Onlineကိုစိတ်ဝင်စားလာတာနဲ့အမျှ onlineကနေ ဝင်ငွေလေး ရမလားလို့ ကြံမိကြံရာ websiteလေးဝယ်လိုက်တယ်။
ခေတ်စားနေတဲ့ instant articleလေးလုပ်မိတယ်။ လုပ်ခါစတော့ အကောင်းပဲ။ တနေ့တစ်နေ့ရနေတာပဲလေ။ အဲ မကြာပါဘူး နောင်ပိုင်းတော့ errorတွေတက်လာတယ်။ postတွေ တင်တာပိတ်ခံရတယ်။ တင်လိုက်ပျက်လိုက်နဲ့ အချိန်တွေ ကုန်ခဲ့ပြန်ရော။
ဒါတင်မကသေး pageတွေကို ia ဖြုတ်ကျပါလေရဲ့။ ကြွေကွဲ ရပြန်ပြီလေ။
အခုတော့ အရင်းမရတဲ့အပြင် အရှုံးရတယ်လို့ မှတ်ယူထားမိတာပေါ့။
သို့ပေမယ့် websiteလေးတစ်ခုတော့ ပိုင်ဆိုင်ခွင့်ရတာပေါ့။အာ့လိုရလို့လဲ နည်းပညာတစ်ခုပြီးတစ်ခု သွားရမယ့်လမ်းတွေက အများကြီးပေါ်လာပြန်ရော။ ဆက်ပြီးလေ့လာစရာတွေက အများသား။အဆိုးထဲက အကောင်းလို့ပဲ မှတ်ယူထားရမှာပေါ့။
ကဲ ဒီနှစ်အဆင်မပြေသမျှတော့ လာမယ့်နှစ်အတွက် ပိုပြင်ဆင်ထားဖို့ လမ်းပေါက်မိတာပေါ့။ အခုက ဆိုင်းမဆင့် ဗုံမဆင့်နဲ့ လုပ်ရတော့ အနည်းအကျည်း အဆင်မပြေ တာတွေနဲ့ ကြုံခဲ့ရတာပေါ့။
အားတော့မလျှော့ ပေ။ဒီနှစ်မရရင် နောင်နှစ်အတွက် အားတင်းထားလိုက်တယ်။