နှာခေါင်းသွေးလျှံခြင်း(သို့)နှာခေါင်းသွေးယိုခြင်းဟာ ကလေးသူငယ်များ၊ဆယ်ကျော်သက်များနှင့် သက်ကြီးပိုင်းတွေမှာ မကြာခနဖြစ်တတ်ပါတယ်။သတ်လတ်ပိုင်းတွေမှာတော့ မတော်တဆထိခိုက်ဒဏ်ရာ ရချိန်မှလွဲ၍ ထိုပြဿနာတော့အဖြစ်နည်းပါတယ်။ကျွန်တော်ငယ်ငယ်တုန်းကဆိုလည်း တစ်ခါနှစ်ခါလောက် နှာခေါင်းသွေးလျှံဖူးပါတယ်။ဒါပေမဲ့ ထိုပြဿနာက ဘာကြောင့်ဖြစ်ရလဲဆိုတာတော့ အဖြေရှာမရခဲ့ပါဘူး။သို့ပေမဲ့ နှာခေါင်းသွေးလျှံဒါဟာ စိုးရိမ်ရမဲ့ အခြေအနေမျိုးမဟုတ်ပဲ ထိုအရာကြောင့် သေဆုံးမှုဆိုတာ လည်းသိပ်မရှိလှပါဘူး။ဒါပေမဲ့ နှာခေါင်းသွေးလျှံတာကို ပေါ့ပေါ့ဆဆ သဘောထားလို့မရသလို့ နှာခေါင်းသွေးလျှံခြင်းအကြောင်းကိုလည်းလေ့လာမိလောက်ရေးသာဖော်ပြလိုက်ရပါတယ်။
တစ်ခါတစ်လေ ရာသီဥတုအရမ်းပြန်ထန်တဲ့ အခါအေးမြလွန်းတဲ့ဆောင်းရာသီနဲ့ ပူပြင်းလှတဲ့နွေရာသီမှာ အဖြစ်များပြီး၊တစ်ခါတစ်ရံ အပြင်ဖက်အေးတဲ့နေရာကနေ ၊ပူနွေးခြောက်သွေ့တဲ့ ပတ်ဝန်းကျင်ကိုဝင်လာတဲ့အခါ အအေးအပူ ရုတ်တရက်ပြောင်းလဲမှုကြောင့် နှာခေါင်းသွေးလျှံခြင်းဖြစ်ပေါ်တတ်တယ်လို့ မှတ်သားဖူးပါတယ်။
သို့ပေမဲ့ထိုအရာတွေကြောင့် မဟုတ်ပဲ အခြားအရာတွေနဲ့လည်းနှာခေါင်းတွေလျှံမှုတွေ ဖြစ်တတ်ပါတယ်။နှာခေါင်းလက်နက် ကလိတာ၊မျိုးရိုးလိုက်တာလို့၊နှခေါင်းကနေ အကျိတ်အဖု ဖြစ်တာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။သို့ပေမဲ့ မည်သည့်အကြောင်းအရာအမျိုးမျိုးကြောင့် နှာခေါင်သွေးလျှံခြင်ဖြစ်နေပစေ ထိုအရာကိုရပ်တန့်သွားအောင် လုပ်နိုင်ရမှာက ပိုအရေးကြီးပါတယ်။
နှာခေါင်းသွေးယိုခြင်းနဲ့ ပက်သက်လို့ ကာကွယ်နည်းများကိုလည်း ကျွန်တော်လေ့လာ မိသလောက် တင်ပြလိုက်ရပါတယ်။
နှားခေါင်းသွေးလျှံခြင်းနဲ့ ပတ်သက်လို့ လုပ်ဆောင်ရာတွင် အချက်(၁၇)ချက်ဖြင့်ဖော်ပြ လိုက်ရပါတယ်။
(၁) မိမိတို့နှာခေါင်းသွေးယို တဲ့အခါ ထိန့်လန့်ကြောက်ရွံ့ ခြင်းမဖြစ်မိစေပဲ ဦးမှာငြိမ်ငြိမ်လေးထိုင်လိုက်ပါ။ ပြီးရင်ကိုယ်လုံးကို အရှေ့ဘက်သို့နည်းနည်းယိုင်ပေးခြင်းဖြင့် နှာခေါင်းထဲမှသွေးများဟာ လည်ချောင်းထဲသို့ မဝင်တော့တာကြောင့် ပျို့အန်ခြင်းတွေလဲ မဖြစ်စေတော့ပါဘူး။
(၂) ထိုသို့ပြုလုပ်ပြီးပါက နှာခေါင်းထိပ်ဖက် မာကျောတဲ့ အရိုးပုံစံနေရာကြားမှာ လက်မနဲ့လက်ညိုး မပျော့လွန်း၊မပြင်းလွန်းဖိပြီးသွေးများကို lဖြေးညှင်းစွာ ညှစ်ထုပ်ရပါမယ်။
(၃) ထိုသို့ပြီးရင် လက်မနှင့် လက်ညိုးတို့ဖြင့် နှာခေါင်းပေါက်ကို ညှစ်ကာပိတ်ထားပါ။ထိုသို့ ပြုလုပ်ခြင်းဖြင့် နှာခေါင်းပေါက်နှစ်ခုကြား နှံရံသွေကြောကို ဖိထားသလိုဖြစ်စေပြီးသွေးသိပ်သွားစေပါတယ်။
(၄) ထိုသို့သွေးသိပ်သွားပါက အနည်းဆုံး အနည်းဆုံး ခုနှစ်မိနစ်ကျော်လောက် လက်ဖြင့်ဆက်ဖိထားပေးရပါမယ်။
(၅)ထိုသို့ပြုလုပ်နေချိန်တွင် ပါးစပ်ဖြင့်သာ အသကရှူရပါမယ်။
(၆)နှားခေါင်းကိုရေအေးရှူပေးခြင်းရေခဲ ဖြင့်အုံပေးခြင်း၊ရေစိုအဝတ်ဖြင့်
အုပ်ပေးခြင်း စသည်ဖြင့် တစ်ခုမဟုတ်တစ်ခုဖြင့် ပြုလုပ်ပေးပါ။
(၇) ထို့နောက်သွေးသိပ်သွားပြီ ဆိုပါက ဦးခေါင်းကို (၃၀)မှ(၄၅)ဒီဂရီ သို့မြှင့်ထားပြီး အနားယူပါ။ အကယ်၍ နာချေချင်ပါက ပါးစပ်ကိုဟထားပေးရပါမယ်။
(၈) အကယ်သွေးပြန်လျှံလာပါက နှာခေါင်းထဲကသွေးခဲကို နံပါတ်စဉ်(၂)တွင်ဖော်ပြထားသည့်အတိုင်း လက်မလက်ညိုးနဲ့ ပြန်ညှစ်ထုပ်ပါ။
(၉)ခေါင်းကို နှစ်လုံးနေရာထက် မြင့်တဲ့အနေအထားမျိုးဖြင့် အနားယူရပါမယ်။
(၁၀) တရက်တာ(၂၄)နာရီအတွင်း ပူလွန်းတဲ့ အရည်တွေကို မသောက်ရပါဘူး။အေးသောပျော့သော အစာများကိုသာ စားသောက်ပေးရပါမယ်။
(၁၁)လေးသောအရာများ၊ ပင်ပန်းစေမဲ့ အရာများ ပြုလုပ်ခြင်းရှောင်ရပါမယ်။
(၁၂)အထက်ပါအရာတွေကို ပြုလုပ်နေတဲ့အချိန်မှာဆေးလိပ်သောက်ခြင်းကိုရှောင် ရပါမယ်။
(၁၃)နောက်တစ်ခုကတော့ နားခေါင်းသွေးလျှံတဲ့အခါ ဝမ်းမချုပ်မိပါစေနှင့်။
(၁၄)ယာယီအားဖြင့် Afrin (သို့) Neo-Synephrine တို့လို့ စပရေးဖြန်းဆေးတွေကို သုံးနိုင်ပေမဲ့ ၊သွေးတိုးနေချိန် နှာခေါင်းသွေးယိုခြင်းမှာတော့ မပြုလုပ်သင်ပေ။
(၁၅)ထိုသို့ ပြုလုပ်ပြီးသော်လည်းသွေးက ရပ်ဆိုင်းခြင်းမရှိသေးပါက ဆရာဝန်ခေါ်ဟာ ကူသမှုခံယူ ရပါမယ်။
(၁၆)ဆရာဝန်များကသွေး ထွက်နေသည့်သွေးကြောကို Silver Nitrate(သို့မဟုတ်) လျှပ်စစ်ဓါတ်ကိုအသုံးပြုကာ အပူပေး၍ ပိတ်ခြင်း၊သွေးသိပ်စေသောဆေးရည်ဆွတ်ထားသည့်အဝတ်စကို နှာခေါင်းပေါက်အတွင်း ဖိသိပ်၍ထည့်ပေးခြင်း၊ နှာခေါင်းအတွင်းဘောလုံးငယ်ထည့်၍ ဖိအားပေးခြင်း စသည့်ဆေးသိပ္ပံနည်းများဖြင့် ကုသပေးလေ့ရှိပါတယ်။
(၁၇)မိမိတို့ နှာခေါင်းသွေး လျှံလေ့ရှိသူများအတွက် ငှက်ပျောပင်ကို ဓါးနှင့် ပိုင်းခုတ်၍ ပင်စည်မှထွက်လာသော သတ္တုရည်ကို ရှူပေးရပါမယ်။မင်းကွတ်သီးနှင့် မြင်းခွာရွက်ကို များများစာပေးပါ။ကြက်သွန်မြိတ်ကို ကျိတ်ချေပြီး ရရှိလာသော သတ္တုရည်ကို ချည်သားအဝတ်ဖြင့်တို့ ယူပြီးနောက် နှာခေါင်းဝတွင် အုပ်ပေးပါ၊ ပင်စိမ်းရွက်ခြောက် မှုန့်ကိုရှူပေးရပါမယ်။
ဒါဟာ ကျွန်တော်လေ့လာမိသလောက် steemit မိတ်ဆွေတို့ အတွက်အကျိုးရှိမယ်လို့ထင်ပြီး ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။
အားလုံးကျန်းမာ ရွှင်လန်းကျပါစေ......... photo credit: google image
MSU-028