ယိုယွင်းနေသော မြန်မာ့ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရအောင်
"" Dream one Planet Consume With Care ""
တို့ ကမ္ဘာ ကြီးကို ထိန်းသိမ်းစောင့်ရှောက်စို့ 
ယနေ့ ခေတ် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုက ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးအတွက် အန္တရာယ် အကြီးဆုံး စိန်ခေါ်မှုကြီး တစ်ရပ် ဖြစ်လာပါပြီ။ ပတ်ဝန်းကျင် ညစ်ညမ်းမှုပေါင်းများစွာထဲက အဓိက အကြောင်းအရင်းတွေကတော့ ယာဉ်ယန္တရားများမှ ထွက်ရှိလာတဲ့ အခိုးအငွေ့ တွေကြောင့် ဖြစ်ပြီး၊ စက်ရုံ အလုပ်ရုံတွေက စွန့် ပစ် ပစ္စည်းတွေကို စနစ်တကျ မစွန့် ပစ်ခြင်း၊ ရေထု မြေထု လေထု တွေ ကို အဓိက ထိန်းသိမ်းပေးထားတဲ့ သစ်ပင် တောတောင် တွေကို မိမိတို့ ကိုယ်ကျိုးစီးပွားအတွက်အသုံးချပြီး ယိုယွင်းပျက်ဆီးအောင် ပြုလုပ်နေကြတာတွေကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကြီး က တနေ့ ထက်တနေ့  ကမ္ဘာကြီးအတွက် ကြီးလေးတဲ့ ဝန်ထုပ်ဝန်ပိုးကြီး တစ်ရပ်ဖြစ်လာပါပြီ။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုရာတွင် မည်သူ့မှာ ပိုပြီး တာဝန် ရှိသနည်း………????
ကျွန်တော် ကတော့ လူသားတိုင်းမှာ တာဝန်ရှိတယ်လို့  ခံယူထားပါတယ်။ ကျွန်တော် တို့ နေထိုင်တဲ့ ကမ္ဘာပေါ်က သဘာဝ ပတ်ဝန်းကျင်မှာ လူသားတွေ ရဲ့  ဥပက္ခာပြုမှုတွေ ကြောင့် အင်မတန် သနားစရာကောင်းတဲ့ အဖြစ်ကို ရောက်ရှိနေသလို သစ်တောတွေကလဲ သွေးကြောတွေ ဖြတ်တောက်ခံရတဲ့ လူတယောက်လို စိမ်းစိုမှုမရှိပဲ ခြောက်သွေ့ လို့ လာပါပြီ။ ခေတ်အဆက်ဆက်လူသားတွေရဲ့  ဒဏ်ကိုခံခဲ့ရတဲ့ သဘာဝ ပတ်ဝန်းကျင်က သူ့ဒဏ်ရာကို ပြန်မကုသနိုင်တော့တဲ့ အထိ သနားစဖွယ် အဖြစ်သို့ ရောက်ရှိနေပါပြီ။ကမ္ဘာ ကြီး ရဲ့ နှလုံးသား ဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ကို ကျွန်တော် တို့ စာနာစိတ်လေးမွေးပြီး တလှည့် ပြန်ချစ်ကြဖို့လည်းလိုအပ်နေပါပြီ။
သဘာဝလောကကြီးကသူကိုယ်တိုင် အကောင်းပကတိပြန်မဖြစ်သေးတဲ့အချိန် မှာ လူသားတွေပေးတဲ့ အနာတရတွေကို ထပ်ခါထပ်ခါ ခံစားနေရတော့ လူသားတွေကို ပြန်ပြီး ခြိမ်းခြောက်လာနေပါပြီ။ မုန်တိုင်းတွေဖြစ်ပေါ်လာတာ ရေကြီးခြင်း မြေပြိုခြင်း ငလျင်လှုပ်ခြင်း ရာသီဥတုဖောက်ပြန်ခြင်းတွေဖြစ်ပေါ်လာတာဟာ သဘာဝလောကကြီးက ခေါင်းငုံ့ မခံဘူးဆိုတာကို လူသားတွေအနေနှင့်ခက်ခဲစွာပင် ခါးစည်းကြုံခဲ့ရပြီလေ။
နာဂစ်မုန်တိုင်း ကြောင့် ပျက်စီးဆုံးရူံးမှုများ...
မြန်မာနိုင်ငံမှာ ရာသီဥတုပြောင်းလဲမှုကြောင့် သမိုင်းတစ်လျှောက် ဆုံးရှုံးမှုအများဆုံး ပျက်စီးမှုအများဆုံးဖြစ်ခဲ့တဲ့ ၂၀၀၈ ခုနှစ် မေ ၂ရက်မှာ တိုက်ခိုက်ခဲ့တဲ့ နာဂစ်မုန်တိုင်းကို မှတ်မိကြမယ်ထင်ပါတယ်။ သဘာဝ ပတ်ဝန်းကျင်ကို မထိန်းသိမ်း မပြုပြင်ခဲ့တော့ ရာသီဥတု ဖောက်ပြန်တဲ့အခါ ကျွန်တော် တို့ အတွက် မျှော်လင့်ချက်တွေ စီးပွားရေးလုပ်ငန်းတွေနဲ့ ကလေးတွေရဲ့  အနာဂတ်ပညာရေးတွေလည်း မှေးမှိန်ခဲ့ရပါသည်။
အမရပူရ တောင်တမန်အင်း အနောက်တောင်ခြမ်း ၊ စစ်ကိုင်း - တံတားဦး လမ်းနံဘေး( ရေကြီး နေသော မြင်ကွင်း)
ယခုအခါ ယိုယွင်းနေတဲ့ သဘာဝ ပတ်ဝန်းကျင်ကို လူသားတွေ အနေနဲ့  သတိပြုမိအောင် ဇွန်လ ၅ ရက်နေ့ ရောက်တိုင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အဖြစ် သတ်မှတ်ပြီးတော့ ကမ္ဘာ့ မြေထု လေထု ပျက်ဆီး ယိုယွင်းခြင်းတွေကို ကာကွယ်ရန် နှိုးဆော်တိုက်တွန်းလေ့ရှိပါသည်။ကမ္ဘာ မြေပေါ်က သစ်ပင်တွေ အလွန်အကျွံ ခုတ်လှဲခြင်းတွေ စက်ရုံအလုပ်ရုံတွေကထွက်ရှိတဲ့အမှိုက်တွေကို စည်းကမ်းမဲ့ စွာ စွန့် ပစ်နေခြင်းတွေကလဲ သဘာဝပတ်ဝန်းကျင်ကြီးကို ပျက်ဆီးစေပါသည်။သဘာဝ ဘေးအန္တရာယ်ဆိုတာ မည်သူမျှ ကြိုတင် မသိနိုင်တာမို့  ကျွန်တော် တို့ တွေ အနေနဲ့ အမြှော်အမြင်ရှိရှိ နဲ့  နောက်မျိုးဆက်သစ်တွေ အတွက် မျှော်ကိုးပြီး သဘာဝပတ်ဝန်းကျင် ကို ပြုပြင်ထိန်းသိမ်းသွားရတော့မှာပါ။
တန်ဖိုးမဖြတ်နိုင်တဲ့ သဘာဝ ပတ်ဝန်းကျင်အလှ
သင့်အနေနဲ့ ဘ၀မှာတန်ဖိုးထားရတဲ့အရာတွေကိုအမြတ်တနိုးထိန်းသိမ်းပြီးကာကွယ်စောင့်ရှောက်သလိုမျိုး
ကျွန်တော်တို့မြန်မာနိုင်ငံကြီးရဲ့ သဘာဝပတ်ဝန်းကျင်ကြီးကိုလဲအဖိုးမဖြတ်နိုင်တဲ့ရတနာ သဖွယ် ပကတိအတိုင်း ထိန်းသိမ်းစောင့်ရှောက်သွားကြရအောင်လားဗျာ။ ။
Credit :google photo
MSC-115