မြိတ်ဒေသထွက် ဝါးပလုတ်
ဒီလို မိုးရာသီလေးမှာဆိုရင် ကျွန်မတို့မြိတ်မြို့မှာ ဒေသ အစားစာ တစ်ခုဖြစ်တဲ့ ဝါပလုတ်ထွက်ပါတယ်။
ဝါးပင်မှ ရရှိပါတယ်။ ဝါးပင်ဘေးမှာ ဓါးဖြင့် အက်ကွဲရုံ ပေါက်ထားပေးရပါတယ်။
ဝါးပင်ရင့်လာတဲ့ အခါမှာတော့ ဓါးဖြင့်ခုတ်ပြီး ဝါးဆစ်လေးတွေမှတဆင့်ထုတ်ယူရပါတယ်။
ဝါးအဖြစ်အသုံးပြုလို့မရသေးသော လူတစ်ရပ်ကျော်ကျော် ဝါးကိုရှာရပါတယ်။ ၄င်းဝါးတွေ့လျှင် မြေပြင်မှနေ၍ နှစ်ဆစ် သုံးဆစ်မြောက်မှနေပြီး ဓါးဖြင့် ရေဝင်နိုင်ယုံအပေါက်ကလေး ဖောက်ပေးရပါတယ်။
တစ်ပတ် သို့မဟုတ် ဆယ်ရက်လောက်တွင် အပေါက်ဖောက်ထားသည့်နေရာမှ မိုးရေများဝင်ကာ သဘာဝအတိုင်းဖြစ်သော ဝါးပလုပ် (သို့မဟုတ်) ဝါဂျယ်လီ ရရှိပြီဖြစ်ပါတယ်။
ဓါးဖြင့်ခွဲထုတ်ကြည့်လို့ အတုံးလေးတွေ ဖြစ်နေလျှင် အကုန်ခုတ်ခဲ့လို့ရပြီဖြစ်ပါတယ်။ အရည်ဖြစ်နေသေးလျှင် နောက်ထပ် ငါးရက် သို့မဟုတ် တစ်ပတ်လောက်ကြာမှ ရရှိပါမည်။ မိုးရွာသည့် အနေထားပေါ်မူတည်ပြီး ဆယ်ရက်၊ ရက် နှစ်ဆယ် လည်း ကြာမြင့်နိုင်ပါတယ်။
ဝါးအတွင့်မှ အမြှေးလေးတွေဖြင့် သဘာဝအတိုင်းဖြစ်သည့် ဝါးပလုတ် ခေါ် ဝါဂျဟ်လီရရှိပါပြီ။ ဝါးရနံ့သင်းသင်းလေးဖြင့် သကြား၊ နီု့ဆီတို့ဖြင့် မိမိတို့ကြိုက်နှစ်သက်သလို ဖျော်သောက်နိုင်ပြီဖြစ်သည်။ သောက်လိုက်ရင် ရင်အေးစွာဖြင့် အရသာကောင်းလွန်းလှပါတယ်။ အမောပြေစေပြီး ကျောက်ကပ်နှင့်အသည်း အားကောင်းစေပါတယ်။ ဝါပလုတ်ထုတ်ယူပြီးလျှင် နှစ်ပတ်လောက် အကြာထားပြီးသောက်သုံးနိုင်ပါတယ်။
ဒီလိုရာသီ ကျွန်မတို့ရဲ့ မြိတ်ကိုအလည်လာခဲ့ရင် ဝါပလုတ်သောက်ရမယ်နော်။
တခါတစ်ခေါက်လောက် လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်။
Steemit အဖွဲ့သားများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ရှင့်
Author - pannthiri
photo credit - facebook
Myanmar steemit