ဘီလီရဲ့ “အရှုံးမပေးတဲ့ဝိညာဉ်”
မြန်မာအိုင်ဒေါကနေမှ အနုပညာငွေကြယ်ပွင့်တစ်ဦး ဖြစ်လာခဲ့တဲ့ ဘီလီလမင်းအေးကို မှတ်မိမယ်ထင်ပါတယ်။
အသံချိုချိုလေးနဲ့ ပရိသတ်ရင်ထဲရောက်အောင် သီချင်းတွေကို သီဆိုနိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ဘီလီရဲ့ တေးအယ်လ်ဘမ် ခွေသစ်ဖြစ်တဲ့ “အရှုံးမပေးတဲ့ဝိညာဉ်” စီဒီကလည်း ပရိသတ်တွေလက်ထဲ မကြာခင် ရောက်လာ တော့မှာဖြစ်ပါတယ်။
ဒီ Audio CD ကို Bo Bo Music Production ကနေဖြန့်ချီတာဖြစ်ပြီး ဒီနေ့ မတ်လ (၃) ရက်မှာ Promotion ပွဲလေးကိုတော့ Junction City မှာညနေ ၃နာရီကနေ ၆နာရီထိ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။