မြို့လေးတစ်မြို့သို့ရောက်ခဲ့တယ်
အရမ်းလှပလို့ ဖြတ်သွားတဲ့ သူတစ်ယောက်ကို မေးခဲ့တယ်
ဒီမြို့လေး ဘာကြောင့် အရမ်းလှနေတာလဲလို့. . . .
သန့်ရှင်းတဲ့ အချစ်တွေနဲ့ဖွဲ့စည်းထားလို့တဲ့. . . .
မြို့ထဲကို ဆက်လျှောက်ခဲ့တယ်
ကန်ရေပြင်လေးတစ်ခု တွေ့ခဲ့တယ်
ပန်းရောင်စုံလေးတွေ ဖူးပွင့်နေရဲ့
အို. . . ကြည်နူးစရာကောင်းလွန်းလှတယ်
ဘာကြောင့် အရမ်းကြည်နူးစရာကောင်းနေတာလဲလို့ မေးခဲ့တယ်
မေတ္တာရေစင်တွေ သွန်းလောင်းထားလိုပါသတဲ့. . .
ကန်ရေပြင်လေးထဲ တံတားလေးတစ်စင်း
အရမ်းခန့်ညားနေတယ် ဘာကြောင့်လဲလို့ မေးခဲ့တယ်
သစ္စာတရားတွေနဲ့ သီကုံးထားလို့ပါသတဲ့. . .
ဒီမြို့လေးထဲ ဆက်လျှောက်ခဲ့တယ်
ဆွတ်ပျံ့ကြည်နူးစရားကောင်းလွန်းလှတဲ့ တေသီတဲ့
ရောင်စုံငှက်တို့ရဲ့ တေးဆိုသံ နွှဲ့နွှဲ့လေး ကြားရတယ်
ရနံ့လေးဆွတ်ပျံ့လို့ ကြိုင်လှိုင်နေတယ်. . .
သစ်သီးဝလံတို့ စုံလင်နေတယ်. . .
ဝင်ချင်လို့ ဝင်ကြေးမေးမိခဲ့တယ်. .
အသီးအပွင့်တွေ ကြိုက်သလိုခူးစား
အိုး. . . အခမဲ့တဲ့. . .
ဒီမြို့လေးတွေရဲ့ တံတိုင်းက အန္တရာယ်ကင်းလို့ ဘေးမှန်သမျှ ကာကွယ်ပေးသတဲ့. . .
ဒီလိုနဲ့ ဒီမြို့လေးရဲ့ရင်ခွင်ထဲလျှောက်လှမ်းခဲ့တာ
အခုဆိုရင် သုံးဆယ့်ငါးနှစ်ပြည့်တော့မယ်. . . .
ကျေးဇူးပါ အဖေနှင့်အမေ. . .
Author- pannthiri
myanmar steemit
အဖေနှင့်အမေအားဒီကဗျာလေးဖြင့် ကန်တော့လိုက်ပါတယ် ရှင်