photo credit: https://goo.gl/images/PGCvbE
မြန်မာ့ဆေးဖက်ဝင်ဖောင်းဖောင်းသီးအကြောင်းနှင့်အပင်အကြောင်းကို ကျွန်တော်လေ့လာမိသလောက် ပြန်လည်ကိုးကား စရင်းပြုစုရင်း မျှဝေလိုက်ရပါတယ်။
မြန်မာ့ဆေးဖက်ဝင်ဖောင်းဖောင်းသီးပင်သည် ရုက္ခဗေဒအမည်အားဖြင့် "Physalis peruviana" ဟုခေါ်သည်။အမြင့် ၃ပေခန့်သာရှိသော သက်တမ်းတိုအပင်တစ်မျိုးလည်း ဖြစ်သည်။အရွက်များသည် ရိုးရှင်းပြီး အပွင့်မှာ အဝါရောင်ဖြစ်ကာ ခရမ်းရောင်အစက်အပြောက်များ ပါရှိသည်ကိုတွေ့ရသည်။ခေါင်လောင်းပုံအပွင့်မှ အသီးများလည်းသီးသည်။အသီးများသည်အဝါရောင်ဖျော့ဖျော့မှခြောက်လာသောအခါ အညိုရောင်သို့ပြောင်းသွားပြီး အစေ့လည်းမြောက်များစွာရှိသည်။အပင်၏ မူရင်းဒေသမှာ ပီရူးနိုင်ငံဖြစ်ပြီး အီဂျစ်၊တောင်အာဖရိက၊ နယူးဇီလန်၊ သြစတြေးလျနှင့်ဗြိတိန်နိုင်ငံတို့တွင်လည်း စိုက်ပျိုးကြသည်ဟုလေ့လာမှတ်သားဖူးသည်။ မြန်မာနိုင်ငံတွင်လည်း အချို့နေရာများတွင် ဆီးချိုရောဂါသမားများအတွက် စိုက်ခင်းများနှင့် စိုက်ပျိုးထားကြသည်ကိုတွေ့ခဲ့ရဖူးသည်။ ၎င်းအပင်တစ်ပင်လုံးသည် ဆီးချိုရောဂါသမားများအတွက် အလွန်အသုံးဝင်ပြီး ဆီးချိုရောဂါဖြစ်နေသူများရောဂါထိန်းရန်အတွက် လက်ရှိအသုံးပြုနေသောအပင်လည်းဖြစ်သည်။ ထို့အပြင်ပန်းနာရင်ကျပ်နှင့် ပြည်တည်နာတို့အတွက်လည်း အသုံးဝင်သည်ဟု သိရ၊ မှတ်သားရဖူးသည်။၎င်း၏အရွက်သည် ပရိုတင်းဓါတ်များပြားပြီး အဆီဓါတ်၊ အမျှင်ဓါတ်နှင့် ကာဗိုဟိုက် ဒရိတ်ဓါတ်တို့ ပါဝင်မှုနည်းပါးသည်ကို သုတေသနပြုစမ်းသပ်ချက်များအရလေ့လာတွေ့ရှိရပါသည်။အဏုဇီဝပိုးများနှင့်စမ်းသပ်ကြည့်ရာ ၎င်းအပင်၏ အရွက်မှထုတ်ယူရရှိသော စတီးရွိုက်ဒြပ်ပေါင်းတစ်ခုသည် အလွန်အစွမ်းထက်သည်ကိုတွေ့ရပြီး ကယ်လဆီယမ်ဒြပ်စင်သည် ပမာဏအများဆုံး ပါဝင်နေသည်ကိုလည်းတိုင်းတာတွေ့ရှိရပါသည်။
အချုပ်အားဖြင့်ဆိုရသော်ဆေးဖက်ဝင်အပင်များကို သုတေသနပြုလေ့လာခြင်းအားသည် လူသားတို့၏ကျန်းမားရေးကို အထောက်အကူပြုစေသော အကျိုးကျေးဇူးများကို ရရှိစေပါသည်။
MSU-028