တို့ နှစ်ယောက်ကြားက ကွာခြားမှု
နင် ဖုန်းမဆက်ပဲ နေနိုင်ပေမယ့်
ငါနင့်အသံကို မကြားရရင် မနေနိုင်ဘူး။
နင် လွမ်းတယ် လို့ တခါမှ မပြောပေမယ့်
ငါနင့်ကို လွမ်းတယ်လို့  အချိန်တိုင်း ပြောပါရစေ။
နင် ငါ့အတွက် စိုးရိမ်မှုမရှိပဲ နေနိုင်ပေမယ့်
ငါနင့်အတွက် အချိန်တိုင်း စိုးရိမ်ပူပန် နေမိတယ်။
နင့် အတွက် သဝန်တိုခြင်းဆိုတာ မရှိပေမယ့်
ငါ့ အတွက်သဝန်တို ခြင်းတွေ ရင်ထဲမှာအပြည့်ဖြစ်နေတယ်။
နင် ငါ့အပေါ် အလေးအနက်မထားပေမယ့်
ငါ့အတွက် နင်က အရာအားလုံးထဲမှာ ပထမပါ။
နင့် စိတ်ထဲမှာ ငါဆိုတာ ရှိဖို့ မသေချာပေမယ့်
ငါ့ ရင်ထဲမှာ နင် က အချိန် ပြည့် စိုးမိုးနေတာပါ။
စွန့် လွှတ်ဖို့ ဆိုတာ နင့် အတွက် လွယ်ပေမယ့်
ငါ့ အတွက်ကတော့ နင့်ကို စွန့် လွှတ်ဖို့ ထက်
ပိုပိုချစ်မိနေတာကို တားဆီးလို့ မရတော့ဘူး။
နင့်ကို ချစ်တဲ့ စိတ်တခုတည်းနဲ့ 
ငါဘယ်လောက်ပဲ နာကျင်ခံစားရပါစေ
ကပ်တွက်နေမိတာ
"" ငါ နင့်ကို တန်ဖိုးထား မြတ်နိုးမိလို့  ""
ရေးသားသူ ဖြိုးဝေအောင်