သူငယ်ချင်းများအားလုံး မင်္ဂလာပါခင်ဗျာ...
အခုတစ်ခါ တင်ပြပေးမှာကတော့...
ကျွန်တော် လေ့လာလို့ရသလောက်ထဲက
free upvote ယူနည်းလေးပဲဖြစ်ပါတယ်။
အရနည်းတယ်ဆိုပေမယ့်...
ကျွန်တော့်လို့ လူသစ်တွေ(မသိသေးသူ)အတွက် အနည်းငယ် အထောက်အပန့်ဖြစ်မယ်လို့တော့ မျှော်လင့် မိပါတယ်ခင်ဗျာ။
ထုံးစံတိုင်း သိတဲ့ဆရာတွေကတော့ ကျော်သွားနိုင်ပါတယ်။ မသိသေးတဲ့ လူသစ်(ဘဝတူ)တွေကတော့ သီးခံဖက်ပေးကြပါခင်ဗျာ...
နားလည်လွယ်ကူအောင် ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ် မရှင်းတာရှိရင် comment မှာ မေးနိုင်ပါတယ်ခင်ဗျာ။
ပထမဦးဆုံး အနေနဲ့ Discored app လေးကို
ဖုန်းထဲမှာ download ဆွဲထည့်ပါ။
APK ဒီမှာ ယူနိုင်သည် 👇
https://play.google.com/store/apps/details?id=com.discord
Discord app ဖုန်းထဲရောက်ပြီဆိုရင်တော့...
Register လုပ်ရပါမယ်။
ပုံထဲကတိုင်း Register ဆိုတာလေးကို နိုပ်လိုက်ရင်တော့... အောက်ပါပုံအတိုင်း ပေါ်လာပါမယ်
Username နေရာမှာ မိမိsteemitအကောင့် နာမည်ထည့်ရင် ပိုကောင်းပါတယ်။ မထည့်ချင်လည်း တစ်ခြား name ထည့်လည်းရပါတယ်။
Email နေရာမှာလည်း မိမိsteemitအကောင့်ဖွင့်တုန်းက mailထည့်ရင် ပိုကောင်းပါတယ်။ မထည့်ချင်လည်း တစ်ခြား mail ထည့်နိုင်ပါတယ်။
Password ကို မိမိကြိုက်နှစ်သက်ရာ ထည့်နိုင်ပါတယ်။ သေချာတော့ မှတ်ထားပါ။
အားလုံးဖြည့်ထည့်ပြီးရင်တော့... အောက်ဆုံးက
REGISTER ဆိုတဲ့ အပြာရောင် ခလုပ်လေးကို နိုပ်ပါ။
ဒါဆိုရင် အောက်ပါပုံအတိုင်း ပေါ်လာပါမယ်...
VERIFY ဆိုတဲ့ အပြာရောင် ခလုပ်လေးကို ဆက်၍နိုပ်ပါ။ အောက်ပါပုံအတိုင်း ထပ်ပေါ်လာပါမည်။
ပုံထဲမှာပြထားတာကတော့ သူရွေးခိုင်းတဲ့ ပုံလေးတွေ မှန်အောင်ခိုင်းတာပါ... ဟုတ်ကဲ့ မှန်အောင်ရွေးပြီးရင်တော့... အောက်ဆုံး ထောင့်နားလေးက VERIFY အပြာရောင် ခလုပ်လေးကို နိုပ်လိုက်ပါခင်ဗျာ...
အာက်ပါပုံအတိုင်းဆိုရင်တော့ အကောင့်ဖွင့်လို့ ရသွားပါပြီ👇👇👇
Discord အကောင့်ဖွင့်ရသွားပြီဆိုရင်တော့... တစ်ဆက်တည်းမှာပဲ... အောက်ပါအတိုင်း ဆက်၍လုပ်ဆောင်ရပါမည်။ အောက်ပါပုံကိုကြည့်ပါ👇
Enter an Instant Invite ဆိုတဲ့နေရာမှာ free upvote ရယူမယ့် လင့်ခ်တစ်ခုထည့်ပေးရပါမယ်။
အောက်ပါလင့်ခ်အား ကူးယူ ထည့်နိုင်ပါသည်။
👇👇👇👇
https://discord.gg/R4KTE3
လင့်ခ်ထည့်ပေးပြီးရင်တော့ အပေါ်ဆုံး ထောင့်နားလေးက Join ခလုပ်လေးကို နိုပ်လိုက်ပါ။
အောက်ပါပုံအတိုင်း ပေါ်လာရင် Discord app ကနေ free upvote ရယူနိုင်မယ့် လင့်ခ်နဲ့Joinပြီးသွားပါပြီ။
.... 😜
Message #registration ဆိုတဲ့ ကွက်လပ်ထဲတွင်
အရှေ့တွင် $register ရေးထည့်ပြီး မိမိ steemit အကောင့် name ရေးထည့်ပါ။
👇👇👇အောက်ပါအတိုင်း နမူနာ ရေးနည်း
$register onedee 👈 ဒီလိုလေးရေး onedeeဆိုတာ ကျွန်တော့် steemit အကောင့်nameပါခင်ဗျာ။
ပြီးရင်အောက်ပါအတိုင်းပုံအတိုင်း ပေါ်လာပါမည်။
စာပြန်ပို့လာတာကို သေချာကူးမှတ်ထားပြီးတော့ အောက်ပါပုံအတိုင်း ဆက်၍ကြည့်ပါ။
Registration လုပ်အတွက် Steem to sbd ကို 0.001 ထက်ပို၍ မပို့ရပါ။ အခုလို ပို့ပြီးသွားရင် free upvote ယူဖို့အတွက် Registration လုပ်၍ပြီးပါပြီ။
free upvote ရယူမယ်ဆိုပါက 6ရက်ထက် မကျော်သေးသော မိမိ post link အား ကူးယူး၍ အောက်ပါပုံအတိုင်း ဆက်၍ကြည့်ပါ။
ဖြည့်ထည့်ရမည့် ကွက်လပ်ထဲတွင် ရှေ့ဆုံးကနေ $upvote ထည့်ပေးရမည် ပြီးမှာသာ အနောက်ကနေ မိမိရဲ့ post link ထည့်ပေးပါ။
ဥပမာ
Free upvot ယူမယ့်
Post link ထည့်နည်း
👇👇👇👇
$upvote https://steemit.com/myanmar/@onedee/sbd-wng-steem-lelwyyakhng
မှတ်ချက်... post link ကူးယူနည်းကို သိကြမယ်လို့ ထင်ပါတယ်။ နားမလည်တာများ မရှင်းတာများ လိုအပ်ချက်များ ရှိခဲ့ပါက comment တွင် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ အခုတော့ ဒီလောက်နဲ့ပဲ ရပ်နားပါရစေ။
အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ....။