"စည်းစိမ်နှင့် ပညာ"
အပျင်းပြေ ပေါ့ ကလေးတွေကို ပုံပြောပြမလို့ ပုံပြင်စာအုပ်လေးဖတ်ရင်း စဉ်းစားမိတာလေး တွေးမိတာလေး ရေးကြည့်အုန်းမယ်။
ဟိုလေ သဌေးသားပုံပြင် လူတိုင်းကြားဖူးမှာပါ။
“ဗာရာဏသီပြည်မှာ သူဋ္ဌေးကြီး တစ်ယောက် ရှိတယ်လေ၊ သူ့မှာ တစ်ဦးတည်းသော သားလေး တစ်ယောက် ရှိတယ်၊ အဲဒီ သားလေးကို သူဋ္ဌေးကြီးက အရမ်းချစ်တော့ အလိုလိုက်ပြီး ကျောင်းမထားဘူး၊ ငါတို့ရဲ့ စည်းစိမ် ကုဋေရှစ်ဆယ်ဟာ ငါ့သားလေး တစ်သက် စားလို့မှ မကုန်ဘဲ .. ကျောင်းထားစရာ မလိုဘူးလို့ တွေးပြီးတော့လေ၊ အဲဒါနဲ့ အဆုံးကြတော့အားလုံး သိတဲ့ အတိုင်းပဲ .. ပညာမတတ်တဲ့ သူဋ္ဌေးသားက အဖြစ်ဆိုးနဲ့ ဇာတ်သိမ်း သွားတယ် မဟုတ်လား”
ဒီပုံပြင်လေးကို လူတိုင်းကြားဖူးမှာပါ ကုဋေရှစ်ဆယ်ဟာ ပညာမတတ်တော့ အကျိုးမရှိ သုံးဖြုန်းပီး ကုန်သွားတယ်လေ။
အဲဒီသဌေးသား အတော်ညံ့တာ ခုခေတ်လိုဆို အွန်လိုင်းမှာ ရင်းနှီးထားလိုက်ရင် အေးဆေးထိုင်စားနေယုံပဲ
ဟဟ -- ရီစရာပြောတာပါ--
ဒါမျိုးလူတွေလဲ ဒီခေတ်မှာ ရှိနိုင်ပါအုန်းမလား ။
မရှိလောက်တော့ပါဘူးနော် ငွေကို ဘယ်လိုသုံးရမလဲ မသိရင် လာမေး သင်ပေးလိုက်မယ် ဟဟ။
ငါသာဆိုတေ စတီးမစ်မှာ ပါဝါတွေဝယ်ထည့်ထားပီး ဘုတ်ရောင်းစားနေမှာ သိလား။
အေးဆေး ကလေးထိုင်မွေးနေလို့ရတယ်။
ကဲကဲ တော်ပီ ဆက်ရေးရင် မကောင်းတော့ဘူး။
ဘာရယ်ဟုတ်ဖူး စိတ်ကူးတည့်ရာလျောက်ရေးလိုက်တာ
အပျင်းပြေပေါ့ဗျာ။