နိုင်ငံတကာ ငွေပို့ငွေလွှဲ ကုမ္ပဏီကြီးဖြစ်တဲ့ Western Union ဟာ ဖိလစ်ပိုင်နိုင်ငံက Coins.ph crypto wallet နဲ့ ပူးပေါင်းပြီး ဖိလစ်ပိုင်နိုင်ငံအတွက် ငွေပို့ငွေလွှဲ ပိုမိုအဆင်ပြေအောင် ဆောင်ရွက်ခဲ့ပါတယ်။ Coins.ph crypto wallet ဟာ အသုံးပြုသူ ၅ သန်းကျော်ရှိပြီး Western Union နဲ့ ပူးပေါင်းလိုက်တဲ့အတွက် ဖိလစ်ပိုင်နိုင်ငံအတွက် တောရောမြို့ပါ ဝန်ဆောင်မှုပေးနိုင်တော့မှာပါ။ Western Union နဲ့ ပို့လိုက်တဲ့ ငွေတွေဟာ အသုံးပြုသူရဲ့ Coins.ph wallet ထဲကို ရောက်ရှိသွားမှာပါ။ ဒီလိုနဲ့ ကမ္ဘာ့ ဘယ်နိုင်ငံမှမရွေး ဖိလစ်ပိုင်ကို ငွေလွှဲနိုင်မှာပါ။ ဖိလစ်ပိုင်နိုင်ငံ လူဦးရေရဲ့ ၁၀ သန်းခန့်က နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့အတွက် ငွေပို့ငွေလွှဲ စျေးကွက်က ကြီးမားပါတယ်။ ဖိလစ်ပိုင် ဗဟိုဘဏ်ရဲ့ အဆိုအရ တစ်လကို နိုင်ငံခြားမှ မိသားစုများထံ ပြန်ပို့ငွေ ဒေါ်လာ ၂.၇ ဘီလျံခန့် ရှိတယ်လို့ ဆိုပါတယ်။ ဒါကလည်း နှစ်စဥ် ၃ ရာခိုင်နှုန်း တိုးလာနေတာပါ။
Zawgyi
Coins.ph ဖိလစ္ပိုင္ crypto wallet နဲ႔ Western Union တို႔ ပူးေပါင္း
ႏိုင္ငံတကာ ေငြပို႔ေငြလႊဲ ကုမၸဏီႀကီးျဖစ္တဲ့ Western Union ဟာ ဖိလစ္ပိုင္ႏိုင္ငံက Coins.ph crypto wallet နဲ႔ ပူးေပါင္းၿပီး ဖိလစ္ပိုင္ႏိုင္ငံအတြက္ ေငြပို႔ေငြလႊဲ ပိုမိုအဆင္ေျပေအာင္ ေဆာင္႐ြက္ခဲ့ပါတယ္။ Coins.ph crypto wallet ဟာ အသုံးျပဳသူ ၅ သန္းေက်ာ္ရွိၿပီး Western Union နဲ႔ ပူးေပါင္းလိုက္တဲ့အတြက္ ဖိလစ္ပိုင္ႏိုင္ငံအတြက္ ေတာေရာၿမိဳ႕ပါ ဝန္ေဆာင္မႈေပးႏိုင္ေတာ့မွာပါ။ Western Union နဲ႔ ပို႔လိုက္တဲ့ ေငြေတြဟာ အသုံးျပဳသူရဲ႕ Coins.ph wallet ထဲကို ေရာက္ရွိသြားမွာပါ။ ဒီလိုနဲ႔ ကမာၻ႔ ဘယ္ႏိုင္ငံမွမေ႐ြး ဖိလစ္ပိုင္ကို ေငြလႊဲႏိုင္မွာပါ။ ဖိလစ္ပိုင္ႏိုင္ငံ လူဦးေရရဲ႕ ၁၀ သန္းခန္႔က ႏိုင္ငံျခားမွာ အလုပ္လုပ္ေနၾကတဲ့အတြက္ ေငြပို႔ေငြလႊဲ ေစ်းကြက္က ႀကီးမားပါတယ္။ ဖိလစ္ပိုင္ ဗဟိုဘဏ္ရဲ႕ အဆိုအရ တစ္လကို ႏိုင္ငံျခားမွ မိသားစုမ်ားထံ ျပန္ပို႔ေငြ ေဒၚလာ ၂.၇ ဘီလ်ံခန္႔ ရွိတယ္လို႔ ဆိုပါတယ္။ ဒါကလည္း ႏွစ္စဥ္ ၃ ရာခိုင္ႏႈန္း တိုးလာေနတာပါ။