လွန်ခဲ့သောရက်အနည်းငယ်က ကျွန်တော်တို့နေထိုင်သောကျေးရွာမှ တာဝန်ရှိလူကြီးများနှင့်ကျေးရွာဥက္ကဋ္ဌမှ ဦးစီးကျင်းပတဲ့ကျေးရွာသူ၊ကျေးရွာသားများ အသိပညာဗဟုသုတရစေရန်အလို့ငှါ ဆရာဝန်ကြီးများနှင့် စာရေးဆရာများကို ဖိတ်ကြားကာဟောပြောပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။ထိုဟောပြောမဲ့အရာကတော့ လူတွက်ရဲ့အသက်ကိုဆိုးရွားများစွာ ထိုက်ခိုက်စေသောဆေးလိပ်နဲ့ ကွမ်းယာအကြောင်းပဲဖြစ်ပါတယ်။
အခန်းအနားစတင်ကာ စာရေးဆရာကြီးတစ်ဦးမှဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးတွေကိုဟောပြောခဲ့ပါတယ်။ဟောပြောပုံအလွန်ကောင်းဒါကြောင့် ခုထိနားထဲမှာကြားယောင်နေပါတယ်။ဆေးလိပ်သောက်ခြင်းကြောင့် သက်ဆိုးမရှည်ဘဲအဆုတ်မှာ ကင်ဆာဖြစ်တဲ့အကြောင်းကိုဟောပြောရုံသာမကဆေးလိပ်၊စီးကရက်၊ဆေးပြင်းလိပ်သောက်ပြီးသေသွားတဲ့ လူရဲ့ဆေးစိမ်ထားတဲ့ အဆုတ်မည်းမည်းပါတဲ့ ဖန်ပုံးကြီးကိုနမူနာ ချပြကာ တတ်ရောက်လာသူ ရွာသူ၊ရွာသားတွေကို ကြည့်ရှူ့စစ်ဆေးစေပါတယ်။
ထိုအပြင်ဆေးလိပ်သောက်သူတွေကိုလည်းသေခြင်းဆိုးတွေလို့ အထပ်ထပ်ပြောကြားခဲ့ပါတယ်။"အကယ်လို့ မိန်းကလေးတွေရည်းစားထားရင် ဒီလိုဆေးလိပ်သောက်တဲ့သေခြင်းဆိုးတွေကို မစဉ်းစားနဲ့"၊"စဉ်းစားမိရင် မိမိဘဝငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဘဝမှာ ဒုက္ခပင်လယ်ဝေရပါမယ်"လို့ဟာသနှောကပြောဆိုဆုံးမခဲ့တာတွေကို မှတ်သားခဲ့ရပါတယ်။အဲဒီအချိန်ကတည်းကဆေးလိပ်ထဲမှာသေစေလောက်တဲ့ ဘာတွေများပါလို့လဲဆိုတာကို အလွန်စိတ်ဝင်စားသိချင်ခဲ့ပါတယ်။ဆေးလိပ်၊ စီးကရက်၊ဆေးပြင်းလိပ်တို့မှာ ကာဗွန်တွေ၊နီကိုတင်းလို့ခေါ်တဲ့ အဆိပ်တွေ သိုရီယမ်ခေါ်တဲ့ရေဒီယိုသတ္တိကြွတဲ့ ဒြပ်စင်တွေပါတယ်ဆိုတာ သိလိုက်ရပါတယ်။ထို့ကြောင့်ဆေးလိပ်ဟာ လူသားတွေကို အကျိုးမဲ့စေတဲ့အရာသာဖြစ်စေပြီး မိမိမိသားစုနှင့် မိမိပတ်ဝန်းကျင်ကလူတွေကိုလည်းဆေးလိပ်မသောက်ဖို့ တိုက်တွန်းခဲ့ပါတယ်။
တားဆီးပိတ်ပင်ထားတဲ့ လူကိုမူးယစ်ထုံထိုင်းစေတဲ့ဆေးခြောက်နဲ့ ဘိန်းဖြူတွေကိုဆေးလိပ်ထဲထည့်သောက်ကြတာကြောင့်ဆေးလိပ်အန္တရာယ်သားကောင်အဖြစ်သာမက မူးယစ်သားကောင်ဘဝကိုရောက်ခဲ့ရလို့ လူလုံးမလှ သက်ဆိုးမရှည်ခဲ့ကြရတဲ့သူတွေအများကြီးရှိကြောင်း သိခဲ့ရပါတယ်။အရင်က ရုပ်ရှင်ထဲမှာဆေးလိပ်သောက်တာ လူရာဝင်တယ် စတိုင်ကျတယ် စမတ်ကျတယ်ဆိုတာကိုကြည့်ပြီး အတုယူရင်မှားကြပါလိမ့်မယ်လို့လည်ပြေားကြာလေသည်။စာရေးဆရာကြီးကဆေးလိပ်သောက်တဲ့သူတွေသည် သက်ဆိုးမရှည်တဲ့ ဆိုးကျိုးဖြစ်မဲ့သူတွေဆိုတာ အသိမကြွယ်သေးတဲ့ကျောင်းသာကျောင်းသူ လူငယ်လူရွယ်တွေသာမက ကြီးငယ်ရွယ်လတ် လူသားအားလုံးသိထားရမယ်လို့ပြေားကြားခဲ့လေတယ်။ photo credit:https://goo.gl/images/rh31qf
MSU-028
ဆက်ရန်...........အပိုင်း(၂)