ဘဝဋီကာချဲ့လို့
ရင်ဖွင့်ကာ ပြောကြား
ဖွင့်ဟလို့ ပြောမကုန်
တဖွဖွနဲ့ ရင်ထုလို့
ပြောကာ ညဉ်းတွားနေလို့
ဘာမှ မထူးဘူး
ညီမလေး. . . .
ဘဝ ဆိုတဲ့
ရုန်းကန်ခြင်းမို့လို့
တို့တစ်တွေ ရုန်းကန်နေရဦးမယ်
ညီမလေး. . . .
ရိုးသားစွာ ကြိုးစားရုန်းကန်ရမှာက
တို့တစ်တွေရဲ့ ဘဝပေး အခြေနေမို့
လမ်းလွှဲတွေ မလိုက်မိအောင်
ကြိုးစားလို့ ရုန်းကန်ကြမယ်
ညီမလေး. . ..
အများစားဖို့အတွက်နဲ့
တစ်ဘဝစံအတွက်
လမ်းမှားကို မစဉ်းစားပါနဲ့
ညီမလေး. . .
ဘဝအတွက် ရုန်းကန်နေချိန်
ကိုယ့်အသည်းတွေ ခဏတော့
မြေမြုပ်ထားပေါ့ ညီမလေး . . .
Author - pannthiri
myanmar steemit