ဗယ်လင်တိုင်းဒေးနေ့မှာ ချစ်ရသူကို ဖွင့်ပြောဖို့ စဉ်းစားနေပြီလား
သင့်မှာ ချစ်ရတဲ့ ကောင်မလေးရှိနေပြီလား။
အဲဒီကောင်မလေးကို ဖွင့်ပြောဖို့ စဉ်းစားမိနေပြီလား။ ဒါဆိုရင်တော့ အချစ်သင်္ကေတကို ဖော်ညွှန်းတဲ့ ဗယ်လင်တိုင်းဒေးနေ့မှာ ဖွင့်ပြောဖို့ အသင့်တော်ဆုံးပါပဲ။ ဘယ်လို ဖွင့်ပြောမလဲ။ ချစ်ရသူကို ချစ်ကြောင်း ဖွင့်ပြောနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
၁။ အမှတ်တရဖြစ်တဲ့နေရာမှာပြောပါ။
သင်တို့ ၂ ယောက်ကြားထဲမှာ အမှတ်တရဖြစ်စေတဲ့ နေရာတစ်ခုခုတော့ ရှိမှာပါ။ ပန်းခြံ၊ အထိမ်းအမှတ် အဆောက်အအုံ၊ လမ်းမပေါ် စသဖြင့်ပေါ့။ သင်တို့ ၂ ယောက်အတွက် အမှတ်တရဖြစ်တဲ့ နေရာလေးမှာ သင်ချစ်ရသူကို ချစ်ကြောင်း ဖွင့်ပြောလိုက်ပါ။ သင်တို့အတွက် အဓိပ္ပါယ်ရှိတဲ့ ချစ်ခြင်းလေး ဖြစ်ပေါ်စေမှာပါ။
၂။ တေးဂီတသံစဉ်လေးတွေအသုံးပြုပြီးပြောပါ။
သင်တို့အတွက် အမှတ်တရဖြစ်စေတဲ့ စားသောက်ဆိုင်၊ အထိမ်းအမှတ်အဆောက်အအုံစတဲ့ နေရာမှာ သင်တို့အတွက် အဓိပ္ပါယ်ရှိတဲ့ တေးသီချင်းတွေ တီးခတ်ပြီးဖြစ်ဖြစ်၊ သီဆိုပြီးဖြစ်ဖြစ်၊ ချစ်ရသူကို ဖွင့်ပြောပါ။ သင့်တို့အတွက် သီးသန့်ဖြစ်စေတဲ့ တေးသီချင်းစာသားလေးတွေ အသုံးပြုရင်တော့ ပိုပြီး ရိုမန်တစ်ဆန်စေမှာဖြစ်ပါတယ်။
၃။ အနုပညာဖျော်ဖြေပွဲကြည့်စဉ်ပြောပါ။
ပြဇာတ်ဖြစ်စေ၊ အနုပညာဖျော်ဖြေပွဲဖြစ်စေ ကဇာတ်ရုံတစ်ခုထဲမှာ အတူသွားရောက်ကြည့်ရှုရင်း ဖွင့်ပြောပါ။ သင်တို့ ၂ ယောက်နဲ့ပတ်သက်တဲ့ မြင်ကွင်းလေးတွေဖြစ်ဖြစ်၊ ဗီဒီယိုလေးတွေဖြစ်ဖြစ် ပြသနိုင်ဖို့တော့ စတိတ်မန်နေဂျာနဲ့ ကြိုပြီး ပြောဆိုထားဖို့ လိုပါတယ်။ ဒီနည်းလမ်းကလည်း သင်ချစ်ရသူ သင့်အပေါ် ကြွေသွားစေမယ့် နည်းလမ်းဖြစ်ပါတယ်။
၎။ လမ်းပေါ်မှာရုပ်ပြောင်ဆွဲပြီးပြောပါ။
ဒါကတော့ ပေါ့ပေါ့ပါးပါးဖြစ်ပြီး လူငယ်ဆန်တဲ့ နည်းလေးပါ။ လမ်းမ ဒါမှမဟုတ် နေရာလွတ်တစ်ခုမှာ သင်နဲ့ သင်ချစ်ရသူရဲ့ ရုပ်ပြောင်ကိုရေးဆွဲထားပါ။ ပြီးရင်တော့ အဲဒီ ရုပ်ပြောင်မှာ အဖြေတောင်းတဲ့စာသားတစ်ခါတည်းရေးထားပါ။ ဒီနည်းလမ်းက ပါးစပ်က ဖွင့်ပြောဖို့ မရဲသူတွေအတွက် အသုံးဝင်မှာပါ။
၅။ လက်ဝတ်ပစ္စည်းပေးပြီးပြောပါ။
သင်ချစ်ရသူကို လက်စွပ်၊ ဆွဲကြိုးစတဲ့ လက်ဝတ်ရတနာတွေပေးပြီးလည်း ဖွင့်ပြောနိုင်ပါတယ်။ လက်စွပ်ဗူးထဲမှာ ချစ်ကြောင်း စာသား ဒါမှမဟုတ် ချစ်ကြောင်းဖော်ပြတဲ့ သင်္ကေတကို ထည့်ပြီး ချစ်ရသူကို ပရိုပို့စ်လုပ်နိုင်ပါတယ်။
ဒါကလည်း ချစ်ရသူကို ချစ်ကြောင်း အသိပေးနိုင်တဲ့ နည်းလမ်းလေးပါပဲ။