မသပ်မရပ် ပြီးဆုံးတော့မယ့်
ပန်ချီကား တစ်ချပ်
စုတ်ချက်တွေ ကြမ်း
ခံစားမှု ဗရပွဖြင့်
ထိခိုက်လို့ နွမ်း. . .
ပိတ်ကားတွေ ညစ်နွမ်း
စိတ်အစဉ်က တကယ်မလန်း
နေမထိတဲ့ ပန်းလို့နွမ်း
အရာမယွင်းတဲ့ ဒီဇာတ်လမ်း
ဖြေသိမ့်ဖို့ မဆန်း. . .
အဖျားရှုးသွားတဲ့
မုန်တိုင်း တိတ်ဆိတ်လို့
သက်ပြင်းချ
အခိုးအငွေ့တို့ ပြဌာန်း
ကွယ်ပျောက်ဖို့ မဆန်း
အို. . ငါ့အတိတ်ရဲ့
ဒီဇာတ်လမ်း. . .
Author- Pannthiri
Myanmar Steemit