စတီးမစ် မြန်မာအားလုံး မင်္ဂလာပါ ခင်ဗျာ။ယနေ့ဟာဖြင့် ဗုဒ္ဓ ဘာသာဝင်တို့ ၏ နေ့ထူးရင်မြတ် တစ်နေ့ဖြစ်သော ကဆုန်လပြည့်နေဖြစ်ပါသည်။ ထို့နေ့အတွက် ဘုန်းကြီးကျောင်းတွင်သာ ကျွန်ုပ်၏ အချိန်ကို ကုန်ဆုံးစေခဲ့ပါသည်။
အုန်းပင် မဟာသကျမုနိ သံတန်ဆောင်တော်ကြီးအား ၁၂၆၈ ခုနှစ်တွင် ဒါယကာကြီး ဦးဖက် ဒါယကာမကြီးဒေါ်ရှမ်းမတို့မှ အပြီးသတ်ဆောက်လုပ်လှူဒါန်းခဲ့လေသည်။ မဟာသကျ မုနိဘုရားကြီး၏ ဥာဏ်တော် အမြင့်ပေမှာ ၃၄ပေရှိပြီး ၄င်း နှစ်အတွင်း ကိုယ်တော်ကြီးတည်ထားခဲ့ပါသည်။
သံတန်စောင်းတော်ကြီးအတွင်း ဘုရားကြီး၏ နောင်ဖက်ပတ် လည်တွင်လည်း ရုပ်ပွားတော်များ တည် ထားပါသေးသည်။ တန်ဆောင်းထဲသို့ဝင် ဝင်ချင်း အဝတွင်တော့ ထူးဆန်းစွာ ရွှေဖား/ငွေဖားကြီးနှစ်ကောင် ဖူးမျှော်နေသည် ကိုလည်း တွေ့နိုင်ပါသည်။လစဉ် ၁၂ လရာသီပွဲတော်များလည်း လစ်ဟင်းသည်မရှိအောင် ကျင်းပပူဇော်ကြသည်။
မဟာသကျမုနိ ဘုရားကြီး (၃၀)ကြိမ်မြောက် မြို့လုံးဆိုင်ရာ အသံမစဲ မဟာပဠာန်း ရွတ်ဖက်ပူဇော်ပွဲကြီးနှင့် ၁၃၇၉ခု ကဆုန်လပြည့်နေ တိုက်ဆိုင်၍ ကျွန်ုပ်တို့၏ မြို့ကျက်သရေ ဆောင်တစ်ခုဖြစ်သော အုန်းပင်မဟာသကျမုနိ သံတန်ဆောင်း တော်ကြီး အတွင်း သံဃာတော်များ၊ အလှူရှင်များနှင့် ဧည့်သည် များစည်ကားလျက်။
မတ်ဗုဒ္ဓ၏ မွေးနေ့ဖြစ်သော ကဆုန်လပြည့်နေတွင် အလှူရှင်များ စိတ်အားထက်သန်စွာဖြင့် အလှူအတန်းများ အစုစုပြုကြပေသည်။ ရသာမွန် မုန့်တိုက်ပိုင်ရှင် ကိုကျော်ကျော်အောင်+မခင်လေးမြင့်တို့မှလည်း မြတ်ဗုဒ္ဓ မွေးနေ့ကိတ် နှင့် သစ်သီးစုံတို့အား ဆပ်ကပ်လှူဒါန်းကြပေသည်။
ပဠာန်းရွက်ဆိုပွားများကြသော သံဃာတော်များအား အလှူရှင် မြို့သူမြို့သားအပေါင်းတို့မှ လိုအပ်သည်မရှိအောင် လှူဖွယ် ဝထ္ထုအစုစု တို့ကို လှူဒါန်းကြသည်။ ကျွန်ုပ်တို့ကျောင်းသားများ ကလည်း ပဠာန်းရွက်ဆိုကြသော သံဃာတော်များ၏ ဝေယျာ ဝစ္စအား ညလုံးပေါက်စောင့်၍ ပြုခဲ့ကြသည်။
နှစ်စဉ် နှစ်တို်င်း ပြုလုပ်ကြမြဲ ဖြစ်သော ကဆုန်လပြည့်နေ့ (ယနေ့)တွင်လည်းဘေးအန္တရာယ်များကင်းစေကူမူ မြိုးအတွင်း မြို့အပြင် လည်လယ်၍ သံဃာတော်များဦးဆောင်၍ ရွက်ဖက်ပူဇော်ခဲ့ကြပါသေးသည်။ လမ်းတစ်လျောက် မြို့သူ မြို့သားများမှလည်း အအေးများ ဝထ္ထုငွေများ ကပ်လှူပူဇော်
ကြပေသည်။
ကျွန်ုပ်လည်း ကဆုန်လပြည့်နေ့ ဈေးပိတ်သည်နယ် အလုပ်နားရက်ဖြစ်သောကြောင့် ကျောင်းဝေယျာဝစ္စများ ဝိုင်းကူလုပ်ပေးရင်း မြို့ပတ် ပဌာန်းရွက်ဆိုကြရာတွင် လိုက်ပါ အလှူခံပေးခြင်းတို့ဖြင့် ယနေ့တစ်နေတာအား အလုပ်ပေးလိုက်ပါတော့သည်။
ခင်မင်လေးစားစွာဖြင့် ဖြိုဇော်ဦး ကျုံမငေး
Writing by phyozawoo
Hive account@phyozawooburmes
MSC-071