သားသမီးတွေရင်ထဲမှာတော့ အဖေဆိုတဲ့ နေရာတောင်မပေးဘူး အတောင်စုံရင် ရင်ခွင်ကိုခြေစုံကန်ကာထွက်သွားတော့လဲ သားသမီးတွေ အဆင်မပြေမှားစိုးတဲ့အတွက် မှာတမ်းတွေ လက်ဆောင်ပါးခဲ့တာ အဖေပါ။ မေတ္တာတရား လွန်ကြီးမား၍ အသက်အရွယ်ကြီးရင့်ပါလဲ လုပ်အားမလျော့ ဇွဲမလျော့နဲ့ အားကျိုးတက်မာန် သူရုန်းကန်ခဲ့ ဇရာပြိုလို့ အရွယ်အိုလဲ မအိုအချစ် ပျိုမြစ်နေဆဲ တစ်ရက်အိုလို့ တစ်ရက်ပိုကာ တိုးတိုးပြီး ချစ်ခဲ့ပြီ အဖေ။ မချစ်သလိုလိုနဲ့ သားသမီးအိပ်နေရင်
ထွေးပွေ့ရင်း ရှိုက်နမ်းတတ်တာ မကြင်သလိုလိုနဲ့ နေမကောင်းဖြစ်တဲ့အခါ၊ မိုးလင်းပေါက် ပြုစုတတ်တာ တွန့်တိုတတ်သလိုနဲ့ သားသမီးစားဖို့ ကောင်းနိုးရာရာ ကျွေးမွေးခဲ့တာ မခင်တွယ်သလိုနဲ့ သားသမီးခွဲထွက်သွားတော့ တမ်းတရင်း လွမ်းတတ်တာ ခံစားချက်မဲ့သလိုနဲ့ သားသမီးဒုက္ခဖြစ်တော့ ခိုးခိုးပြီး မျက်ရည်ကျတာ အမေအတွက် အမေ့နို့ဖိုးရှိသလို အဖေမှာလဲ အဖေ့ချွေးဖိုးဆိုတာရှိတယ်။ အားနာလိုက်တာ အဖေ တေးသီချင်းတွေ အများစုကလည်း အမေ့ မေတ္တာဘွဲ့ တေးတွေ ကဗျာဆရာ အများစုကလည်း အမေ့ မေတ္တာဘွဲ့ တွေရေးလို့ ပုံအများကလည်း အမေ့ မေတ္တာကို တင်စားကြတယ် အမေ သားကို နို့ချို တိုက်ကျွေးသလို အဖေက ပုခုံးပေါ် ထမ်းပိုးပေးခဲ့တာ အမေ သားကို ထမင်းကျွေးဖို့အတွက် အဖေက ဆန်အိုးထဲ ဆန်ဖြည့်ပေးခဲ့တာ အမေ သားကို ကျောင်းပို့ပေးခဲ့သလို အဖေက ပညာသင်ဖို့ ငွေရှာပေးခဲ့တာ ဒါပေမယ့် အဖေ့ မေတ္တာတရားကို ဖော်ကျူးကြတာ ရှားပါးတယ်။ အဖေက အရက်သမား တစ်ယောက်လားညသား သမီး အတွက်ဆို ဘဝကို စတေး ထားတယ်။ အဖေက နောက် အိမ်ထောင်နဲ့လား ဒါပေမယ့် သားသမီး အတွက်ဆို အလေးထားတယ် သားသမီး ဆိုတဲ့အတွေး အိမ်ထောင်တစ်ခုအတွက် စီးပွားရေးနဲ့ မကောင်းမှန်း သိလျက်နဲ့ လုပ် ထောင်ထဲမှာလည်း ငုတ်တုတ် အဖေတွေက ဒု နဲ့ ဒေး နေပူပူမှာ ကုန်ထမ်းရင်း လမ်းကြို လမ်းကြား ဆိုက်ကားနင်းနေရတဲ့ အဖေတွေ ကြည့်တတ်ကြပါလေ။ သူများနိုင်ငံမှာ ကျွန်သဘောထား ရွယ်တူ(သို့) ငယ်သူက ခိုင်းစားခံနေရတဲ့ အဖေတွေ မြင်တတ်ကြပါစေ။ နေပူမရှောင် မိုးရွာမရှောင်မှာ စီးပွားကို ရှာနေကြတဲ့ အဖေ့ရဲ့ ကျောပြင်ကို ကတ္တရာလမ်း ခပ်မဲမဲ တွေကတောင် ဟားတိုက်လို့ လှောင်ရီနေကြပေါ့ မိသားစု ကောင်းစားဖို့ အရေး အဖေ့ကို လောဘတွေ ကြီးတတ်အောင် ဘယ်သူတွေ သင်ပေးခဲ့သလဲ တွေးတတ်ကြပါစေ။ အဖေက စေတနာနဲ့ ရိုက်တဲ့ ဒုတ်တစ်ချက် သား ကိုယ်ပေါ်မှာ သွေးထွက်ခဲ့သလား အမေက ပြေးဖက်ထားလည်း အဖေက မျက်နှာလွှဲ ဘေးထွက်သွားတယ်။ ဒါပေမယ့် ရင်ထဲမှာ အသဲခိုက်အောင်တော့ အဖေ နာခဲ့မှာပါ။ဆန္ဒ အသွေးအသား အတွက် အဖေတွေ ဖောက်ပြားသတဲ့လို့ ပြောကြရင် ဆန္ဒ အသွေးအသားအတွက် မိုက်မှားခဲ့တဲ့ အမေတွေကလည်း တပုံတပင် အဖေဟာ အဖေပဲ အမေဟာ အမေပဲ အဖေ့နေရာ ရောက်မှ အဖေ့ မေတ္တာကို ကိုယ်ချင်းစာတတ် ကြမှာလား။ "တွေး" ကြပါ အဖေ့အကြောင်း
"ဆို" ကြပါ အဖေ့အကြောင်း
"ရေး" ကြပါ အဖေ့အကြောင်း
အဖေ့ အချစ်နဲ့ ငါတို့လည်း လူဖြစ်ခဲ့ကြတာပါ သူငယ်ချင်း တစ်ဖက်သတ် ဆန်တဲ့ အမေ့ရဲ့ မေတ္တာဘွဲ့ တွေကို တွေ့နေသမျှ အဖေ့ကို သနားတတ်ကြမယ် ဆိုရင်ပေါ့ဗျာ...။