“မိမိကိုယ်ကိုREVIEW ပြန်ကြည်ြ့ခင်း(02)”
ကျနော် မိမိကိုယ်ကို review ပြန်ကြည့်ခြင်းလေးများ ရေးခဲ့သည်မှာ ယခု ဒုတိယ ပိုစ် ဖြစ်လာပါပြီ။ ကျနော်ရေးခဲ့ပီးသော ပိုစ်များအား ပြန်လည်သုံးသပ်ကြည့်မိသောအခါ လိုအပ်ချက်များစွာ ရှိနေသည်ကို သတိထားမိပါသည်။
အရေးအသားပညာ နုနယ်နေသေးသော ကျနော်၏ စာပေများကို အားပေးဖတ်ရှုလာကြသော မိတ်ဆွေများကို အားနာမိ လေးစားမိပါသည်။
ကျနော်၏ ဘလော့အားလာရောက်အားပေးဖတ်ရှုသူ မိတ်ဆွေ၊ ညီအစ်ကိုမောင်နှမများအား ရသမျိုးစုံ ပေးစွမ်းနိုင်သူ ဖြစ်လိုလှပါသည်။
ထို့ကြောင့်ပင် အတွေးတို့ တွေးလျက် အရေးတို့ ရေးလျက် ဆထက်တံပိုး ကြိုးစားလျက် ရှိပါ၏။
ကောင်းပါပြီ ကျနော်၏ review လေးကို ဆက်ပါမည်--
ဆက်လက်၍ တင်ပြဖြစ်သည်မှာ ** ချက်စူနှင့် အင်တာဗျူးခြင်း** ဟူသည့် ဟာသပိုစ်လေးသည် မြန်မာစတီးမစ်အဖွဲ့ဝင် ကိုသာအေးမှ ကျနော်ရေးသောပိုစ်များ ထဲတွင် ဇာတ်လိုက်အဖြစ် အသုံးပြုပေးပါဟု တောင်းဆိုလာသဖြင့် ဟာသလေးဖြစ် အောင် ယနေ့ခေတ်တွင် ဖြစ်ပျက်နေသော အတုထုတ်လုပ်ခြင်းများကို သရော်ထား သည်ကိုပါ မြင်တွေ့ရပါမည်။ ဟာသ သရော်စာဖြစ်သည့်အလျောက် ဖတ်ပြီးလျင် ပြုးမိကြမည်ပင်။ ကိုယ်တိုင်ဖတ်၍ ရယ်ပြုံးလိုက်ပါလေ။
နောက်ထပ်တဖန် အလှည့်ကျသည်မှာကား ဘ၀သရုပ်ဖော်ရေးရန်အလှည့် ဖြစ်သော်လည်း ရေးလက်စများ မပီးနိုင်ဖြစ်နေပါသဖြင့် မည်သို့ လုပ်လျင်ကောင်း မည်နည်းဟု အကြံအိုက်လျက်ရှိနေခဲ့သည်။ နေပူအရိပ်ခိုရင်း ပက်လက်ကုလားထိုင် လေးဖြင့် စိတ်ကူးယဉ်နေခိုက် ကျီးငှက်တစ်ကောင်၏ တအာအာမည်နေသည့် အဖြစ်ကို မြင်မိလေရာမှ ကျီးငှက်လေးဟာ သူ့အဖော်ကို လွမ်းနေသည်။ အဖော်မဲ့ နေသည်။ သူ့အဖော်ထွက်သွားရာလမ်းကို မျှော်ရင်း စောင့်နေသည်။ အချိန်တန်သော် လည်းပြန်မလာသဖြင့် တစ်ကောင်တည်း အိပ်တန်းတက်ရန် ပြန်ခဲ့ရသည်။ စသည့်အတွေးများ ၀င်လာကာ ခေတ်ဆန်သော မော်ဒန်ကဗျာတစ်ပုဒ် ရေးချမိ လိုက်သည်။အတွေးကဗျာများ- ၈ တွင် ရှုစားပါချင်ဗျာ ။
ဤသို့ဖြင့် တနေ့တစ်မျိုး၊ တစ်ကြိမ်လျင် ရသတစ်မျိုးစီအား တင်ပြပေးခဲ့ပါသည်။ တနေ့တွင် ဂျာနယ်တစ်စောင်ကိုဖတ်နေရာမှ ဘာသာပြန် ဆောင်းပါးများကို ဖတ်ရပါသည်။ ထိုသို့ ဘာသာပြန်စာပေများကို ဖတ်နေရင်းမှ မိမိငယ်စဉ်က ဖတ်ခဲ့ဖူးသော အချစ်ဖွဲ့ ဘာသာပြန်ဝတ္တုတစ်ပုဒ်အား သတိရလိုက်မိ သည်။ သို့နှင့် ထိုဝတ္တုလေးကို ပြန်လည်အသက်သွင်း၍ ဇတ်လမ်းစဉ်ကာ အချစ်ဖွဲ့ဇာတ်လမ်းလေးတစ်ပုဒ် ဖန်တီးမိချေသည်။ လူငယ်တစ်ယောက်သည် မိန်းကလေးတစ်ယောက်ကို ချစ်မိရာမှ အနှိမ်ခံ ၊အပစ်ပါယ်ခံရသောအခါ စိတ်ဓါတ် ခွန်အားတို့ မွေးဖွားနိုင်လာပီး သူ့ဘ၀ကို အမြင့်ဆုံးသို့ တက်လှမ်းသွားနိုင်ခဲ့သည်။ ထို့နောက် သူချစ်သော မိန်းကလေးကို မပေါင်းနိုင်သော်လည်း ချစ်မြဲချစ်သွားပုံ၊ ဓနဂုဏ်၊ ရာထူးဂုဏ်မက်သော မိန်းကလေးမှာ နောင်တကြီးစွာရသွားပုံ၊ အချစ်ကိုနားလည်သွားပုံများကို အလှည့်အပြောင်း လေးဖြင့် တင်ပြထားပါသည်။ ပိုစ်အမည်လေးက သူမနှင့် ချစ်တတ်သူ ဖြစ်ပါသည်။ အားပေးဖတ်ရှုပေးပါခင်ဗျာ။
မိမိကိုယ်ကို ဆန်းစစ်ခြင်း ဆိုသည့် ပိုစ်လေးများကို တစ်လလျင်တစ်ကြိမ် နှစ်ကြိမ်ခန့် တင်သွားမည်ဟု ရည်ရွယ်ထားပါသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် မိမိ၏ ပိုစ်များကို review ပိုစ်တွင် စုစည်းမိမည်ဖြစ်သလို စာဖတ်သူမိတ်ဆွေများလည်း အလွယ်တကူ လင့်လေးကိုနှိပ်ကာ ဖတ်ရှုနိုင်မည်ဖြစ်သည်။
ဤတွင် ကျနော်၏ review(2)အား ခေတ္တရပ်နားခွင့်ပြပါခင်ဗျား။ ။
မြန်မာစတီးမစ် ညီအစ်ကိုမောင်နှမများ တိုးတက်အောင်မြင်ကြပါစေ။
Writer >>>(Steemit) MSC-006
Writing End Time >>> 1:30 AM (20.3.2018)
Above Article is Using Myanmar Steemit Community Images and Google Images.
#Myanmar #MyanmarSteemitCommunity #Selfreview #Writing #Esteem