လရေးနှစ်ချောင်းငင် လူ
တိတ်ဆိတ်ခြင်းတံခါး
ဘယ်သူလာဆွဲဖွင့်သွားလဲ
ငါ့ အသည်းအခန်းတံခါးကို သော့ပိတ်ထားတာကြာခဲ့ပေါ့
အေးစက်စက် အမှောင်တဖက်ခြမ်းမှာ
ဆူလောင်တဲ့ အတ္တမီးတွေ တဟုန်းဟုန်းနဲ့
စိုးထိတ်ညတေ တညပီးတည ။
အပေးနဲ့ အယူ
တမူပိုဆန်းနေတာက ဖြတ်ထိုးသမား
မပေးလဲယူ ပေးလဲယူ
သူ့မျက်နှာ အနားခြောက်နားညီတယ်
သေချာကြည့်ရင် မျက်လုံးဟောက်ပတ်နဲ့
ဦးခေါင်းခွံထဲမှာလောက်တေအပြည့်
ဟေ့ မင်းနာမည် ဘယ်သူလဲ
ကျနော် ဟာ '' လူ ''ပါ --- တဲ့။ ။
Writer >>>
(Steemit)(MSC006)
Writing End Time >>> 8:00 PM (15.1.2018)
#Poem #MyanmarSteemitCommunity #Literature
#Blog