ကိုယ်လိုချင်တဲ့ ပုံသွင်းလို့မရတဲ့
အခိုက်တန့် စိတ်ပျက်ခြင်းကို ဖြစ်ပေါ်စေတာ
ဒါပေမယ့် သတိပြန်ကပ်တယ်
''သူမှ ကိုယ်မဟုတ်ပေဘူးလေ. . .''
ကိုယ်တမ်းတသလို
သူ မတမ်းတလို့
စိတ်ထိခိုက်နေမယ့်အစား
ဥပေက္ခာပြုခြင်းဖြင့်
စိတ်ကို ပေါ့ပါးခွင့်ပြုလိုက်တယ်. . .
ကိုယ်လွမ်းသလို သူများလွမ်းနေမလားလို့
စိတ်ကူးဖြင့် ယောင်လို့တောင်
မတွေးမိစေဘူး
သေချာသိနေတာလေ
လွမ်းမှာမဟုတ်ဘူးလို့. . . .
ချင်ခြင်းရဲ့ ဇာတ်လမ်းတစ်ပုဒ်မှာ
ချစ်တတ်ဖို့ အရေးကြီးတာပေါ့
မဟုတ်ရင် ပိန်လိန်နေအောင်
ဆွေးမြေ့ခံစားနေရမှာ
လှည့်စားခြင်း ဆိုတဲ့
လှည့်ကွက်ထဲ စီမျော မခံရဖို့
ရင်ဘတ်ကို ရယ်ဒီ ပြင်ဆင်ထားပြီးသားပါ. . .
တည်မြဲခြင်းဆိုတာ မရှိဘူးဆိုတဲ့
သဘာဝတရားကြီးကို
ဖတ်ပြီးသားဖြစ်နေလို့ပါ. . .
Author - pannthiri
Myanmar steemit