နွေလည်းမိုး
မိုးလည်း မိုး
ဆောင်းလည်း မိုး
သုံးရာသီစလုံး မိုး
ပုလဲတွဲလွဲခိုတဲ့
အရမ်းချစ်ရတဲ့
ဘိတ်လို့ ခေါ်တဲ့ မြိတ်။ ။
ကြွယ်ဝလှတဲ့ ရေထွက်ပစ္စည်းတွေနဲ့
အားအင်တွေပြည့်ဝစေမယ့် ငှက်သိုက်
လှပတဲ့ ကျွန်းပေါင်းရှစ်ရာကျော်နဲ့ ခြံရံထားတဲ့
အရမ်းချစ်ရတဲ့
ဘိတ်လို့ခေါ်တဲ့မြိတ်။ ။
ရေလမ်း၊ လေကြောင်းလမ်း၊ ကားလမ်း
မည်သည့်လမ်းနဲ့ လာလာ
သွားလာရ အဆင်ပြေစေတဲ့မြို့
အရမ်းချစ်ရတဲ့
ဘိတ်လို့ခေါ်တဲ့ မြိတ်မြို့။ ။
ကျွန်းတွေကိုအလည်သွားကာ
စိတ်ကြည်လင်စေတဲ့မြို့
စကားသံဝဲ၀ဲလေးတွေနဲ့
ရောက်လာသူအပေါင်း
ကြည်နူးစေတဲ့မြို့
ချစ်ရတဲ့ မြို့
ဘိတ်လို့ခေါ်တဲ့ မြိတ်မြို့။
အလည်တစ်ခေါက်အရောက်လှမ်းလို့
လာလည်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ။
Author - pannthiri
myanmar steemit
photo credit - google image