Live as if you were to die tomorrow. Learn as if you were to live forever.
မနက်ဖြန်တွင် သေရတော့မည့် လူတစ်ယောက်ကဲ့သို့ အသက်ရှင်နေထိုင်ပါ။ ထာဝရ အသက်ရှင်သန်နေမည့် လူတစ်ယောက်ကဲ့သို့ လေ့လာမှတ်သားပါ။
Darkness cannot drive out darkness: only light can do that. Hate cannot drive out hate: only love can do that.
အမှောင်ထုက အမှောင်ကို မဖယ်ရှားနိုင်ဘူး။ အလင်းရောင်ကသာ ဖယ်ရှားနိုင်တယ်။ အမုန်းတရားက အမုန်းကို မဖယ်ရှားနိုင်ဘူး။ မေတ္တာတရားကသာ ဖယ်ရှားနိုင်တယ်။
The fool doth think he is wise, but the wise man knows himself to be a fool.
ရူးသွပ်သူ တစ်ယောက်က သူ့ကိုယ်သူ ပညာရှိသူလို့ ထင်တယ်။ ပညာရှိသူကတော့ သူ့ကိုယ်သူ အရူးဖြစ်ကြောင်း သိနေတယ်။
We are all in the gutter, but some of us are looking at the stars.
ကျွန်တော်တို့ အားလုံးက မြောင်းထဲမှာ နေထိုင်တာပါ။ ဒါပေမဲ့ တစ်ချို့ကတော့ ကြယ်တွေကို မော့ကြည့်တတ်တယ်။
Yesterday is history, tomorrow is a mystery, today is a gift of God, which is why we call it the present.
မနေ့ဆိုတာက သမိုင်းပါ။ မနက်ဖြန်ဆိုတာက လျှို့ဝှက်ဆန်းကြယ်မှု။ ယနေ့ကတော့ ဘုရားသခင်ရဲ့ လက်ဆောင်။ ဒါကြောင့်မို့ လက်ရှိအချိန်လို့ ခေါ်ဆိုကြတာပဲ။