တိမ်စိုင်တွေ လွင့်မျောနေပြီ
ဒီမိုးသားကောင်းကင်ပေါ်မှာ
နေမင်းကြီးရဲ့ ခြံရံခြင်းတွေနဲ့ . . . .
အဖော်တွေစုံနေတဲ့ ကျေးငှက်လေးတွေလည်း
တေးသီချင်းတွေ အတူတူသီကျူးရင်းနဲ့. . .
ပန်းပွင့်တွေလည်း လန်းဖြာနေကြပါပြီ
အပင်တွေရဲ့ စိမ်းလန်းခြင်းတွေနဲ့ . . .
ကမ္ဘာမြေတစ်ခွင်မှာ
အမြဲသာယာစေချင်သော စိတ်တွေနဲ့ . . .
အရာရာဟာ လှပခြင်းတွေနဲ့
ပြီးပြည့်စုံလို့ နေခဲ့ပြီ ။ ။ ။
#pannthiri
myanmar steemit
photo - google image