ရလဒ်ကောင်းတွေ မျှော်လင့်နေတုန်း
မင်္ဂလာပါ ခင်ဗျာ။
တနေ့ တနေ့ online သုံးလာတာ ပျင်းစရာ။ လုပ်စရာကအများ...မလုပ်ဖြစ်နေတာက ပိုများနေပြန်ရော။
ကိုယ်ပိုင် planလေးတော့ ရှိနေတုန်းပဲ။ ကြိုးစားနေရတုန်းပဲရှိသေးတယ်။ ကိုယ်နဲ့က onlineက လက်ကမ်း မမှီ တမှီလေးဖြစ်အောင် ကိုယ့် phoneလေးနဲ့ အလွယ် လေ့လာနေရနေတုန်း။
အပြင်သင်တန်းတွေလဲ တက်ဖို့တော့ စိတ်ကူးက ရှိသေး။အခြေအနေကလဲရှိသေးတော့ မတက်ဖြစ်သေးတာပေါ့။
steemit မှာ စာရေးတယ်။ Airdropလေးတွေလိုက်ပြီး လုပ်တယ်။ Page တိုးတက်ဖို့ ကြံဆံတယ်။ Google ကို ဘယ်လိုသုံးရမလဲ စဉ်းစားတယ်။ ဘယ်လို Apkကိုရေးရမလဲ သုံးသပ်တယ်။ Webကတော့ ပစ်ထားမိသေးတယ်။
လုပ်စရာက အာ့လိုများတာ။ အာ့လို အတူ စိတ်ကူးမယ့် သူငယ်ချင်းတစ်ယောက် အနီးကပ်ရှိရင်ပိုကောင်းတာပေါ့။ကျောင်းမှာဆိုတောင် စာတွေ တွက်ခဲ့ရသေးတယ်မလား။တစ်ယောက်တည်းတွက်နေရင် ပျင်းစရာကြီးလေ။😁😁
အခုလဲ အာ့လိုပဲ တစ်ယောက်တည်းလေ့လာနေရတော့ ပျင်းစရာ။တိုင်ပင်ဖော် ငြင်းဖော်မရှိတော့ idea ကောင်းကောင်းမရတဲ့ အဖြစ်မျိုး။ ဘာရယ်မဟုတ်တောင် အပျင်းတော့ ပြေတာပေါ့။
ဒါကလဲ ကိုယ်ကြိုးစားနေရတုန်းပဲရှိသေးလို့လေ။ထို့ကြောင့်...ရလဒ်ကောင်းတွေ မျှော်လင့်နေတုန်းပဲလေ။