ကာရံမညီတဲ့ ဘဝ က ဆန္ဒဆိုတာ
ငါရေးတဲ့ ကဗျာ ကာရံမညီဘူး
ငါ တီးခတ်တဲ့ဂစ်တာ သံစဉ် မလှဘူး
ငါ ဆွဲတဲ့ ပန်းချီ စုတ်ချက် မညီဘူး
ငါလျှောက်လှမ်းတဲ့ အနာဂတ် မလှပသေးဘူး
ဘာဆို ဘာမှ ဘာပိုင်ဆိုင်မှုမှ မရှိတဲ့ ဘဝမှာ
ငါ့ အတွက်ပိုင်ဆိုင်တာ ဆို လို့ 
ငါ့ ရင်ထဲမှာ ပြည့်နက်နေတဲ့ အချစ်တွေရယ်
နင့်ကို လွမ်းတဲ့ အလွမ်းတွေ ပဲ ပိုင်ဆိုင်ထားတယ်။
*** ဘာမှ မပိုင်ဆိုင်တဲ့ လူတယောက်ရဲ့ ဆန္ဒ တခု***
နင်နဲ့  ငါ တစ်နေရာစီ ဝေး ကွာနေကြပေမယ်
ငါတို့ နှစ်ယောက် ရဲ့  အချစ်တွေ ကိုတော့
ခိုင်မြဲ စေချင်တာ ငါ့ဆန္ဒ တခုပါ။
Author
MSC-115