ရာသီစက်ဝန်းက တဖြည်းဖြည်း ပြောင်းလဲလျက်ရှိသည်။ နာရီတွေလည်း တရွေ့ရွေ့သွားလျက်ပင်ရှိသည်။ အချိန်ကာလ တစ်ခုနှင့်တစ်ခု ဆက်စပ်ကာ ရာသီတွေ လည်းသူပြီးငါ အလှည့်ကျ ပြောင်းလှည့်၍ တာဝန်ကိုယ်စီထမ်းရွက်နေသည့်အတိုင်း အချိန်အလှည့်အပြောင်းအလိုက် ပြောင်းလဲလာပေသည်။
နွေရာသီ ➳ မိုးရာသီ ➳ ဆောင်းရာသီ စသည်ဖြင့်အလှည့်ကျ ပြောင်းလျက်ရှိနေသည်။ ရာသီတွေရဲ့ ညီငယ် ဆောင်းရာသီမှာ အေးမြလှသည့် အအေးဒဏ်ကို ကောင်းစွာခံယူလျက်ရှိနေသည်။ ဆောင်းရာသီရဲ့ ဒီဇင်ဘာ အေးမြသည်မှာ ခံစားရသူအဖို့ အလွှမ်းတွေကို မြိုသိပ်မထားနိုင် တလှိုင်လှိုင်နှင့် ဆောင်းရာသီရဲ့ နှင်းစက်တွေနဲ့အပြိုင် ရေငွေ့လေးတွေနဲ့ ရောယှက်ကာ အလွမ်းဂယက်မှာ မိုးသို့တက်နေပြီ။
ပူလောင်နေသည့်ဒဏ်ရာများကို အေးချမ်းမှုပေးမလိုနဲ့ ဒဏ်ရာတွေကို တဖြည်းဖြည်း နိုးဆွ အတွင်းဆုံးထိရောက်အောင် တွန်းအားပို့ကာ ပို၍ ပူလောင်လာရပေပြီ။ ရက်စက်လေရော့သလားလို့တွေးထင် ဒဏ်ရာပင်အနာမကျက်ခဲ့။ လွမ်းရက်က ကြာလေသလား။ နှင်းစက်က ရက်စက်လေသလား။ ဝေခွဲရင်း........
Photp credit facebook and google image
MSC 170