ဆန်းဆန်းပြားပြား သူတို့ရဲ့ မှတ်သားစရာ စကားများ ဖက်ကြည့်လိုက်ပါ အထက်တန်းအောင်သွားတယ်ဆိုရင်ကို လုပ်စရာ တစ်ခုပြီးသွားပြီ လို့ခံစားရသလို ပိုမြင့်တဲ့ ပညာတွေသင်ဖို့ အခွင့်အရေး ရပြီလို့ ပြောနိုင်ပါတယ်။ အချို့က တက္ကသိုလ်တစ်ခုမှာ ပိုက်ဆံများများရနိုင်မယ့် မေဂျာနဲ့ကျောင်းတက်ဖို့ လုပ်ကြပါတယ်။ ဒီ အမြင်နဲ့ ပတ်သက်ပြီး ဆယ်လီဘရစ်တီတွေနဲ့ စကားပြောကြည့်ရင် သူတို့က အခုလို ပညာရေးတစ်ခုကသာ အောင်မြင်မှုရနိုင်ပါတယ် ဆိုတဲ့ စကားကို အကန်တွေ ပြောကြပါလိမ့်မယ်။ ဆယ်လီဘရစ်တီတွေထဲက အထက်တန်း မအောင်ခဲ့တဲ့ ကမ္ဘာကျော် ဆယ်လီဘရစ်တီ ၁၀ ဦး ကို ဖော်ပြထားပါတယ်။
Katy က GED အောင်မြင်ခဲ့ပေမယ့် သူ အသက် ၁၅ နှစ်မှာ ကျောင်းထွက်ခဲ့ရတာကို အလိုမကျခဲ့ပါဘူး။ “ကျွန်မ ပညာကောင်းကောင်း မတတ်တာကို တွေးမိရင် ကိုယ့်ဖာကိုယ် မကျေနပ်ဘူး။ ကျွန်မ အလယ်တန်းလောက်မှာ ကျောင်းထွက်ပြီး အိမ်မှာပဲ သင်ခဲ့ရတာလေ။ တခါတရံ ကျွန်မကို အိမ်က ဘုရားကျောင်းလိုလို၊ စာသင်တဲ့ကျောင်းလိုလိုတွေကို ပို့တယ်။ ကျွန်မ ဖြင့် ကျောင်းမှန်းတောင် မသိပါဘူး။ အဲ့တာနဲ့ ကိုယ့်ဖာသာကိုယ် လေ့လာခဲ့ရတယ်။” လို့ Katy က ပြောခဲ့ပါတယ်။
Simon က အသက် ၁၆ နှစ် နဲ့ ကျောင်းထွက်ခဲ့တာ ဖြစ်ပြီး သူ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မှန်ကန်တယ်လို့ ခံယူနေသူ ဖြစ်တယ်။ သူ့စိတ်လို သူ့သားက ကျောင်းထွက်ချင်လည်း ရတယ် လို့ Simon က ပြောပါတယ်။ ” ခင်ဗျား အလုပ်လုပ်ချင်စိတ် ရှိရင် ၁၆ နှစ် မှာ ကျောင်းထွက်လိုက်။ ရာနှုန်းပြည့်ကို ကျွန်တော် သူ့ကို အားပေးတယ်။ ကိုယ်မဖြစ်ချင်တဲ့ သူ အဖြစ် ကိုယ်မနေချင်တဲ့နေရာမှာ နေပြီး ဘာလို့ စိတ်ပင်ပန်းခံနေတာလဲ ဆိုတာကို ကျွန်တော် နားမလည်ဘူး။ အဲ့တာအစား ကိုယ်နေချင်တဲ့ နေရာမှာနေပြီး အသက်ရှင်စမ်းပါ။” လို့ Simon က ပြောခဲ့ပါတယ်။
“ကျွန်မ အလယ်တန်းနဲ့ ကျောင်းထွက်ခဲ့တာပါ။ ကျွန်မမှာ GED လည်း မရှိဘူး။ diploma လည်း ကိုင်မထားဘူး။ ကျွန်မကိုယ်ကျွန်မ သင်ယူခဲ့တာ။ ကျွန်မက ကိုယ့်လမ်းကိုယ်ဖောက်ရတာပဲ ကြိုက်တာ။ ကျွန်မ ဘာဖြစ်ချင်ခဲ့လဲ ကျွန်မသိတယ်။ ကျွန်မကို ဘယ်အရာကမှ တားဆီးတာ မကြိုက်ဘူးလေ။”
Rogen က သူ ကျောင်းထွက်ခံရတာ ကို အကောင်းမြင်တဲ့ စကားတွေ ပြောခဲ့ပါတယ်။ “ကျွန်တော် အလုပ်တွေ အရမ်းလုပ်ခဲ့ရပါတယ်။ ကျောင်းနားပြီးမှ ဘာမှ မလုပ်ဘဲနေတာ မဟုတ်ပါဘူး။ ကျွန်တော် ကျောင်းထွက်ပြီးတော့ TV Show တွေမှာ အလုပ်ဝင်လုပ်တယ်။ အထက်တန်း တက်တုန်းကဆို ကျွန်တော်မှာ ဇာတ်ညွှန်းတွေ နေ့စဉ်ရေးခဲ့ရတယ်လေ။ ကျောင်းတက်နေတဲ့သူတွေ ကျောင်းမှာလုပ်နေရတာတွေထက် ကျွန်တော်လုပ်ရတဲ့ အလုပ်တွေက များတယ်။ ကျွန်တော်က ကျောင်းမှာ အမြဲတမ်း လူပျက်လုပ်ခဲ့တာ။ တကယ်လို့ ခင်ဗျားစိတ်ကူးထဲက အလုပ်မှာ ပညာရေးက အရေးမပါရင် အထက်တန်း မတက်နေပါနဲ့။”
ကျောင်းလစ်လာတဲ့ Matt Dillon ကို ရုပ်ရှင်ရိုက်တဲ့ အဖွဲ့ကတွေ့ပြီး Over the Edge ရုပ်ရှင်မှာ သရုပ်ဆောင်အဖြစ် လုပ်ရင်း ကျောင်းတက်ချင်စိတ် မရှိတဲ့ Matt က အနုပညာလောကကို ရောက်လာတာ ဖြစ်ပါတယ်။ “ကျွန်တော်က ရုပ်ရှင်ရိုက်နေရတာနဲ့ကို ကျောင်းခေါ်ချိန်မမှန်တော့ဘူး။” လို့ Matt က ပြောခဲ့ပါတယ်။
” ဘယ်သူမှ မသိသေးတဲ့ အချက်က ကျွန်မက ကျောင်းမပြီးဘူး ဆိုတာပဲ။ ကျွန်မက စာမတော်ဘူး။ ကျွန်မက စာ အ တယ်။ ကျောင်းလစ်တယ်။ ရှိတ်စပီးယားတွေ ထိုင်ဖတ်တယ်။” လို့ Jessica က ပြောခဲ့ပါတယ်။
Lil Wayne နာမည်ရလာတဲ့ အချိန်မှာ Lil အမေက ကျောင်းထွက်ခိုင်းခဲ့တာ ဖြစ်ပါတယ်။ ” ကျွန်တော့် အခွေထွက်တော့ အောင်မြင်ခဲ့တယ်။ ဘုရား ကျေးဇူးလို့ ဆိုရမလားပဲ။ ကျောင်းမှန်မှန်တက်ဖို့ လုပ်ခဲ့သေးတယ်။” လို့ Lil က ပြောပါတယ်။ Lil အမေက Lil ကျောပိုးအိတ်ထဲ မှာ သေနတ်ထည့်ထားတာ တွေ့ပြီး Lil ကို ကျောင်းမှာ အန္တရာယ် မရှိစေဖို့ ကျောင်းထွက်ခိုင်းခဲ့တာ ဖြစ်တယ် လို့ Lil က ပြောပါတယ်။ “ကျွန်တော့်အမေက အဲ့တာကို မြင်ပြီး ၂ မိနစ် တောင် မကြာဘူး။ ကျွန်တော့် အခန်းထဲ လာပြောခဲ့တယ်။ သား ကျောင်းမသွားနဲ့။ သားက GED ရပြီ။ ” လို့ ပြောခဲ့တယ် လို့ Lil က ပြောပါတယ်။
“ကျွန်တော်မှတ်မိသလောက်ဆို အဲ့ကျောင်းက အရမ်းကျဉ်းတာ။ ကျွန်တော် စာသင်ရတာ အဆင်မပြေခဲ့ဘူးလေ။ အမြဲလည်း ကျောင်းက ဝန်ထမ်းတွေနဲ့ ရန်ဖြစ်နေရတာ။ ကျောင်းအုပ်ကြီးနဲ့ဆို မျက်လုံးချင်း ဆုံဖို့ ဝေးလာဝေး။ ကျွန်တော် အမေးသန်တဲ့ ကလေးဆိုတော့ ဘာလို့လဲ ဆိုတာက တသွင်သွင်မေးတာ။ ဘယ်လောက်မေးလဲဆို ကျွန်တော်ကိုယ်ကျွန်တော် မူးတဲ့အထိပဲ။” လို့ Keanu Reeves က ပြောပါတယ်။ သူ ကျောင်းထုတ်ခံရတဲ့အပေါ်လည်း စိတ်မပျော်ခဲ့ဘူး လို့ ပြောပါတယ်။ ” မင်း နောက်နှစ် ကျောင်းတက်စရာ မလိုဘူးဆိုပြီး ကျောင်းကစာရတဲ့ အချိန်မှာ ဆို ကျွန်တော်မျက်ရည်တွေ ကျနေခဲ့တာ။ ”
Law က Families ရုပ်ရှင်ဇာတ်ကားမှာ ဇာတ်ရုပ်တစ်နေရာ နဲ့ အခွင့်အရေးတွေ ရတဲ့အချိန်မှာ မိဘတွေ ခွင့်ပြုချက် နဲ့ ကျောင်းထွက်ခဲ့ပြီး ရုပ်ရှင်ရိုက်ကွင်း ရှိတဲ့နေရာကို ပြောင်းခဲ့တာ ဖြစ်ပါတယ်။ “အခု အဲ့တာကို စဉ်းစားလိုက်ရင် မယုံနိုင်ဘူး။ သူတို့ ရဲ့ ကျွန်တော့်အပေါ် ယုံကြည်မှုကို အရမ်းလေးစားတယ်။” လို့ ပြောပါတယ်။
Jay-Z က သူ့ရဲ့ ပညာသင်ဆုဖောင်ဒေးရှင်းက ကျောင်းသားတွေကို စာကြိုးစားဖို့ တိုက်တွန်းတဲ့သူ ဖြစ်ပေမယ့် သူ့ကိုယ်တိုင်က diploma တစ်ခု မရှိတဲ့ သူ ဖြစ်ပါတယ်။
“ပညာရေးက အရမ်း အရေးကြီးတယ်။ ကျွန်တော့်မှာ အထက်တန်းအောင်ကြောင်း လတ်မှတ်တို့၊ diploma တို့ မရှိပေမယ့် အမြဲသင်ယူနေရတယ်။ ကျွန်တော့် အတွေးတွေကို ချဲ့ထွင်တွေးတတ်ဖို့ ပညာရေးကို တနည်းမဟုတ် တနည်း သင်ယူနေတယ်။ ” လို့ Jay-Z က ပြောခဲ့ပါတယ်။အားလုံးကို ကျေးဇူးတင်ပါတယ်။