Photo credit:https://goo.gl/images/FyoRqq
တစ်ခါက တိုင်းပြည်တစ်ပြည်မှာ မုဆိုးတစ်ယောက်သည် သိန်းငှက်တစ်ကောင်ကို တိုက်ခိုက်နည်းမျိုးစုံတို့သင်ကြားပေးပြီး လိမ္မာအောင်လည်း သင်ကြားမွေးမြူထားလေသည်။ထို့နောက် မုဆိုးကြီးသည်တောသို့သွားသောအခါ မိမိသိမ်းငှက်နှင့်အတူ သားငှက်မျိုးစုံတို့ကို တိုက်ခိုက်ဖမ်းစီးလေသည်။ ရရှိသည့်သားရဲများကိုလည်း မိမိတိုင်းပြည်သို့ ပြန်လည်ရောင်းချပြီး အသက်မွေးဝမ်းကြောင်းပြုလေသည်။
ပူလှသောနွေရာသီတစ်နေ့တွင် မုဆိုးကြီးသည် သိန်းငှက်ကိုပုခုံးပေါ်တင်ပြီးတောနက်ထဲသို့ အမဲလိုက်ရန်ခရီးထွက်ခဲ့လေသည်။ မွန်းတတ်ချိန်သို့ရောက်ရှိလာသော်လည်း သားရဲတစ်ကောင်မှ မရရှိသည့်အပြင် ခရီးလည်းအလွန်ပင်ပန်းလေသည်။ထို့အခါ သူသည်အကိုင်းများ များပြားနေသော သစ်ပင်ကြီးတစ်ပင်ကိုတွေ့သောအခါ ပက်လက်လှန်ကာနားနေရင်းနဲ့ အိပ်ပျော်သွားလေသည်။ Photo credit: https://wp.me/p1fjIN-19d
သစ်ပင်ကြီးပေါ်တွင် ငန်းမြွေတစ်ကောင် ရှိသည်ကိုတော့သူမသိလိုက်ချေ။ထို့အတူ ငန်းမြွေကြီးသည်လည်း ပူအိုက်လှသဖြင့် သစ်ပင်ပေါ်တွင်လျှာထုတ်၍ အိပ်မောကျလေသည်။ငန်းမြွေကြီး၏ လျှာမှလည်း အဆိပ်ရည်များ တစ်စက်စက် ယိုစီးကျလျက်ရှိလေသည်။ထိုသို့ စီးကျလာသော အဆိပ်ရည်များသည် မုဆိုး၏ကိုယ်ပေါ်သို့ ကျရောက်လာလေသည်။မုဆိုးသည်လည်း အိပ်နေရင်းမှ နိုးလာပြီး ထကာရေကအလွန်ဆာသောကြောင့် အပေါ်ကကျလာသော အရည်ကိုမစူးစန်းတော့ပဲသောက်ဖို့ရန် လက်ကိုအပေါ်သို့ခုပ်၍ ခံလိုက်လေသည်။ Photo credit: https://goo.gl/images/Sgebnf
သို့ပေမဲ့ အရည်များသည် မုဆိုး၏ လက်ထဲသို့မရောက်ရှိပဲ သိန်းငှက်၏ဖြန့် ထားသောအတောင်ပံ၌သာ ရှိနေလေသည်။ ထိုအခါ မုဆိုးသည်လည်းရေအလွန်ငတ်တာကြောင့် အလွန်ဒေါသထွက်ပြီး ထိုသို့လုပ်ရကောင်းလား ဆိုပြီး မိမိရဲ့သိန်းငှက်ကိုခြေနှစ်ချောင်းမှ ဆွဲယူပြီးသစ်ပင်ဖြင့် တစ်ချက်တည်းရိုက်သတ်လိုက်လေသည်။ ထိုသို့ သိန်းငှက်သေသွားသောအခါ မှသစ်ပင်ပေါ်ကိုမော့ကြည့်လိုက်သောအခါ အပေါ်မှကျသောအရည်များသည် အဆိပ်ရည်များဖြစ်ကြောင်းသိရှိလိုက်လေသည်။ မုဆိုးသည်လည်း သိန်းငှက်ဟာ မိမိအသက်ဆုံးရှုံးမည်ကို စိုးရိမ်း၍ကာကွယ်ပေးခဲ့မှန်းသိသောအခါနောင်တကြီးစွာရရှိသွားလေသည်။သိုပေမဲ့ ထိုနောင်တ တရားဟာကျေးဇူးသိတတ်သော သိန်းငှက်ကိုတော့ အသက်ပြန်ရှင်နိုင်မည်မဟုတ်တော့ချေ။
ထို့အတူ ကျွန်တော်တို့နေထိုင်တဲ့လောကကြီးကလည်း အမြင်မတူမှု့တွေကြောင့် အချင်းချင်းစကားများရန်ဖြစ်နေကြတဲ့ လူတွေလည်းရှိပါသည်။တစ်ချို့သော လူတွေဆို မိဘတို့၏တွန်သင် ဆုံးမစကားကိုနားမထောင်ပဲ အပေါင်းအသင်းပျက်များနှင့်သာပျော်ပါးလေသည်။ မိဘတွေက လမ်းမှားမရောက်အောင်၊ လမ်းမှန်မြင်နိုင်အောင်၊ မူးယစ်ဆေးဝါတွေကိုရောင်ရန် တွန်သင်ပေမဲ့ မိဘစကားနားမထောင်၊ မိဘကနည်းနည်းလည်းဆုံးမလိုက်တာနဲ့"အမေတို့၊အဖေတို့တွေဟာ အရမ်းဆုံးမနိုင်လွန်းတယ်၊ နားကိုငြီးနေတာပဲ၊ " စသည်ဖြစ်ပေါ့။ ထိုလို သားသမီးတွေဟာ မိဘတွေက အပေါ်ကအဆိပ်ရည် ကိုယ့်သားသမီးပေါ်မကျအောင်၊ မခပ်သောက်မိအောင် ကာကွယ်ပေးသော်လည်း လိုက်နာခြင်းမရှိသောကြောင့် မိမိဒုက္ခကျရောက်လာသောအခါမှပင် မိဘစကားများကို နားမထောင်မိခြင်းကြောင့်နောင်တ ကြီးစွာရပါသော်လည်း မိဘကတော့ သင့်ကိုကယ်နိုင်တော့မည်မဟုတ်ပါ။
ထို့ကြောင့်ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ကျေးဇူးရှင်စကား၊မိဘစကား၊ကိုယ်အ့ပေါ်အဆိပ်ရည်မကျအောင်၊ ကျရင်လည်း မခပ်သောက်မိအောင် ကာကွယ်ပေးတဲ့သူတွေရဲ့စကားတွေကို အမြဲနာထောင်ပြီး လူတော်လူကောင်တွေဖြစ်အောင်အမြဲကြိုးစားဖို့ တိုက်တွန်းနိုးဆော်လိုက်ရပါသည်။