တန်ဖိုးရှိတဲ့ အချစ်စစ်တခု
မင်းအတွက် လိုအပ်ချက်တွေကို
စိတ်ဆိုး စိတ်ကောက်တာက အစ
ငါမြင်နိုင်ပါတယ် ဖွင့်ပြောစရာမလိုပါဘူး
ငါ မင်းကို အချိန် တိုင်းဂရုစိုက်နေပါတယ်……
🆒🆒🆒🆒🆒🆒🆒🆒🆒🆒
လောကမှာ စိတ် မဆိုးဖူးတဲ့ ချစ်သူဆိုတာ
မရှိသလို နင် စိတ်ဆိုးခဲ့ရင်
ငါ မသိခဲ့ရင် ပြောပါဟာ ငါ မသိလိုက်ပဲ
စိတ်ဆိုးပြေသွားတာ ငါမလိုချင်လို့ ပါ
တို့ နှစ်ယောက် အချစ်တွေခိုင်မြဲဖို့ အတွက်
နင် စိတ်ကောက်တာလေးတွေက
တနေ့ မှာ အမှတ်တရလေးတွေအဖြစ်
ပြန်ပြောလို့  ရအောင်ပေါ့……
🆒🆒🆒🆒🆒🆒🆒🆒🆒🆒
နင် နဲ့ ငါသဘောထားမတိုက်ဆိုင်တဲ့ အခါ
တယောက် အပေါ် တယောက် နားလည်မှု တွေ နဲ့ 
အပြန်အလှန် အလျော့ပေးရင်
ပျော်ရွှင်တဲ့ ချစ်သူတွေ ဖြစ်မှာပါ……
🆒🆒🆒🆒🆒🆒🆒🆒🆒🆒
တို့ နှစ်ယောက်ခြားမှာ သဝန်တိုမှုတွေ နဲ့ အတူ
တစ်ဦး အပေါ်တစ်ဦး ယုံကြည်မှုတွေ နဲ့ 
သံယောဇဉ် တွေ တနေ့ ထက်တနေ့ 
ထပ်တူထပ်မျှ တိုးလာပြီနော်……
🆒🆒🆒🆒🆒🆒🆒🆒🆒🆒
တကယ်တော့ ………တို့ နှစ်ယောက်ကြားမှာ
ကတိတွေ မလိုအပ်ပါဘူး
အချစ်တွေ ခိုင်မြဲ နေဖို့ အတွက်
သစ္စာတရား ပဲ လိုအပ်တာပါ……………👫👫👫
📝ရေးသားသူ ဖြိုးဝေအောင်📝