''စတီးမစ်အလွမ်း နှင့် စတီးမစ်လမ်း''
ဟို အဝေးတနေရာက ကောင်းကင်ယံထက် တိမ်ပြာပြာပန်းချီကားနှင့် မိုးကလေးတစ်ပြိုက်နှစ်ပြိုက် ကျပီးတိုင်း အစွမ်းကုန်ဖူးပွင့် လှပနေကြသာ တောပန်းလေးများ၊ တွေ့ရာမြင်ရာတိုင်းက အလွမ်းဓါတ်ခံရှိတဲ့ကျနော့ရင်ကို အလွမ်းအဆွေးများကိုနှိုးဆွပေးနေကြပါတယ်။ သြော် လွမ်းနေရပါတယ် Steemit ရယ်။
ကျွန်တော် တယောက် မိသားစုဝမ်းရေးအတွက် တနေ့ပီးတနေ့ ထွေရာလေးပါး အလုပ်ကလေးများ ဆက်တိုက်ဆိုသလို လုပ်နေရတော့ Steemit အိမ်လေးကို မရောက်ဖြစ်တာ အတော်ကြာခဲ့ပါပြီ။
လူသားတို့ဘာဝ အိမ်ထောင်ရက်သားကျပီးတော့ မိသားစုဆိုတာဖြစ်လာပီလေ။ ဘယ်မှာအငြိမ်နေလို့ရတော့မလဲ မိသားစုဝမ်းရေးကတစ်ဖက် စာတိုပေစလေးရေးချင်သော ဝါသနာကတစ်ဖက် ကျနော်တစ်ယောက် စိတ်မောလူမော ဖြစ်နေရချိန်ပေါ့ဗျာ။
အဲ ဒါနဲ့ စကားလမ်းကြောင်းသင့်တုန်းလေး ကျနော် steemit လမ်းကိုစလျောက်တုန်းက အကြောင်းလေး သွားသတိရတယ်ဗျာ။ အဲဒီနေ့က မှတ်မှတ်ရရ fb လေးဖွင့် ဟိုပိုစ် ဒီပိုစ် လေးတွေရှောက်ကြည့်နေတာပေါ့ ။ online money ရှာတာကိုလဲ စိတ်ဝင်စားသူဆိုတော့ fb က fri တော်တော်များများက online money လုပ်နေကြသူများပါတယ်။ သူတို့တင်တဲ့ fb post လေးတွေဖတ်ရင်း ငွေရှာနည်းပညာလောကကို စမ်းတဝါးဝါး ဝင်မှန်းမသိဝင်လာနေသူကျနော်ပေါ့ဗျာ။ တွေ့ပါပီ အကိုဥာဏ်လင်းတင်ထားသောပိုစ် ဘာတဲ့ '' စတီးမစ်ပလက်ဖောင်းမာ စာရေးမယ် likeပေးမယ် ငွေရှာကြမယ်။ စာရေးတာဝါသနာပါသူများ ဖိတ်ခေါ်ပါတယ် တဲ့ဗျာ။ ''
စိတ်ဝင်စားတာပေါ့ဗျာ နဂိုကမှ စာရေးတာဝါသနာပါသူ ဘယ်နေမလဲ ချက်ချင်းပဲ ကိုဥာဏ် check box ကိုအပြေးသွား မေးတော့တာပဲ၊ အကိုဥာဏ်က သဘောထားပြည့်ဝသူပါ online exchanger လုပ်နေသူတစ်ယောက်က ခုလိုဆိုက်မျိုးကို share ပေးတယ်ဆိုတော့ ကျနော့် စိတ်ဝင်စားမှုက ခုခေတ်ပြောသလိုပြောရရင် 99+ ပေါ့ဗျာ။ အကိုဥာဏ်က အကောင့်ဖွင့်နည်းနှင့်တကွ password ကိုဘယ်လိုထိန်းသိမ်း ရမယ်ဆိုတာတွေကို လမ်းညွှန်ပေးပါတယ်။ ဘယ်လိုစည်းကမ်းတွေရှိတယ်ဆိုတာပါ တဆက်တည်း သူကသင်ပေးတယ်ဗျာ။ အကိုဥာဏ်ဟာ ကျနော့ရဲ့ စတီးမစ် လက်ဦးဆရာပါ။ အကိုဥာဏ် ကို အမြဲကျေးဇူးတင်နေလျက်ပါ။
ဒီလိုနဲ့ စတီးမစ်ဆိုတာကို ဘာမသိညာမသိ နည်းစနစ်မသိပဲ ဝါသနာအရင်းခံနဲ့ ရောက်လာတယ်ပေါ့ဗျာ။ တွေ့ပါပီအခက်အခဲ ကော်ပီကိစ္စပါ အစပိုင်းဆိုတော့ ကိုယ်ပိုင်ဦးနှောက်သုံးပီး အစစ်အမှန် ဆောင်းပါးရေးဘို့ မစဉ်းစားမိဘူး လွယ်လွယ်ရ လွယ်လွယ်ရေး online ပေါ်က ဝီကီပီဒီယာမှာ ဆောင်းပါး အတွက်ကောင်းတာလေးတွေ ကော်ပီယူချတယ်ပေါ့ဗျာ။ အစက တစ်ပိုစ် နှစ်ပိုစ့်က ကော်ပီလွတ်သေးတယ် နောက်တစ်ခုမာ မိပါလေရော ''ချိဘော့''။ ငိုအားထက်ရယ်အားသန်ဖြစ်ရတာ ပြောအုန်းမယ် အဲ့ဒီ ချိဘော့ဆိုတာကို သူလိုကိုလို user မှတ်ပီး စကားပြန် reply တေဘာတေလုပ်လိုက်သေးဗျာ။ နဂိုကမှ အင်္ဂလိပ်စာ အရေးအဖတ်ညံ့တာ ချိဘော့ကြီးလာတာ ဘာမှန်းမသိ ပျော်တောင်ပျော်နေသေး ငါ့ပိုစ်ကိုလာဘုတ်တယ်ဟဆိုပီးလေ။
စတီးမစ်လမ်းအစမှာ ကျနော်ဖြစ်ခဲ့တာလေးပါ အမှတ်ရလို့ပြန်ပြောပြမိတယ်။ ရယ်စရာလို့သဘောမထားပဲ သင်ခန်းစာယူစရာလို့ သဘောထားပါဗျာ။ အဲဒီနောက်တော့ ကျနော် ဝေ့လည်လည်နဲ့ ဟိုအဖွဲ့ဝင် ဒီအဖွဲ့ဝင်နဲ့ ကိုယ်တင်တဲ့ပိုစ် လေး ဘုတ်ရရေး ကြံရဖန်ရတော့တယ်။ ဘယ်ကမှဘုတ်မရ ပိုစ်တစ်ခု အလွန်ဆုံးရ 0.50 sbd ။ အဲလောက်ရတာ အတော်များလှပီ။ လက်မလေးတထောင်ထောင်နဲ့ ငါဟဲ့ရွှေဘိုသားဆိုပီး ကြိတ်ပျာ်နေမိသေးဗျာ။
အဲတနေ့တော့ ကျနော်တင်ထားတဲ့ ''မြတ်နိုးပါလေ ယဉ်ကျေးမှုအမွေ '' ဆိုတဲ့ ဆောင်းပါလေး ကျနော် အားအနည်းငယ်စိုက်ထုတ်ရေးမိထားတာလေးပေါ့။ ဒီပိုစ်လေးတင်ထားပီး ၃ရက်မြောက်မှာ sbd 6$ ကျော်ကျော် ရရှိထားတာတွေ့လိုက်ရတော့ ပြူးပီလေ မျက်လုံး။ တကယ်ဗျာ မျော်လင့်မထားသော၊ ထင်မှတ်မထားသော ဘုတ်ပေးထားသည်ကိုတွေ့လိုက်ရတော့ အံ့သြမိပါတယ်။ အကြောင်းကတော့ ကိုကချင်ဟင်နရီ၏ ကြိုးစားအားထုတ်မှုကြောင့်ဟုဆိုသည်ကို သိလိုက်ရပါတယ်။ လေးစားခြင်း၊ ချီးကျူးခြင်း၊ အားကျခြင်း။ ပျော်ရွှင်ခြင်း။ ဂုဏ်ယူခြင်း အဲဒီလို'' ခြင်း''များစွာ ကျနော်ရင်မှာ တဖွားဖွားပေါ်ပေါက်လာစေပါတယ်။
ပြန်လည်ဖတ်ကြည့်ချင်တယ်ဆိုရင် (https://steemit.com/blog/@nyinyiwin/yamt-opundefinedl-y-undefinedm-aemy-art)
ထိုပိုစ်လေးကအစ ကျနော်တယောက် စတီးမစ်လမ်းမာ လမ်းကြောင်းမှန်ကို ရှာဖွေ တွေ့ရှိပြီဟု ယုံကြည်ခဲ့ပါပြီ။ ထိုအချိန်မှစ၍ ကျနော်သည် ကိုယ်ပိုင်အရေးအသားများကိုသာ ယုံကြည်စွာ၊ မြတ်နိုးစွာ၊ ဂုဏ်ယူစွာဖြင့် ဆက်လက်ရေးသားတင်ပြခဲ့ပါတယ်။ ကိုကချင်ဟင်နရီ ဦးဆောင်သော Myanmar Steemit Community ကိုလည်း တစ်ဖက်တစ်လမ်းက ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ကူညီပေးမည်ဟု စိတ်ဆုံးဖြတ်ပီးနောက် MSC မှာကျနော် တတ်သလောက်မှတ်သလောက်လေးနဲ့ ကူညီပေးနေခဲ့ပါတယ်။ MSC သည်ကျနော်တို့ တစ်ဦးတစ်ယောက်အတွက် မဟုတ်ပဲ စတီးမစ်မှာလျောက်လှမ်းနေကြသော မြန်မာများအားလုံးအတွက်ဆိုတာ မြန်မာUser များ နားလည်လာကြမည်ဟု ယုံကြည်ထားမိပါတယ်။
ယခုဆိုလျှင် စတီးမစ်ပလက်ဖောင်းပေါ်မှာ မြန်မာတွေနေရာရနေပီဆိုတာ သိရတယ်ဗျာ။ စတီးမစ် မြန်မာ ဆိုတာ ကမ္ဘာက သိလာ၊ အလေးထားလာ၊ တန်ဘိုးထားလာ သည်ကို ဝမ်းသာဂုဏ်ယူစွာ တွေ့မြင်နေရပီဖြစ်ပါတယ်။ မြန်မာ user များကလည်း မိမိတို့နိုင်ငံအတွက် တန်ဘိုးရှိသော။ အဓိပ္ပါယ်ရှိသော၊ အနှစ်သာရပါသော၊ နောင်လာနောက်သားများအတွက် နည်းပေးလမ်းပြဖြစ်စေသော ဆောင်းပါးကောင်းများ မွေးထုတ် ရေးထုတ်ကြပါလို့ တဆက်တည်း ဆော်သြပါရစေ။
ကဲဗျာ ဒီဆောင်းပါးကို ဒီလောက်နဲ့ပဲ ရပ်ထားလိုက်အုန်းမယ် စာရေးတာ အတော်ရှည်လျားသွားရင် ဖတ်သူရှုသူများ ငြီးငွေ့မှာ စိုးတယ်ဗျာ။ အခုဆောင်းပါးဟာ ဆောင်းပါးလို့ အမည် မတပ်ချင်ပါ ကျနော်၏ စတီးမစ်နှင့်ကွဲကွာနေသောခဏတာအခိုက်အတန့်လေးမှာ ကျနော်၏ စိတ်ခံစားမှုများ Steemit ကို လွမ်းမိသည်၊ သတိရသည်၊ တမ်းတနေသည် ဆိုသည့်အကြောင်းကို ကျနော်၏ စတီးမစ်မိတ်ဆွေများ သိရှိစေကြောင်း ရည်ရွယ်ရေးသားရင်း စတီးမစ်မှာကြုံတွေ့ခဲ့ရ၊ အမှတ်ရစရာလေးများကို ပြန်လည် ပြောပြနေခြင်းမျှသာဖြစ်ပါတယ်။ ထိုကြောင့် ကျနော်၏ စတီးမစ် ခရီးလမ်း နှင့် စတီးမစ်အလွမ်းကို ဒီမှာ တခန်းရပ်ပါရစေ။ ။
(Credit
)
မြန်မာစတီးမစ်ကွန်မြူနတီ အောင်မြင်မှုများဆထက်တံပိုးတိုးတက်လာကြပါစေဗျား။ ။
မြန်မာ စတီးမစ် အဖွဲ့သားများကို သတိရလျှက်
Writer >>>
(Steemit)
Writing End Time >>> 5:00 PM (14.10.2017)