ခင်မင်မှု နဲ့တွယ်တာမှု ၊ယုံကြည်အာကိုးမှု နဲ့ချစ်ခင်သနားမှု ကနေသံယောဇဉ်လေးက တဖြည်းဖြည်းနဲ့ဖြစ်ပေါ်လာတယ်။သံယောဇဉ်ကို ကဗျာဆရာတွေ၊တေးရေးဆရာတွေက အဓိပ္ပါယ်အမျိုးမျိုးနဲ့ဖွင့်ဆိုကြပေမဲ့ သံယောဇဉ်ရဲ့တစ်ဘောတရားကိုတော့ ခုထိကျနော်နားမလည်သေးပါဘူး။သံယောဇဉ်ဆိုတာ တစ်ဦးတစ်ရောက်နဲ့ခွဲခွာတဲ့အခါ မှာဖြစ်ပေါ်လာတဲ့အရာလား၊ဒါမှမဟုတ် တစ်ဦးတစ်ရောက်ကိုစတွေ့လိုက်တဲ့ အခါဖြစ်ပေါ်လာတဲ့အရာလားဆိုတာ ခုထိကျွန်တော်နားမလည်သေးပါဘူး။
ဒီနေ့နှစ်သစ်ကူးပြောင်းတဲ့နေ့မှာမထင်မှတ်ပဲ ငယ်ငယ်ကကစားဖော်ကစားဖက်ခေါင်းခေါက်ဖော်ခေါက်ဘက်နဲ့ ပြန်တွေ့လိုက်ကြတယ်။တစ်ရောက်နဲ့တစ်ရောက်တော့ မတွေ့ဖြစ်တာကြာလို့အပြုံးကိုယ်စီနဲ့ကြည့်နေမိတယ်။မတွေ့ဖြစ်ဘူးလို့ပြောအောင် မတွေ့ဖြစ်တာနှစ်နှစ်ဆယ်လောက်ရှိပြီးကိုး။ ခုသူတို့မိသားစုလာလည်တော့ကိုယ့်မှာ အလိုလိုနေရင်းဝမ်းသားမိတယ်။အိမ်ထဲဝင်စကားတွေဘာတွေပြော မတွေ့ဖြစ်တာကြာတော့ ငယ်ငယ်ကအကြောင်းတွေကို အမေကပြန်ပြောပြနဲ့တော်တော်လည်းပျော်ရပါတယ်။လက်ဖက်ရေလေးဘာလေးဧည့်ခံရင်းပေါ့။ကျနော်ကတော့အမေ့အားကိုး ဘာမှမပြောတတ် တစ်လုံးမေး ၊တစ်လုံးဖြေနဲ့ပဲ ပြုံးနေမိတယ်။စကာလေးဘာလေးပြောလို့ ၁၁း၀၀နာရီလောက်လည်းရောက်ရော ထမင်းစားဘာစားနဲ့နားပြီးရင် ခနနေတော့သူတို့မိသားစုက နှုတ်ခွန်းဆက်သပြီး ထွက်ခွာသွားကြတယ်။ကိုယ့်မှာကတော့ပြုံးစိစိနဲ့ လက်ပြနှုတ်ဆက်ရုံပေါ့။ဒီလိုထွက်ခွာပြီးမှ ကိုယ့်စိတ်ထဲမှာအလိုလိုနေရင်းနဲ့ သံယောဇဉ်အရိပ်တစ်ခုကျန်ခဲ့တယ်။ဒီကျန်ခဲ့တဲ့ သံယောဇဉ်အရိပ်လေးကို ဘာလုပ်ရင်ကောင်းမလဲကို စဉ်းစားရင်း၊စဉ်းစားရင်းနဲ့ steemit မှာဖြင့် ချရေးမိတော့တာပဲ။သံယောဇဉ် ဆိုတာကလည်း.......
........