ပြည့်စုံသွားတယ်လို့ မရှိသော လူတို့ ၏သဘာဝအတိုင်း ကျနော့မှာလည်း ဟိုဟာမရခင်က ဟိုဟာလေးဝယ်ပြီးရင် တော်ပါပြီလေလို့  စိတ်ဆုံးဖြတ်မိပေမယ့် ဟိုဟာလေးလဲဝယ်ပြီးရော ဒီဟာလေးထပ်ထည့်လိုက်ရရင် ကောင်းမှာဘဲဆိုတဲ့ နောက်ဆက်တွဲတွေက တန်းစီလာပြန်ရော ။
လိုချင်တာတွေက အတောမသတ်နိုင်ဘူးဖြစ်နေတယ် ။ တယောက်ထဲဖြစ်လို့  တော်သေးတယ်လို့ ဆိုရမယ် ။ ခုချိန်များ အိမ်ထောင်ရက်သားကျလို့  သားသမီးတွေများရနေခဲ့ရင် မလွယ်ဘူးဗျ ။ ကျနော် လူပျိုကြီးဖြစ်ပါကြောင်း ကြော်ငြာဝင်တယ်ပေါ့ဗျာ ။
မိသားစုရှိတဲ့လူတွေကို လေးစားမိတယ် ။ ရှာရဖွေရ သိပ်မလွယ်ကူဘူးဗျ ။ ကျနော့မှာတယောက်ထဲကို ချာလည်ရိုက်နေတာ ။ လခလေးထုတ်လိုက် လိုတာလေးဝယ်လိုက်နဲ့ ခုတလဆို အပိုတောင်မစုနိုင်ဘူး ။
ကိုယ့်ဆီမှာက ကိုယ့်ဆွေမျိုးနဲ့ကိုယ့်မိသားစုရှိတော့ အခက်အခဲဖြစ်လာရင် တိုင်ပင်ရတာကောင်းပေမယ့် ဒီမှာက အလုပ်ကိုယ်စီနဲ့ဆိုတော့ အားတဲ့ရက်မှ ဆုံဘို့ မှာပြီး တွေ့ဖြစ်ကြတာလေဗျာ ။
ဘာဖြစ်ဖြစ်လေ ကိုယ့်ဆန္ဒအလျောက် ဖြစ်ပေါ်တတ်တဲ့ လိုချင်သောစိတ်ကို ဖြည့်ဆည်းဘို့ က ကိုယ့်တာဝန်ပါ ။ ဒီလိုဖြည့်ဆည်းနိုင်ဘို့ က ကိုယ်ကျန်းမာရမယ် ။ ကျန်းမာမှငွေရှာနိုင်မယ်ပေါ့ ။
ကိုယ်မှာမရှိလို့  မပြည့်စုံလို့  လိုချင်သောအရာတခုကို ငွေ သို့ မဟုတ် ကိုယ်ကိုယ်တိုင်က ကြိုးစားမှသာ ရနိုင်မှာကြောင့် ရှာဖွေနေရအုံးမှာပါ ။