ခေတ်ရေစီးကြောင်း ပြောင်းလဲလာသည်နှင့်အမျှ လူတို့ သုံးစွဲသည့် ပစ္စည်းများကလည်း ပြောင်းလဲလာလျက်ရှိပေသည်။ ယခင်ကအသုံးပြုသော ပစ္စည်းများနှင့် ယခုကာလအသုံးပြုသည့် ပစ္စည်းများမှာ ဆီနှင့်ရေ လိုပင် အလွန်ပင်ကွဲပြားကြပေသည်။ အခြားသော ပစ္စည်းများမဆိုထားနှင့် အနီးစပ်ဆုံး ပစ္စည်းဖြစ်သည့် မီးဖိုချောင်သုံး ပစ္စည်းများကို ကြည့်လိုက်ပါ။ရှေးယခင်က လူတို့ထမင်းဟင်းများ ချက်ပြုတ်ရာတွင် အသုံးပြု သည့်ပစ္စည်းများနှင့် ယခုလူတို့ ထမင်းချက်ပြုတ်ရာတွင် အသုံးပြုသည့်ပစ္စည်းများသည် မတူကြသည်ကို သိကြပေမည်။ ဥပမာ- ထမင်းအိုးကိုကြည့်ပါ။ ယခင်လူတို့က ထမင်းချက်ပြုတ်ရာတွင် သာမန်ထမင်းအိုးကို ထင်းမီး အသုံးပြုကာချက်ပြုတ်ခဲ့ကြသည်။ ထိုမှတစ်ဆင့် ပြောင်းလဲကာ ထင်းမှရသည့် မီးသွေးကို အသုံးပြုကာ ထမင်းကို ချက်ပြုတ်လာကြပြန်သည်။ တစ်နည်းပြော ရလျှင် တစ်ဆင့်တက်လာခြင်း ဖြစ်ပေသည်။ ထိုမှတစ်ဆင့် မြို့ပြများတွင် လျှပ်စစ်ကိုအသုံးပြုကာ လျှပ်စစ်ထမင်းပေါင်းအိုးကို အသုံးပြုကာ ထမင်းကို ချက်ပြုတ်ကြပြန်သည်။ ထမင်းချက်ပြုတ်သည့် အနားတွင် လူကြီးများနှင့်အတူတူ သားသားမီးမီးလေးများ ရှိနေတတ်ကြသည်။
လူကြီးမိဘများက ထိန်းမအားသည့်အခါ မိမိတို့အနား တွင်ကလေးများကို ခေါ်ထားလေ့ရှိကြသည်။ ကလေး ဆိုသည်က မိဘများနှင့် အမြဲတစေ အတူတူရှိကြသည် မဟုက်လား။ သို့အတွက် ထမင်းဟင်း ချက်ပြုတ်ရာတွင် လည်း အနီးအနားတွင် ရှိနေတတ်ကြသည်။ တစ်ခါတစ်ရံ မိဘများက ထမင်းဟင်း ချက်နေရုံနှင့်မပြီး အခြား လုပ်ငန်းများကိုလည်း ဆောင်ရွက်ရသေးသည်။ ထိုအခါ ကလေးများကို ဂရုမပြု ဖြစ်တတ်သည်။ ထိုအချိန်မျိုးတွင် ကလေးက ပူနေသော ထမင်းအိုးကို မိဘလုပ်သည့်အတိုင်း လိုက်၍ အတုခိုးလုပ်ဆောင်သည့် အခါရှိပေမည်။ ဥပမာ- ထမင်းအိုးကို ဇွန်းနှင့်မွှေတာမျိုးလုပ်ပေလိမ့်မည်။ ထင်းမီး သို့မဟုက် မီးသွေးကို အသုံးပြု ချက်ပြုတ်ခြင်း ဖြစ်ပါက အနည်းဆုံး အပူလောင်ပေလိမ့်မည်။ အများဆုံး ထမင်းချက်သည့် အဆောက်အဦး ပြာကျပေမည်။ ဤနေရာတွင် မြို့ပြဖြစ်မူ ထမင်း ကိုလျှပ်စစ်မီး အသုံးပြုကာ ပေါင်းအိုးနှင့် ချက်ကြပေမည်။ ပေါင်းအိုးနှင့် ချက်သည့်အတွက် အန္တရာယ်မရှိ ဟုယူဆပေမည်။ မဟုက်ပေ။ ပို၍ အန္တရာယ်ရှိပေမည်။ ပေါင်းအိုးကို ကလေးက ကိုင်၍ မှောက်လျှင် အနည်းဆုံး အပူလောင်ပေမည်။ သို့မဟုက်မူ လျှပ်စစ်ကို အသုံးပြုချက်ပြုတ်ခြင်း ဖြစ်သည့်အတွက် ရှော့ဖြစ်ကာ မီးလောင်ပေမည်။ မဟုက်လျှင် ဓာတ်လိုက်ကာ ခနလေးနှင့် ကလေး၏ အသက်ကို နှုတ်ယူသွားပေမည်။ မိဘများ သိလိုက်မည်မဟုက်ပေ။ ဤသည်မှာ လျှပ်စစ်ပစ္စည်းအသုံးပြုလျှင် လျှပ်စစ်သည်လည်း ကလေး များအတွက် အန္တရာယ်တစ်ခု ဖြစ်ပေသည်။
လျှပ်စစ်ကို အသုံးပြုခြင်းသည် အကျိုးကျေးများသလောက် အန္တရာယ်လည်းများပေသည်။ ကလေးမဆို ထားနှင့် လူကြီးများလည်း အန္တရာယ်ရှိပေသည်။ ကလေးများအတွက် ပို၍ အန္တရာယ်များသည်ကို လူကြီးမိဘများက သတိပြုစေလိုသည်။ လူကြီးများက သတိထားလျှင် ရနိုင်သေး။ ကလေးဆိုသည်က သတိမဆိုထားနှင့် အသိပင် ကောင်းစွာရှိအုံးမည် မဟုက်ပေ။ သို့အတွက် လူကြီးမိဘများက သတိပြု၍ စောင့်ရှောက်ရပေမည်။ သို့မဟုက်လျှင်မူ အသက်သေဆုံးသည် အထိဖြစ်တတ်သည်။ လျှပ်စစ်ကို မပေါ့ဆသင့်ပေ။
လျှပ်စစ်ကို ပေါ့ဆမိခြင်းကြောင့် ကလေး အသက်သေဆုံးသည့်ဖြစ်ရပ်ကို လက်တွေ့ကိုယ်တိုင် သိမြင်ကြုံတွေ့ရပေသည်။ လက်တွေ့ အပြင်မှာတစ်ကယ်ဖြစ်သွားသည့် ဖြစ်ရပ်ဖြစ်သည်။ ဖြစ်သွားတာက ဒီလိုဗျ။ "လွန်ခဲ့သော ၂နှစ်ခန့်ကဗျ ။ အမည်တွေတော့ မပြောတော့ပါဘူး။ မိသားစုတစ်ခုမှာ ဖြစ်သွားတာ။ မိသားစုက အိမ်ထောင်ခွဲကာစလေးဗျ။ ကျေးရွာ ကနေုမြို့ကိုပြောင်းနေတဲ့ အစကာလပဗျာ။ မြို့ဆိုတော့ လျှပ်စစ်မီးရတယ်။ လျှပ်စစ်မီးရတော့ CD စက်နဲ့ အဖေက သီချင်းဖွင့်ထားတာ။ ကလေးက သားဦးလေးဗျ။၃နှစ်လောက်ရှိမယ်ထင်တယ်။ ကလေးက စူးစမ်းချင်တော့ သွားကိုင်တယ်။ အဲမှာပဲကလေးက ဟိုကိုင်ဒီကိုင်နဲ့ ဓာတ်လိုက်ပြီး သေပါလေရော။ ဒါကို ကလေးသေတာ နာရီအတော်ကြာမှ သိကြတယ်။ ဝမ်းနည်းပက်လက် ဖြစ်တာပေါ့။ မွေးထားတာကလည်း သားဦးဖြစ်နေတာကိုး။ ဘယ်သူ့မှလည်း အပြစ်တင်လို့ မဖြစ်ဘူးလေ။ ခုတော့ သူတို့မိသားစု ပျော်ပျော်ရွှင်ရွှင် ဖြစ်နေပါပြီ။ သမီးလေးတစ်ယောက် မွေးထားတယ်လို့ကြား မိတယ်ဗျ။ သားဦးကလေးတော့ ဆုံးရှုံးရတာပေါ့။" ဒီဖြစ်ရပ်ကို ကြည့်လျှင် မိဘက ပေါ့ဆသည်က တစ်ကြောင်း၊ ကလေးများအတွက် လျှပ်စစ်က အန္တရာယ်ကြီး တစ်ခုဖြစ်နေသည်ကို တွေ့ရသည်။
ကလေးများအတွက် လျှပ်စစ်သည်ဘအန္တရာယ်ကြီး တစ်ရပ်ဖြစ်သည်ကို သတိပြုပါလေ။ လျှပ်စစ်ကို ကလေးများအတွက် အန္တရာယ်မဖြစ်အောင် သုံးစွဲကြရန် အရေးကြီးသည်။ ဤသည်ကို သတိပြုပါ။
ကလေးများဘဝ သာယာပါစေ။
Myanmar Steemit အဖွဲ့သားများအားလုံး ကျန်းမာချမ်းသာပါစေ။
Photo credit by google image
MSC 170