ကြိုးစားမှုအတွက် ဆုလာဘ်က အောင်မြင်ခြင်း
မနက်အိပ်ယာနိုးတာနဲ့  ပထမဆုံးသတိရတာက steemit ကအကို အမတွေ ဘာတင်ကျလဲ မှတ်သားစရာ လေ့လာစရာဘာတွေပါသလဲဆိုတာ သိချင်တာနဲ့ ဖုန်းလေးကိုကိုင်ပြီး ဝင်ကြည့် vote commentပေးပြီးမှာ နေ့ တနေကိုဖြတ်သန်းဖို့  စိတ်ရောကိုယ်ပါတက်တက်ကြွကြွ ဖြစ်ပြီး လုပ်စရာရှိတာကိုဆက်လုပ်ပါတယ်။steemitကအချိန် ကြာလာတာနဲ့ အတူ ကိုယ်ပိုင်အားလပ်တဲ့အချိန်တွေကို တဖြေးဖြေးစိုးမိုးပြီး နေရာယူလာပါတော့တယ်။ကိုယ်အတွက်ဘာတွေအကျိုး ခံစားမူရရှိနိုင်လဲဆိုတာ တဖြေးဖြေးသိလာတော့ အရင်က ပျင်းရင် gameဆော့ facebook သုံးခဲ့တဲ့ အချိန်တွေကို နှမျောမိသွားတာပေါ့။တနေ့ ထက် တနေ့  အရေးအသားတိုးတက်အောင် ဘယ်လို လုပ်ရမယ်ဆိုတာတွေးရင်း စာအုပ်တွေလဲ ဖတ်ဖြစ်လာတယ်လေ။
photo credit-google
လူဆိုတာ နေထိုင်စားသောက်ဖို့ အတွက်ရှာဖွေ စုဆောင်းနေကျတာဟာ လူတိုင်းလူတိုင်းနေစဉ် ကြုံတွေ့  နေတဲ့ ကိစ္စတခုပါ။ကိုယ်တကယ် လိုအပ်လာတဲ့ အချိန် မှာ မိမိတို့စုဆောင်းထားတဲ့ ငွေကြေးက အထောက်အကူဖြစ်နိုင်ပါတယ်။Steemit platform ပေါ်မှာ Steem dollers တွေ ရှာဖွေ ဖို့ အတွက် ကျွန်တော် တို့ စုဆောင်းထားတဲ့ဗဟုသုတ အသိပညာ အတတ်ပညာ ကျွမ်းကျင်မှု တွေကို ပြန်လည်မျှဝေခြင်းဖြင့် Steem dollers တွေ ရရှိလာအောင် ရှာဖွေ နေကျတာပါ။အဲလို ရှာဖွေ စုဆောင်းနိုင်ဖို့ အတွက် ကျွန်တော် တို့ အတွက် လိုအပ်နေတဲ့ အရာတွေကို လာလေ့သင်ယူမှ တနေထက်တနေ ပိုမို့ တိုးတက်လာမှာ ဖြစ်ပါတယ်။
photo credit-google
ဆရာ ဆောင်းပါးလေးကို ဖတ်ပြီး ကျွန်တော် ဒီထက် ပိုတိုးတက်ဖို့ အတွက် နည်းလမ်းတစ်ခုကို ရှာဖွေမိပါတယ်။ဆရာ
ပြောတဲ့ "စံပြုထိုက်သူထားရှိပါ" ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်အတိုင်း ကျွန်တော် တို့ မကျွမ်းကျင်တဲ့ နယ်ပယ် ဖြစ်တဲ့ steemit ပေါ် စံပြုထိုက်သူရဲ့ အားနည်းချက် အားသာချက်တွေကို ရှာဖွေ ဖို့  ကြိုးစားမိပါတယ်။သူတို့  ဘာကြောင့် အောင်မြင်ရတာလဲဆိုတဲ့ ခံယူချက် နဲ့  ယုံကြည်မှုကို လေ့လာမိပါတယ်။
ဆရာ ရေးသားထားတဲ့ "စံပြုထိုက်သူထားရှိပါ"
https://steemit.com/myanmar/@tinhlaingoo/sanyap-taundefinedkthutaayawipa-tin-hlaing-oo-thayet
" လောကကြီးကို ပြောင်းလဲမယ့် သူဟာကိုယ့်ကိုယ်ကိုယ် အရင်ပြောင်းဖို့ ကြိုးစားရမယ်"
ဆိုတဲ့ စကားကို ကြားဖူးကြမယ်ထင်ပါတယ်။ ကျွန်တော် လောကကြီး ကို ပြောင်းလဲဖို့ အစီအစဉ် မရှိပါဘူး။ဒါပေမဲ့ facebook ပေါ်မှ မြန်မာလူငယ်တွေ အချိန်ကုန် ငွေကုန်ပြီး ခေတ်ရေစီးကြောင်းနောက်ကို လိုက်ရင်း( ပြောသလို ) မြန်မာတွေ သဒ္ဒါ မမှန် စာမမှန် တော့တာ တွေကိုတော့ Steemit Platform ပေါ်ကို ဆွဲတင်ပြီး ပြောင်းလဲ ချင်တဲ့ ဆန္ဒတစ်ခုတော့ ရင်ထဲမှာ ရှိပါတယ်။ဘယ်လောက် ပဲ ပြောင်းလဲ ချင်တဲ့ ဆန္ဒ ရှိရှိ ကိုယ်တိုင် မပြောင်းလဲရင်တော့ အိမ်မက်တွေ က လေထဲတိုက်အိမ် ဆောက်သလို ဖြစ်နေအုံးမယ် ထင်ပါတယ်။
photo credit-google
ပြောင်းလဲဖို့ အတွက် တွေ့ ရှိချက်လေးတွေ ရှာဖွေရင်း လေ့လာသွားမယ်လို့ စဉ်းစားမိပါတယ်။ကျွန်တော် Steemit စသုံးတဲ့အချိန်ကစပြီး စိတ်ကိုနက်နက်ရှိုင်းရှိုင်း နှိုးဆွခံလိုက်ရတဲ့ အချိန်ကို တွေ့ အောင်ရှာတယ်။ငါကို ဘယ်သူနှိုးဆွခဲ့တာလဲ ။ Steemit Myanmar မှာကျွန်တော် ကိုတိုးတက်စေတဲ့လူ ဥပမာ-အပေါင်းလက္ခဏာ ဆောင်တဲ့ ပြောင်းလဲမှုကို ဖန်းတီးပေးခဲ့တဲ့လူကို တွေ့ ရှိအောင် စဉ်းစားလိုက်တယ်။သူမှာ ကျွန်တော် လေးစားရတဲ့ အားကျစရာကောင်းတဲ့ အရည်းအချင်းတွေ ဘာတွေ ရှိလဲဆိုတာ တွေ့ ရှိအောင် ကြိုးစားတယ်။ ကျွန်တော် Steemit မှဘာတွေ နဲ့ ရှေ့ဆက်မှလဲ ဟာသ သီချင်း ဗဟုသုတ ဆောင်းပါး ဖန်တီးမှု စိတ်ပါလက်ပါ လုပ်ချင်တာ ဘာလဲ ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်စိစစ်ကြည့်မိတယ်။နောက် 3 year ကြာတဲ့အခါ Steemit မှာ ငါရပ်တည်နေတဲ့ အောင်မြင်မှု နဲ့ အဆင့်က ဘယ်နေရာမှ လဲ ဆိုတာ ငါကြိုးစားမှု နဲ့သာ သက်ဆိုင် လိမ့်မယ်လို့  ခံယူရင်း
Original writer 📝 📝
MSC-115
💬 Welcome My Facebook💬
https://www.facebook.com/profile.php?id=100023285925717