဒီတော့မိတ်ဆွေတွေကိုပြောချင်တာတော့အလုပ်ကိုတည်ကြည်အောင်လုပ်ပါ၊ စိတ်ကိုပျော်အောင်ထားပါ လို့ပဲပြောချင်ပါတယ်။သို့ပေမဲ့ လက်ရှိအခြေအနေထက် တစ်ဆင့်တတ်နိုင်မယ့် နည်းလမ်းလေးတော့ စဉ်းစားဖို့တော့ လိုတာပေါ့။ photo credit
MSU-028