ဟယ်ရီပေါ်တာ ဇာတ်ကားထဲက သတိမပြုတဲ့ အချက်အချို့
ဟယ်ရီပေါ်တာဇာတ်ကားတွေဆို အသဲစွဲကြိုက်နှစ်သက်သူတွေ ရှိကြလား…
အချို့လူတွေဆိုရင် ဟယ်ရီပေါ်တာဇာတ်ကားထဲမှာပါတဲ့ ဂါထာမန္တန်တွေကို အလွတ်တောင် ပြောနိုင်ကြမှာပါ။ ဇာတ်လမ်းရဲ့ ဇာတ်အိမ်ကလည်းကောင်းသလို ဒါရိုက်တာတွေရဲ့ ရိုက်ကူးပုံဖော်မှုတွေကလည်း တကယ်ကို ကောင်းမွန်တာကြောင့် ပရိတ်သတ်တွေက အစွဲအလမ်းကို ဖြစ်ကြတာပါ။
ပရိသတ်တွေ မသိသေးတဲ့ ဟယ်ရီပေါ်တာဇာတ်ကားထဲက စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာအချို့ကို WowBox တို့က ပြောပြပေးလိုက်ပါတယ်။
** ဟယ်ရီပေါ်တာ ဇာတ်ကားထဲမှာပါတဲ့ ဇာတ်ဝင်ခန်း (၄)ခုထဲမှာ လမ်းတွေဟာ စတူဒီယိုထဲမှာ ရိုက်ထားတာ မဟုတ်ဘဲ တကယ့်လမ်းတွေမှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
** စာပို့တဲ့ဇီးကွက်လေးတွေကို စာအိတ်လေးတွေ သယ်တတ်အောင် ခြောက်လကြာအောင် လေ့ကျင့်ပေးခဲ့ ရပါတယ်။ အဖွဲ့သားတွေဟာ စာတွေကို လက်ရေးနဲ့ထောင်ပေါင်းများစွာ ရေးခဲ့တာဖြစ်ပြီး ဇီးကွက်တွေ ကစာအိတ်တွေကို သယ်ယူဖို့ လေးတာကိုသူတို့သိပြီးနောက် နောက်တခါ ထပ်ပြုပြင်ပြီး ရေးခဲ့ရပါတယ်။
** ဂရိတ်ဟောမှာဆိုရင် တကယ့်နံရံကပ်ပန်းချီကား နှစ်ခုကိုမြင်ရတာ ဖြစ်ပါတယ်။
** ရွေ့လျားနေတဲ့ လှေကားတွေ အများကြီးက တကယ်တမ်းတော့ လှေကားတစ်ခုထဲကို သာပြုလုပ်ပြီး အထူး ပြုလုပ်ချက်တွေနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
** ဟာ့ခ်ျရစ်ဒ် ရဲ့မှုတ်ဆိတ်မွှေးတွေက အမျိုးအစားမတူတဲ့ ဆံပင်မွှေးခြောက်မျိုးကို ပေါင်းစပ်ပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။
** ဆေးရည်တွေထည့်ထားတဲ့ စာသင်ခန်းထဲမှာ ပုလင်းပေါင်း နှစ်ထောင်ကျော်ကို ထည့်ထားတာ ဖြစ်ပါတယ်။ ပုလင်းအားလုံးထဲမှာ မတူညီတဲ့ ဆေးရည်တွေထည့်ထားပြီး အနံ့လည်းအရမ်းပြင်းတယ်လို့ ဆိုပါတယ်။ သရုပ်ဆောင်တွေ သောက်ပြတဲ့ ဆေးရည်ဟာ ဟင်းချိုတွေဖြစ်ပါတယ်။
** မှင်စာလေး ဒိုဘီရဲ့ နားရွက်ပုံစံကို အနုပညာဌာနမှာရှိတဲ့ မက်စ်လို့ခေါ်တဲ့ ခွေးလေးတစ်ကောင်ရဲ့ နားရွက်ပုံစံကို ယူပြီး ဖန်တီးခဲ့တာဖြစ်ပါတယ်။
ဒီဇာတ်ကားကို ကြိုက်ခဲ့ပါတယ်
ဒီဇာတ်ကားကို မကြိုက်ခဲ့ပါဘူး